ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတစ်ခုကြောင့် အတွေးနယ်ချဲ့ရင်းနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ။  တစ်ခါမှ မရေးဖူးလို့ အရေးအသား ပြေပြစ်မှုမရှိတာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်၊

သင် ဘဝကြင်ဖော် ရှာတော့မည်ဆိုလျှင်

၁. ကိုးကွယ်ရာ ဘာသာတူ ဖြစ်ရမည်

(ဘာသာကွဲယူမိပါက နောင်အချိန်တွင် စိတ်ညစ်စရာများနှင် ့ကြုံတွေ့နိုင်သည်။ မိမိမွေးလာသော

ကလေးအပေါ်တွင်လည်း စိ်တ်ရှုပ်စရာများ၊ အခက်အခဲများကြုံတွေ့နိုင်သည်။)

 

၂. အကျင့်စာရိတ္တကောင်းမွန်ရမည်

(အကျင့်စာရိတ္တ မကောင်းသူကို ယူမိပါက မိမိသာလျှင် တသက်လုံး စိတ်ဆင်းရဲရမည် ဖြစ်သည်)

 

၃. ရုပ်အဆင်းအဂ်ါပြေပြစ်ရမည်

( လက်ထပ်ပြီး နှစ်အနည်း ကြာလာပါက တစ်ယောက်နှင့်တစ်ယောက် ရိုးအီသွားမည်ဖြစ်သည်။

မိမိကြင်ဖက်ကို မြင်လိုက်သည်နှင့် စိတ်ချမ်းသာမှုရှိနေရမည၊် ရုပ်ဆိုးပါက မိမိသာလျှင် စိတ်ညစ်ရမည်

ဖြစ်သည်။)

 

၄.  ပညာတတ်ဖြစ်ရမည်

( မိမိ၏ ပညာအဆင့်အတန်းထက် မနိ်မ့်သောသူ ဖြစ်ရမည်၊ ပညာမဲ့သူဖြစ်ပါက မိမိ၏ အတွေးအခေါ်ကို

သူနားမလည်နိုင်သလို သူ၏ အတွေးအခေါ်များသည်လည်း ကိုယ့်အတွက် အချည်းနည်း ဖြစ်လိမ့်မည်။

ကြာလာလျှင် မိမိကြင်ဖက်အပေါ် အထင်အမြင် သေးသွားပေလိမ့်မည်။)

 

၅. လုံလောက်သော စီးပွားဥစ္စာ ရှာဖွေနိုင်စွမ်း ရှိရမည်

(အထက်ပါ အချက်များနှင့် မည်မျှပင် ကိုက်ညီစေကာမူ စီးပွားဥစ္စာ ရှာဖွေနိုင်စွမ်း မရှိပါက အသိုင်းအဝိုင်းတွင် မျက်နာ ငယ်ရမည်၊ သူများစားချိန်၊သုံးနေချိန်တွင် မိမိမှာ   ထိုသူများဆီမှ မျက်နာငယ်နှင့် ချေးငှားသုံးစွဲ ရလိမ့်မည်၊ မိမိသားသမီးများ ချို့တဲ့စွာ ကြီးပြင်းရလိမ့်မည်၊ သူတပါး၏ နှိမ်ချဆက်ဆံခြင်းကို ခံရမည်။)

 

၆. မျိုးရိုးကောင်းမွန်ရမည်

(မိမိ ဘဝကြင်ဖော် အဖြစ်ရွေးချယ်မည့်သူ၏ မျိုးရိုးသည် နာမည်ပျက်မရှိသူ ၊ လူမျိူးရေး ဘာသာရေး အရှုပ်အရှင်းကင်းသူဖြစ်ရမည်။ သို့မဟုတ်ပါက မိမိ သားသမီးများ၏ ဘဝတွင် ထိုအရိပ်မည်းကြီးများ ကပ်ပါလာပြီး စိတ်ညစ်စရာများ၊ အနှောက်အယှက်များနှင့် ကြုံတွေ့ရမည် ဖြစ်သည်)

 

၆. မိမိ၏  မိသားစု အသိုင်းအဝိုင်း နှင့် လိုက်လျောညီထွေစွာ နေနိုင်ရမည်

(လက်ထပ်ပြီးသည့်အခါ မိ်မိအသိုင်းအဝိုင်းနှင့် သူ၏အသိုင်းအဝိုင်း နှစ်ခု ပေါင်းစပ်သွားမည် ဖြစ်သည်၊

အကယ်၍ စရိုက်ခြင်း မတူပါက မလိုလားအပ်သော စိတ်ဆင်းရဲမှုများ၊ အဆင်မပြေမှုများ  ကြုံတွေ့နိုင်သည်။)

 

ရ. မိမိအား အမြဲတစေ ချစ်ခင်ကြင်နာပြီး စိတ်ပျော်ရွှင်အောင် ထားနိုင်သူဖြစ်ရမည်

(အထက်ပါ အချက်များနှင့် ပြည့်စုံသော်လည်း မိမိအား ချစ်ခင်ခြင်းမရှိ၊ စိတ်ပျော်ရွှင်အောင်

ထားနိုင်ခြင်းမရှိပါက လက်ထပ်သည်မှာ အချည်းနှည်းပင်ဖြစ်သည်၊)

 

တွေးမိသလောက် ရေးလိုက်တာပါ။ ရွာသူ/သားများ အနေနဲ့လည်း အမြင်မတူတာများ ရှိပါက

ကော်မန့်များမှာ ဖြည့်စွက်ပြီး ရေးစေချင်ပါတယ်။ ရွာထဲက သဘာရင့်၊ ဝါရင့်များရဲ့ ဆွေးနွေးချက်များကို

စိတ်ဝင်တစား စောင့်မျှော်လျှက်..

 

Arkar11

Sept ’12

 

About Arkar11

. . has written 1 post in this Website..