ပြောချင်တာက ဆဲခြင်းအကြောင်းပါ….

ဆရာ လုပ်တာမဟုတ်ပါဖူး…. ရင်ထဲရှိသမျှ ရေးမိတာပါ…..

မှားတာရှိရင် တောင်းပန်ပါတယ်….. ဘယ်သူ့ ကိုမှ မရည်ရွယ်ပါဖူး….

ဆဲတယ်ဆိုတာ ကောင်းလား…. ဆဲခြင်းသည် ဒေါသရဲ့အစ…. ဒုက္ခကို ခေါ်သောအရာလို့  ပြောကြတယ်…..

ဆဲခြင်းသား နားမ၀ံ့သာဖူး… မကောင်းဖူး…..

ဆဲခြင်း အမျိုးမျိုးရှိသတဲ့…..

ဆဲခြင်းသည်  ကျန်းမာရေးကိုကောင်းစေသတဲ့ အဲ့လိုများပြောရင် ဆဲတာမကောင်းဖူးလို့  ပြောတဲ့ ဒီမိုရွာသားများ အမြင်များကတ်မလားမသိဖူး…..

ဟုတ်ကဲ့ ဆဲတာ တခါတလေ ကောင်းပါတယ်….

ဆဲတာ သည် မကောင်းသော စကားပါ… လက်ခံပါတယ်…..

ဒါပေမယ့် တနေ့ တာ ပင်ပန်းလာသမျှ ဂီမ်းဆိုင်လေးဝင်ပီး ဆဲလိုက်ရမှ နေကောင်းသွား တာမျိုးလည်းရှိသဗျ….

ရီးစားပူမိနေသလား…. စီးပွားပူမိနေသလား… ရင်ထဲမှာပူနေသလား….

ကာရာအိုကေဆိုင်သွား ဆဲကြသလို … အရက်ဆိုင်သွားပီးလည်း ဆဲတက်ကြပါတယ်…. ဂိမ်းဆိုင်လား ဆဲတာမှ အသားကုန်ပေါ့…..

ပြောချင်တာက ဆဲတာကို ကောင်းတယ်လို့  မဆိုလိုပါဖူး…..

ဆဲတာရဲ့ နောက်ကွယ် မှာ ကိစ္စလေးတွေရှိပါတယ်……….

ဆဲတာကို မကောင်းဖူး မဆဲရဖူးလို့  တားမယ့်အစား ဘာကြောင့် ဆဲတာလဲ ဘာဖြစ်လို့  ဆဲတာလဲ သိအောင် စုံစမ်းပီး လမ်းပြသင့်ပါတယ်……

ဒါပေမယ့် သိပ်စိတ်ညစ်တဲ့အချိန်မှာ ဆဲခြင်း အော်ခြင်း ပေါက်ကွဲခြင်းဟာ အင်မတန် ကောင်းတဲ့နည်းလမ်းမှန်း စိတ်ညစ်ဖူးသူတိုင်းသိမှာပါ…..

လူတိုင်းတော့ မဆိုလို့ ပါဖူး…. တချို့  တချို့ ပေါ့…..

ဆဲတာကို ဆဲရကောင်းမလားလို့  တားတာဟာ ကလေး ကို သဲနဲ့ ဆော့ရကောင်းမလားဆိုပီး လှိမ့်ရိုက်တက်တဲ့ မိဘမျိုးနဲ့  တူပါတယ်…..

 

လေးစားလျက်

တိမ်မည်း

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........