အားလုံး သိကြတဲ့အတိုင်းပဲ…အစိုးရသည် ယခု အခါမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ ့တိုက်ပွဲများပြင်းထန်လျှက်ရှိပါတယ်..မြောက်ဖက်မှာ KIO/KIA နဲ ့တိုက်ပွဲတွေ ပြင်းထန်နေသလို ပဲ ..အရှေ ့ဖက်ခြမ်းမှာလည်း ရှမ်းနှစ်တပ်  RCSS/SSA , SSP/SSA တို ့ကိုလည်း ခနခန (ငြိမ်းချမ်းရေးယူပြီးပြီဆိုသော်လည်း) ထိုးစစ်များဆင်လျှက်ရှိပြီး..ကရင်နီတပ် တွေရဲ ့ပိုင်နက်ထဲမှာ လည်း တင့်ကားတွေထားပြီးပါပြီ..ပြီးတော့ မသေချာတဲ ့သတင်းတစ်ခုပေါ့လေ.. ဝတပ်မတော်အတွက်လည်း အမြဲတမ်း စစ်တပ်ကို stand by ရှိနေစေတယ်လို ့ဆိုပါတယ်…မြန်မာ တပ်မတော်သည် အရှေ ့တောင်အာရှမှာ. တော်တော်စုပ်ပြတ်သတ်နေတဲ ့တပ်မတော်ဆိုပေမဲ ့လည်း..လူသူအင်အားတောင့်တင်းကာ အတွေ ့အကြုံများလှတာတော့ မငြင်းနိုင်ပါဘူး..တပ်တွင်းမှာ တပ်မတော်သားတွေ ရဲ ့မကျေမနပ်တွေ ရှိတယ်လို ့ကြားနေရသော်လည်း..သူတို ့တွေသည် ယနေ ့တိုင် အထက်အမိန် ့ကို ဦးလည် မသုန် နာခံနေဆဲပါ..ပြီးတော့..စစ်လက်နက်ဆိုင်ရာတွေကိုလည်း စစ်အစိုးရလက်ထက် ကတည်းက..ဖြည့်တင်းလာလိုက်တာ.(မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ ကာကွယ်ရေးဆိုင်ရာမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတယ်).အခုအထိပါ..အဲတော့ ကျွန်တော်ပြောချင်တာက မြန်မာ တပ်မတော်သည်..တိုင်းရင်းသားတပ်တွေနဲ ့အမြဲလို တိုက်ခိုက်လာခဲ့ပေမဲ ့..ဘယ်တော့မှ..သူတို ့တွေရဲ ့ ဌာနချူပ်တွေကို မသိမ်းပိုက်ခဲ့ပါဘူး..အမြဲတမ်း စစ်ကို ရှည်ရှည်စွဲပြီးတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်..ဘာလို ့အဲလို ကြာကြာကြီး အကုန်အကျခံပြီးတိုက်နေတာလည်းမသိဘူးဗျာ..သူတို ့မှာ အချိန်ကန် ငွေကုန် လူပင်ပန်းနဲ ့..အဲတော့(ကျွန်တော်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ချေမှုန်းစေချင်လို ့လုံးဝ ဟုတ်ပါဘူးဗျာ.သူ ့တို ့ရဲ ့ရည်ရွယ်ချက် ကို လုံးဝနားမလည်နိုင်လို ့ပါ)  ကျွန်တော် မေးခွန်းလေးတွေမေးချင်လို ့ပါခင်ဗျာ..တပ်မတော်ရဲ ့တိုင်းရင်းသားတွေကို အပြီးတိုင် မတိုက်ခိုက်ရခြင်းရဲ ့အကြောင်းအရင်းက

၁.တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ ့များသည် တပ်မတော်ထက် တိုက်ရည်ခိုက်ရည်ထက်မြက်လို ့(မျိုးချစ်စိတ်ဓာတ်ပို များလို ့)

၂.တပ်မတော်ရဲ ့စစ်ရေးလေ့ကျင့်မှု အဖြစ် လက်နက်ကိုင်တပ်ဖွဲ ့များနှင့် အမြဲထိတွေ ့မှု ရှိနေစေဖို ့(တပ်မတော်သုံး လက်နက်များ ရဲ ့စွမ်းရည်ကို စစ်ဆေးဖို ့)

၃.တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ ့များသည်  နိုင်ငံရေးအမြင်ရှိကာ..နိုင်ငံတကာနှင့် အလွန်ကောင်းသော ဆက်ဆံရေးတွေရှိနေလို့.

၄.မြန်မာ ့တပ်မတော် မှ တိုက်ရည်ခိုက်ရည် နှင့် စစ်သည်များ၏ စိတ်ဓာတ်မှာ အလွန်အမင်း ကျဆင်း ဆုတ်ယုတ်လာလို ့

၅.မြန်မာ အစိုးရမှ လက်နက်ကိုင်တပ်ဖွဲ ့များအား နိုင်ငံရေးနယ်ရုပ် များ အဖြစ်သတ်မှတ်ကာ.. နိုင်ငံရေး အကျဉ်းအကျပ်ရှိတိုင်း ထိုးကျွေးနိုင်ဖို ့

၆.မြန်မာ ့တပ်မတော်မှာ တိုင်းရင်းသား များ အား ညီအစ်ကိုရင်းပမာ သဘောထားလို ့

၇.အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ ့များ၏ခေါင်းဆောင်များကြား..သဘောတူညီချက်များ ရှိနေလို ့

၈.  တပ်မတော်မှ ထိုးစစ် ဆင်ချင်လှသော်လည်း  အိမ်နီးချင်းနိုင်ငံများအား ကြောက်ရွ ံ့လို ့

၉. တပ်မတော်မှ တိုင်းရင်းသား တပ်ဖွဲ ့များအား အပြီးအတိုင် တိုက်ခိုက်နိုင်သည့်စွမ်းရည်မရှိသောကြောင့်..ရှက်ရမ်းရမ်းသလိုနှင့် ငါတို ့တိုက်နီုင်တယ်ဆို သည့် သဘောဆောင်ကာ….ဆက်လက် တိုက်ခိုက်နေစေလို ့

စသည် ဖြင့် နည်းနည်းလေး ဘက်မလိုက်ဘဲ စဉ်းစား ကြည့်ကြပါခင်ဗျား

About hein htet

hein htet has written 1 post in this Website..