ခုရက်ပိုင်း တမဒ အကျန်စားဒွေ– အဲ— အဲ အကျန်ပေးတွေကတစ်မျိုး —-၀ံဂျီးတွေက တစ်ဖုံ ပြည်သူတွေ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းနေဖို့ ၊ တစ်ရက် တစ်နပ် ထမင်းမစားပဲ နေကြဖို့  အကြံပေးကြတာ တစ်ကမ္ဘာလုံးမှာ ၀က်ဝက်ကွဲ။ Princeton တို့  Oxford တို့ က အတွေးအခေါ်ပညာရှင်ကြီးတွေတောင် တစ်ခါမှ မတွေးဖူးတဲ့ မဟာ အတွေးအခေါ်တွေကို အင်တာနက်တွေကတဆင့် ကောင်းချီးသြဘာ ပေးနေကြတာ ဘ၀က်ညံမတက်ပါပဲ။ ဒါကြောင့် ကျတော်လည်း နောက်ထပ် သမိုင်းတွင်မယ့်စကား ပြောခဲ့ဖူးတဲ့ ၀ံဂျီး ( အခု- အငြိမ်စား) တစ်ဦးရဲ့  ရွှေနှ့တ်တော်ထွက်စကားကို တစ်ဆင့် လက်ဆောင်ပါးလိုက်ရပါဒယ် ။

အချိန်ကေ၇ွှစလွယ်ဝတ်တွေ မတက်ခင် စိမ်းစိမ်း စိမ်းစိမ်း နဲ့ ပေါ့————-
ဝံဂျီးက မကြာသေးမီက လဲလှယ်လိုက်တဲ့ သာသနာရေး ၀ံဂျီး သူရ မြင့်မောင်—- အဲ– အဲ့ဒီ တုံးကတော့ — ပြည်ထဲရေး ဒု ၀ံဂျီးပေါ့ ဂျာ——-

ဖြစ်ပုံက ဂလို——-

တစ်ဘက်နိုင်ငံကို လူကုန်ကူုးခံရတဲ့ ပြည်သူတွေကို ပြန်လည် အပ်နှံပြီး သတင်းစာရှင်းလင်းပွဲ လုပ်တာ။ အဲ့ဒီမှာ နိုင်ငံခြားမှာ ဘယ်လိုနှိပ်စက်ခံရဒယ်။ ၊ ဘယ်လို အမျိုးသစ္စာဖောက်တွေက ဘယ်လို အကျင့်ပုပ်ပြီးတော့ ရောင်းစားဒယ်။ စုံလို့ ပေါ့ဂျာ။ အဲ့ဒီမှာ သတင်းထောက်တွေဘာတွေနဲ့ မေးကြ၊ ဖြေကြ—။ ပွဲပြီးခါနီးတော့ အဲ့ဒီ ဒု-၀ံဂျီးက ဘာပြောဒယ်မှတ်တုံး။

ဒီလူတွေ လူကုန်ကုး ရောင်းစားခံရတာ နည်းတောင်နည်းသေးဒယ်တဲ့——–ဒီနိုင်ငံမှာလည်း လုပ်စားစရာ အလုပ်တွေ အများကြီး ရှိတဲ့ဟာကိုတဲ့–။

အဲ့ဒီအခါ ကျတော့်ဆရာ (ရိုက်တာ သတင်းဌာန)က မေးတယ်–ဘယ်လို အလုပ်တွေ ရှိလဲပေါ့——

ချောင်းတွေ မြောင်းတွေ ဒီလောက်ပေါတာ– ငါးဖမ်း ဖားရိုက် စားပေါ့ဗျာတဲ့။ ဒီလူတွေ အလုပ်ဆိုတာ လုပ်တတ်ရင် လွယ်လွယ်လေးပါတဲ့။ အပျင်းကြီးပြီး ဖြတ်လမ်းလိုက်ချင်တော့ ဒီလို ဒုက္ခရောက်မှာပေါ့တဲ့ဗျ——–။

About ခမ့် ညား မှော်

ခမ့် ညား မှော် has written 4 post in this Website..

်name- Khant nyar Hmaw Went to- Myanmar Maritime University From- Mogok Political Views- Technocrat/