ကဲဒီနေတော့ ကရင်တာလဘော့ဟင်းလေးချက်မယ်

ပါဝင်ပစ္စည်းတွေကတော့

ငါးခူ                -၂ ကောင် (သို့) ငါးဖယ်ခြစ်  တစ်ဆယ်သား

ဆန်လှော်မှုန့် – ထမင်းစားဇွန်း ၄ဇွန်း

ဂျင်း / စပါးလင် / ကြက်သွန်ဖြူ  / ပင်စိမ်း

ငံပြာရည် / ဆီ   အနည်းငယ်

အသီးအရွက်တွေကတော့ ကိုယ်ကြိုက်နှစ်သက်ရာကို နည်းနည်းစီထည့်လို့ရပါတယ်

မနိုထဲ့တဲ့ အသီးအရွက်တွေကတော့

ပိန်းဥ / ဒညင်းဝက် / မျှစ်စိမ်းပြုတ် /ဂျူးမြစ် / မုန့်ညှင်းစိမ်း /ချဉ်ပေါင်ရွက်/ ခရမ်းကြွပ်သီး /ပဲသီး

ဒီလောက်ပဲထဲ့ပါတယ်

ငါးခူ နှစ်ကောင်ကို အသားလွှာပြီး ငါးဆုပ်လုံးလုပ်ရပါမယ်

ငါးခူး (သို့) ငါးဖယ်ခြစ် တွေကို ထောင်းတဲ့ အချိန်မှာ

ညှပ်အောင် ထောင်းထားတဲ့  (စပါးလင် / ဂျင်း / ကြက်သွန်ဖြူ  )

ဆန်လှော်မှုန့်တစ်ဇွန်း / ငံပြာရည် /ဆီနည်း ကိုအားလုံးရောပြီးထောင်းရပါမယ်

ပြီးရင် အလုံးလေးတွေလုပ် ပြီး ဆီနည်းနည်းလေးနဲ့ ဆီသပ်ထားလိုက်ပါ

ရေ၃လီတာလောက်ကို ကျန်နေတဲ့ဆန်လှော်မှုန့်၃ဇွန်း / ငါးခူခေါင်းတွေ အလယ်ရိုတွေနဲ့ ချည်ထားတဲ့စပါးလင်အရွက်ကြမ်းတွေထဲ့ပြီးဆူလာအောင်တည်ပါ

ဆန်မှုန့်တွေပွပြီးရေဆူလာပြီဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအရွက်တွေကို ထဲ့ရပါ့မယ် မပါဖြစ်တာကတော့ ပင်စိမ်းပါဘဲ

ဆူလာပြီဆိုရင်တော့ ဆားနဲ့ ဟင်းခတ်မှုန့်ကို လိုသလိုထဲ့လိုက်ပါ

အသီးအရွက်တွေကျတ်ပြီဆို ရင်တော့ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကရင်တာလဘော့ဟင်းလေးစားလို့ရပါပြီ

ငါးခူငါးဆုပ်လုံး /အလယ်ရိုးခေါင်းနဲ့ ချည်ထားတဲ့စပါးလင်အရွက်ကြမ်း

ပိန်းဥ / ဒညင်းဝက် / မျှစ်စိမ်းပြုတ် /ဂျူးမြစ် / မုန့်ညှင်းစိမ်း / ခရမ်းကြွပ်သီး /ပဲသီး / ပင်းစိမ်း /

ချဉ်ပေါင်ကတော့ ပုံထဲမှာ မပါဘူး

ကရင်တာလဘော့ဟင်းလေးချက်ပြီးသွားပြီး

ငါးသလောက်ဆီပျံဟင်း

ပုဇွန်ငပိချက်စပ်စပ်လေး

ကရင်တာလဘော့နဲ့တွဲစားရအောင် ဟင်းဆက်လေးပါတွဲပေးလိုက်တယ်နော်

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011