Blacks comprise 12.2 percent of the nation’s population, but you wouldn’t know it in the 100-member Senate. Come next year, the total number could add up to zero.
..
http://www.fox11az.com/news/national/83622972.html

ဒီနေ့သတင်းတွေဖတ်ရင်း အပေါ်က စာကြောင်းကို ကုဒ်လုပ်ပြီး လိုက်တွေးမိပါတယ်။
သေသေချာချာစဉ်းစားတော့ ဂီတလောကမှာ အမည်းတွေ လွမ်းမိုးတာများပါတယ်။ ဥပမာ ဒီနှစ်ဂရမ်မီဆို ၊ ဖီယော့စီ က အများဆုံးယူသွားတာပဲ။ နောက် ဂျေးဇီ။
ရက်ပ် တွေလည်း အမည်းတွေ တီထွင်တာပဲ။
အားကစားလောက …. ပြောစရာတောင်မလိုတော့ပါဘူး။ အခုတနင်္ဂနွေမှာ လုပ်မဲ့ စူပါဘော ကြည့်ရင် သိသာပါတယ်။ ဒါက အမေရိက ရဲ့နံပါတ်တစ် အားကစားလေ။
နောက် ဘက်စကက်ဘော။ ..ကုန်ကုန်ပြောရရင်… အဖြူတွေတောက်လျှောက်လွှမ်းမိုးခဲ့တဲ့ ဂေါ့ဖ်တောင် တိုက်ဂါးဝုဒ်လေ…။ တင်းနစ်ရိုက်တာမှာလည်း အဖြူမလေးတွေ လွင့်နေအောင်ရိက်တာတွေကနေ အခု အမည်း မိန်းကလေးတွေ တွေ့နေရပါပေါ့လား..။
ဆိုတော့..
အမည်းတွေက ခန္တာကိုယ်နဲ့ပါတ်သက်တဲ့။ စွမ်းအားစွမ်းအင်နဲ့ပါတ်သက်တာတွေမှာ အဖြူတွေ၊ အ၀ါတွေထက်သာတယ်ပေါ့။ ဒီလိုထင်ခဲ့တာပါ။
အခု အပေါ်က သတင်းထဲက စာလေးတကြောင်းကြောင့် တော်တော် အံ့သြသွားမိပါတယ်။
အမေရိကမှာ အမည်းက ၁၂.၂ ရာနှုန်းပဲ ရှိတာကလား။ အမေရိကလူဥိးရေက သန်း ၃၀၄ ကျော်ကျော်..။
ဦးနှောက်အသုံးရဆုံးဖြစ်တဲ့ နိုင်ငံေ၇းခေါင်းဆောင်။ ဥပဒေပြုသူတွေမှာ အမည်းတွေ ပါလာနေတယ်ဆိုရမှာပါပဲ။ လက်ရှိသမ္မတ အိုဘားမားကလည်း အမည်းနွယ်ဖြစ်နေတာကိုး..။
ပြောရရင် တရားသူကြီးနေရာမှာလည်း အမည်းတွေ များတာ သတိထားမိပါတယ်။အခုတင် တီဗီကြည့်နေတာ တရားသူကြီးက အမည်းပဲ။ အမည်းတရားသူကြိ့းဆို ပိုပြီး ပြတ်ပြတ်သားသား လုပ်မဲ့ဟန် မြင်ရတယ်ထင်မိတာပဲ..။

ထပ်ပြောရရင် အိမ်ခြေမဲ့တွေ။ လုယက်ဆိုးသွမ်းသူတွေမျာလည်း အမည်းတွေများတယ် သတင်းတွေမှာ ပြနေတာ သတိထားမိတာပါပဲ။
ဒါဟာ ဘာကို ပြသလည်းဆိုတော့…. အမည်း တွေဟာ တန်းတူအခွင့်အရေးရရင်(ဥပမာ – အမေရိကနိုင်ငံမှာ နေရရင်) တခြားအနွယ်တွေထက်  ပို(စွမ်း)သာနိုင်တယ်၊ အစွန်းနင်းတတ်တယ်လို့ ကောက်ချက်ဆွဲမိတာပါပဲ။

ဖတ်ဖူးသတလာက် စာတွေအရတော့ လူသားအနွယ်ဟာ အခု အာဖရိကတိုက်-အီသီယိုးပီးယား နိုင်ငံနေရာကစခဲ့တယ်ဆိုပါတယ်။ လူသားရဲ့ မူရင်းမူလ ဟာ အခုအာဖရိကန်( အမည်း) တွေ ပုံပါ။
ဒါပေမဲ့ တချို့ ဆန်းစစ်ချက်တွေမှာတော့ အဖြူတွေဟာ အာခေါင်အိုး ပိုကျယ်ပြီး ဘာကဘယ်လိုဖြစ်လို့ ဆိုလား ပိုပြီး စွမ်းတယ် (သာတယ်)ဆိုပါသတဲ့။( လေ့လာတဲ့ သိပ်ပံပညာရှင်တွေက အဖြူတွေဖြစ်လို့ လားတော့မသိ)။
အ၀ါတွေဖြစ်တဲ့ အေရှန်တွေကတော့ ရှေးတုန်းက ပြင်သစ်လား၊ အီတလီလား ကာတွန်းတခုမှာ တရုတ်တယောက် သု့ဦးနှောက်သူရောင်းတယ်ဆိုပြီးတောင် သရော်ရလောက်အောင် တုံး(အ)တယ်ပြဖူးပါတယ်။ လွန်ခဲ့တဲံ နှစ်ရာချီကြာနေတဲ့ ကာတွန်းတခုမှာပါ။

အသားအရောင်တွေနဲ့ ခွဲပြီး လူမျိုးခွဲခြားစိတ်နဲ့ ရေးနေတာမဟုတ်ရပါ။
အတုယူလေ့လာဖို့  သိမြင်ဗဟုသုတ ရဖို့ သုံးသပ်ချက်ချကြည့်နေတာသာ ဖြစ်ပါတယ်ခင်ဗျား။
စာဖတ်သူကရော…ဘယ်လိုမြင်ပါသလည်း..။

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.