မဟုတ်တာတွေချည်းလုပ်နေတော့ ဘာဖြစ်လဲ …ကြာလာတော့

လိပ်ပြာလန့်လာတယ်…ကြောက်လာတယ်…သွေးပျက်ခြောက်ခြားလာတယ်…အားကိုးရှာလာတယ်…အထက်ကမြင့်နိုင်သလောက် မြင့်တာကို

အားကိုးရှာလာတယ်…အဲ့ဒီမှာ ပေါက်တတ်ကရ ပြောတတ်တဲ့ ကျုပ်နဲ့ တွေ့တော့တာပဲ…ကျုပ်ဝန်ခံတယ်…အမြဲ

ပေါက်တတ်ကရတွေး…ပေါက်တတ်ကရပြောတတ်တယ်…အဲ့ဒီမှာ ဘယ်ကနေဘယ်လို ဘာသတင်းတွေကြားပြီး

ကျုပ်ဆီရောက်လာကြလဲမသိဘူး…အေး…လာတော့လဲ ပေါက်တတ်ကရ

ပြောလွှတ်တာပေါ့…တလွဲတွေပြော…တလွဲတွေလိုက်လုပ်…အံမယ်…အဟုတ်ဗျ…ရိုးရိုးတော့

ပြောမရဘူးပေါ့…အထက်ကတို့…အမိန့်တို့…ဘိုးတော်တို့…အဘတို့…အဲ့ စကားလုံးတွေ လှိုင်လှိုင် သုံးရတယ်ဗျ…ကျုပ် အလုံးတွေသဘောကျလို့

လိုက်သုံးကြတာ..အခုခေတ် အဟော့ဆုံးစကားလုံးတွေတောင်ဖြစ်နေသေး…ကျုပ်ဆီ စရောက်လာတာ ၂၆ နှစ် နှာခေါင်းပြတ်ကြီး…သိတယ်မို့လား…သေတာ

၁၀ နှစ်ရှိပြီလေ…စကား ၃ ၄ခွန်းလောက်ပြောကြည့်တာနဲ့ မယားတရူးမှန်း သိတယ်…ဘာဖြစ်ချင်တာလဲ မေးလိုက်တော့…ရတဲ့နေရာခိုင်မြဲချင်ပါတယ်တဲ့…

ရတဲ့နေရာခိုင်အောင် ရခိုင်မ ယူလိုက်ပေါ့ကွ…လို့လဲ ပြောလိုက်ရော သဘောတွေ စွတ်ကျပြီး အဲ့ဒီကစကျုပ်

ပေါက်သွားတာပဲ…လာလိုက်ကြတာ..မေးလိုက်ကြတာ…လက်တောင်မလည်ဘူး…အာဏာရူးတွေချည်းပဲ….အဲ့ဒီနောက် အရေးအခင်းစပါရောလား..

.ပြည်ပြေးဖြစ်ကိန်းမြင်တယ်…ပြည်မြို့ကိုပြေးလို့ ဖောလွှတ်လိုက်တယ်…ဘဲကြီးက အိုနေတော့ ခြေထောက်နဲ့ မပြေးဘဲ လေယာဉ်နဲ့ပြေးတယ်တဲ့…မရပါဘူး…

၈၈၈၈ဖြစ်ပါရော…မစွမ်းဘူး..မရဘူးဆိုပြီး..ထပ်ရောက်လာသေးတယ်…ဟောက်လွှတ်လိုက်တယ်…ငါပေးတဲ့

ယတြာကိုတိတိကျကျလုပ်လို့..မလုပ်ရင်မရဘူးကွ..ဆိုတော့ ဟုတ်ကဲ့…ဟုတ်ကဲ့နဲ့ လစ်သွားတယ်…လူတွေများကြောက်မိရင် ကျိုးကြောင်းဆီလျော် ဘာမှ

မစဉ်းစားနိုင်တော့ဘူး…ပြောတာလျှောက်လုပ်တော့တာပဲ….အဲ့ဒီနောက် အဲ့ကောင်နားသွားတော့ နောက်တကောင်တက်လာတယ်…နောက်လာတဲ့ မောင်ပုလဲ

ဒိုင်းဝန်ထက်ကဲ ဆိုတာ တကယ်…နောက်ကောင် ပိုဆိုးသေးတယ်…ဗေဒင်တွေ ယတြာတွေ ယုံတာလဲ သူ့အပြင်မရှိဘူး…မဟုတ်တာလုပ်တာလဲ

သူ့အပြင်မရှိဘူး..လာလာချင်းမြောက်ပြောပေးလိုက်တာ ခင်ဗျားက သာမန်လူမဟုတ်ဘူး…သာလွန်မင်းတရားကြီးဝင်စားတာလို့…အဲ့ဒီကတဲက ဘုရင်ရူး

ရူးတော့တာပဲ..သမီးတော်တွေကော..မယ်တော်တွေကော..အရှင်ဘုရားတွေကော..စုံနေတာပဲ..တတိုင်းပြည်လုံးလဲ လက်အုပ်ချီတဲ့ရောဂါ

အဲ့ဒီကစတာဘဲ…ကဲ….တိုတိုပဲရေးတော့မယ်…

အသက် ဥာဏ်စောင့်တဲ့ကွ…ဥာဏ်ပင်စိုက်….စိုက်…

စုကြည် ပန်းအောင် စက္ကူပန်းစိုက်ကွ…စိုက်…

တထောင်တန်ထုပ်မှာလား…စီးကရက်ကို ခြင်္သေ့နဲ့ ဖိထားကွ…ဖိ…

မရသေးဘူးလား…ဒီလောက်ရှိတာ..တပြည်လုံး ကြက်ဆူစိုက်…စိုက်ကွာ..

ကြက်ဆူသီးတွေ သီးလာပြီ…ဆီမကြိတ်နဲ့ဦး…ကြက်ဆူဆီထွက် စုကြည်တက်တဲ့…ကိုယ့်ဘာသာကို တဘောင်ထုတ်ပြီး

ရပ်ခိုင်းထားလိုက်ရတယ်…စေတနာနဲ့ပါ…(သူတို့လာပေးတဲ့ ကြက်ဆူဆီ ကျုပ်အိမ်က ထော်လာဂျီလေးထဲ ထည့်မောင်းတာ

အင်ဂျင်ကိုင်လိုက်ရတယ်လေ…တော်ကြာ တတိုင်းပြည်လုံး ၀ပ်ရှော့ရောက်နေမှာစိုးလို့)

အောင်ဆန်းစုကြည်….ထိပ်ဆုံး အောင်နဲ့ နောက်ဆုံးကြည်နဲ့ ရှေ့ကော နောက်ကော ဖိနိုင်အောင် အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး

ခန့်ခိုင်းပြီးလုပ်ရတာတောင် ရှိသေး..

ကျုပ်လဲ တော်တော် ဦးနှောက် ခြောက်သွားတယ်…တချိန်လုံး…ဒီ…စ လုံး နဲ့ က ကြီးနဲ့..ဒါဘဲ စဉ်းစားနေရတာ…၂၃ နှစ်ကြာသွားတယ်…ဒီကြားထဲလဲ

အများကြီးပဲ…တချို့လဲ မှတ်မိတယ်…တချို့လဲ မမှတ်မိတော့ဘူး…ဒီကြားထဲ ၂၀၀၇ ရောက်တော့ ဘွားတော်ကြီး လာစားနေလို့

ခွေးပြေးဝက်ပြေးပြေးရကိန်းမြင်တယ်…ရွှေတိဂုံဘုရားပေါ် ခွေးတကောင် ၀က်တကောင်ဆွဲပြီး ပြေးဆိုပြီး ဂျောက်ချလွှတ်လိုက်တာ..မှောက်ရက်ကြီးလဲ ပြီး

ခြေထောက်ကျိုးသွားလို့ စင်္ကာပူတောင် ဒိုးလိုက်ရပါလား…အခု နားပြီးမှကို လာသေးတယ်…ကျန်းမာရေးဒေါင်ဒေါင်

မြည်အောင်တဲ့..ကျုပ်ကလဲကျုပ်…ဒီပေါက်တတ်ကရ ပါးစပ်ကလဲ လွှတ်ကနဲ ထွက်သွားသေးတယ်…ဟို ကုလားညီနောင် ဗျတ်စုတ်ဗျတ်ပဲ့ ဇော်ဂျီ ဖိုဝင်သား

စားလိုက်တာ မြေရှိုး မိုးတောင်ပျံသွားသေးလို့ ပြောလိုက်မိတာ ဘာအဓိပါယ် ပေါက်သလဲ မသိပါဘူး…နောက်နေ့ သာမည ဆရာတော် အလောင်းကြီး

ပျောက်သွားရော ဆိုပါလား…တမိသားစုလုံး ဟင်း လုပ်ပြီးချက်စားကြ ဆိုလား…ရူးတာကတော့ ကျုပ်တောင် လက်ဖျားခါယူရတယ်ဗျို့…တော်သေးတာပေါ့…

၂၃ နှစ်မို့လို့…နှစ် ၅၀လောက်ဆို ကျုပ်ပါ ရူးမယ်…လာပြန်ပြီ..အခု နောက်ဆုံးတယောက်က..လာတော့လာတယ်…လာခဲတယ်…အခု နောက်ဆုံးလာတော့ ဒီ

စောက်ပါးစပ်ကလဲ အမှတ်မရှိဘူး…ထွက်ချင်ရာ ထွက် သွားကုန်တော့တာပဲ…သပိတ်=သူပုန်….ကတုံး=ဗုံး…ဆိုပြီး စကားလေး လေးခွန်း

ထွက်သွားမိပါတယ်…နောက်နေ့ ကိုယ်တော် တွေရဲ့ ပုံတွေ ကြည့်ရက်စရာမရှိတော့ဘူး..ဖွဘုတ်ကြီးတောင် မဖွင့်ရဲတော့ဘူး…တော်ပြီ..ရှေ့လျှောက်

ဘယ်သူဘဲလာလာ ဘာပဲပေးပေး အမှတ်မရှိတဲ့ ဒီပါးစပ် ပလာစတာနဲ့ပဲ ကပ်ထားလိုက်တော့မယ်…ဘာမှမပြောတော့ဘူး..

 

အထက်ကလမ်းညွှန်ချက် အမိန့်များကို ထရန်စလိတ်လုပ်ပေးသူ …..

ပုံ…ဘိုးတော် အဘ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...