စဉ်းစားကြစေလိုပါတယ် ( ၅၁ )

( ရုရှ စကား – ၂ )

 

အဘ ရဲ့ အခု Post ဟာ ၊

အဘ ရဲ့ အရင် Post ၊

စဉ်းစားကြစေလိုပါတယ် ( ၅၀ )

( ရုရှ စကား ပြောသင့်တယ် ဆိုပဲ ) Post မှာ ၊

ဝင်ရောက် Comment ပေးသွားတာတွေကို ပြန်လည် ရှင်းလင်းရင်း ၊

အဘ ရဲ့ Reply Comment ဟာ အရမ်း ရှည်သွားတဲ့ အတွက် ၊

Post အသစ်တင်လိုက်ရတာပါကွယ် ။

 

အဲဒီတော့ကာ ၊ မူရင်း Post စဉ်းစားကြစေလိုပါတယ် ( ၅၀ ) ( ရုရှ စကား ပြောသင့်တယ် ဆိုပဲ ) နှင့် ၊

တွဲဖတ်မှသာလျှင် ဇတ်ရည်လည်မယ့် သဘော ရှိပါမယ် ။

 

အဓိက ကတော့ ကို Guest နှင့် ကို ကပ္ပိယ မောင်ကြီး ရဲ့ Comment ကို အကြောင်းပြန်တာပါ ။

 

” မက္ကာမှာသွားပြီး ဘုန်းကြီးကျောင်းဆောက်ဖို့ မဖြစ်နိုင်ပေမယ့်..

မြန်မာပြည်မှာတော့ ဗလီတွေ မရေနိုင်အောင် ဆောက်ထားပြီးပါပြီ။

ဒါတောင် လူ့ အခွင့်အရေး သိပ် မထွန်းကားသေးလို့ ”

 

ဒီလို အယူအဆမျိုးကို ကျနော်လည်း ငယ်နုစဉ်တုန်းက ယူခဲ့ဘူးပါတယ် ။

 

ဒါပေမယ့် ၊ ဆရာတို့ကို မေးချင်တာက ၊

ဆရာတို့ ကျနော်တို့ က ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပြည့်ဝတဲ့ ၊

မြန်မာ နိုင်ငံတော်ကြီးကို တည်ဆောက်ချင်တာလား ။

 

ဒါမှမဟုတ် ၊ ဆော်ဒီ လိုမျိုး ၊ လူ့အခွင့်အရေးကို ဖိနှိပ် ချုပ်ချယ်ထားတဲ့ ၊

ဒီမို ကရေစီ မရှိတဲ့ ၊ ဘာသာရေး အစွန်းရောက် နိုင်ငံ အဖြစ်ကို တည်ဆောက်ချင်တာလား ။

 

ကျနော့် ဦးတည်ချက် ကတော့ ရှင်းပါတယ် ။

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပြည့်ဝတဲ့ စံနစ် ကိုသာ ချစ်မြတ်နိုးတဲ့အတွက် ၊

 

ကျနော် ကိုးကားရင်တောင် ၊

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ထွန်းကားတဲ့ နိုင်ငံတွေ နှင့် ၊

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး နှင့် လျှော်ညီတဲ့ အပြု အမူ တွေကိုပဲ ၊

ကိုးကား ၊ နှိုင်းယှဉ် ၊ အထင်အမြင် ကြီး ၊ လိုက်နာမှာဖြစ်ပြီး ။

 

ဆော်ဒီ လိုမျိုး ၊ လူ့အခွင့်အရေးကို ဖိနှိပ် ချုပ်ချယ်ထားတဲ့ ၊

ဒီမို ကရေစီ မရှိတဲ့ ၊ ဘာသာရေး အစွန်းရောက် Theist နိုင်ငံ တွေကို ၊

အရာသွင်း ၊ နှိုင်းယှဉ် ၊ တုပနေမှာ မဟုတ်ပါဘူး ။

 

အဲဒီတော့ကာ ၊

ကို Guest နှင့် ကို ကပ္ပိယ မောင်ကြီး တို့လည်း ပြန်စဉ်းစားကြည့်ပေါ့လေ ။

ကိုယ် က ဘယ်ဖက်ကို သွားချင်နေတာလဲလို့ ။

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဖက် လား ။

ဘာသာရေး အစွန်းရောက် ဖက် လား ။

 

” ကိုယ့်အိမ်ကို လာတည်းတဲ့ သူဖုန်းစားဟာ..

အိမ်ရှင်ရဲ့ ကျွေးတာစား ၊ ပေးတာယူ ၊ ထားတဲ့ နေရာမှာနေ နေရမှာပဲ “

 

အမှန်တော့ ၊ ကျနော် လက်ရှိ ဖြစ်ပေါ်နေတဲ့ ၊

လူမျိုးရေး ( ဘင်္ဂါလီ ) ၊ ဘာသာရေး ( မွတ်ဆလင် ) ကိစ္စတွေမှာ ၊

ဝင် မပြောသလောက်ကို ရှောင်နေတာ တော်တော်ကြာပါပြီ ။

 

အဓိက ကတော့ ၊

ကျနော်က လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ကို ယုံကြည်သူ ဖြစ်နေတော့ကာ ၊

ဝင်ပြောမယ် ဆိုရင် ဘာသာခြား ၊ လူမျိုးခြား ဖက်ကနေ ဝင်ပြောရမယ့် သဘော ဖြစ်နေလို့ပါ ။

 

ကိုယ် ကလည်း ဗုဒ္ဓ ဘာသာကို ယုံကြည် ကိုးကွယ်သူ ဖြစ်နေတော့လည်း ၊

ကိုယ့် ဗုဒ္ဓ ဘာသာ ဘက်ကို ၊ နစ်နာစေမယ့် အပြုအမူ မလုပ်ချင်တာလဲ ပါသပေါ့လေ ။

 

ဒါပေမယ့် ၊ အခုတော့ ” သူဖုန်းစား ” တို့ ” အိမ်ရှင် ” တို့ ဆိုတဲ့ အသုံးအနှုန်းတွေက ၊

ရင်ကို ခပ်ကြမ်းကြမ်း လှုပ်ခါစေခဲ့လို့ ၊

ပါးပါးလေး တစ်ချက်လောက်တော့ ထောက်ပြချင်စိတ် ပေါက်လာပါတယ် ။

 

လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ စံနစ်မှာရော ၊

တရား ဥပဒေ စိုးမိုးရေးမှာပါ အဓိက ကျတဲ့ အချက် တစ်ချို့ ရှိပါတယ် ။

 

၁ ။ တကယ် အပြစ်ရှိတဲ့သူဟာ ၊ အပြစ်ကနေ လွတ်သွားတယ် ဆိုရင် ၊

ဒါဟာ တရားမျှတမှု မဏ္ဍိုင် ယိမ်းယိုင်တာပါ ။ ဒါဟာ တော်ပါသေးတယ် ။

 

၂ ။ အပြစ် မရှိတဲ့သူဟာ ၊ မှားယွင်းပြီး အပြစ်ဒါဏ် ပေးခံလိုက်ရတာပါ ။

ဒါကတော့ ၊ တော်တော် ဆိုးပါတယ် ။ တရားမျှတမှု မဏ္ဍိုင် လုံးဝ ပြိုလဲသွားတဲ့သဘောပါ ။

ဒီလို အဖြစ် အပျက်မျိုး ၊ မဖြစ်ရလေအောင် အစွမ်းကုန် တားဆီးရပါမယ် ။

 

O K ။

အခု ဘင်္ဂါလီ ကိစ္စလေးကိုပဲ ကြည့်ရအောင်ပါ ။

 

၁ ။ ဘင်္ဂါလီ အဖေ နှင့် ဘင်္ဂါလီ အမေ ၊

သူတို့ဟာ နိုင်ငံခြားက ခိုးဝင်လာတာ ၊ ဖြစ်ချင် ဖြစ်မယ် ၊ မဖြစ်ချင် မဖြစ်ဘူး ။

 

( ဘင်္ဂါလီတွေကတော့ ဟိုးရှေးကတည်းက နေလာတာလို့ ပြောနေပါတယ် ။

ထားပါ ၊ ဒါက ၊ သမိုင်း ပညာရှင်တွေ ငြင်းရမယ့် ကိစ္စ ၊ ကိုယ် သိပ်မသိဘူး )

 

အဲဒီ ၊ ဘင်္ဂါလီ အဖေ နှင့် ဘင်္ဂါလီ အမေ ဟာ အပြစ် ရှိတယ်ပဲ ထားပါတော့ ။

 

၂ ။ အဲဒီ ၊ ဘင်္ဂါလီ အဖေ နှင့် ဘင်္ဂါလီ အမေ ကနေ ၊

မြန်မာ နိုင်ငံထဲမှာပဲ မွေးလာတဲ့ ဘင်္ဂါလီ သား နှင့် ဘင်္ဂါလီ သမီး တွေ ။

 

လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ စံတွေ အရ ဆိုရင် ၊

အဲဒီ ၊ မြန်မာ နိုင်ငံထဲမှာပဲ မွေးလာတဲ့ ၊

ဘင်္ဂါလီ သား နှင့် ဘင်္ဂါလီ သမီး တွေမှာ ၊ ဘာ အပြစ်မှ မရှိပါဘူး ။

 

က ။ သူတို့ဟာ ဘယ် အဖေ ၊ အမေ ရဲ့ ဝမ်းတွင်းမှာ မွေးပါလို့ ရွေးချယ်ခွင့် မရှိရှာပါဘူး ။

ခ ။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူ အရ ဆိုရင် ၊

ကျနော်တို့ လဲ နောင် ဘဝ မှာ ဘင်္ဂါလီ သား သမီး တွေ ဖြစ်နိုင်တာပါပဲ ။

ဂ ။ သူတို့မှာ ဘာ အပြစ်မှ မရှိရှာပါဘူး ။

 

ထားပါတော့ ၊ အဲဒီ အပြစ် မရှိရှာတဲ့ ဘင်္ဂါလီ သား နှင့် သမီး Generation အထိ ၊

ကျနော်တို့ ဖိနှိပ် ချုပ်ချယ်ကြမယ် ၊ လူ့အခွင့်အရေး မပေးပဲ ကန့်သတ်ထားကြမယ် ။

ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ ၊ ကြားရတာ နဲနဲ နားခါးနေပေမယ့် ၊ ထားပါတော့လေ ။

 

၃ ။ လာပြီ ၊ အခုမှ တကယ် လာပြီ ။

အဲဒီ့ ၊ ဘင်္ဂါလီ သား နှင့် ဘင်္ဂါလီ သမီး တွေ ကနေ ၊

မြန်မာ နိုင်ငံထဲမှာပဲ ဆက်ပြီး ပေါက်ဖွားလာတဲ့ ၊

ဘင်္ဂါလီ မြေး နှင့် ဘင်္ဂါလီ မြေးမ တွေ ။

 

အဲဒီ ၊ ဘင်္ဂါလီ မြေး နှင့် ဘင်္ဂါလီ မြေးမ တွေ Generation အထိပါ ၊

ကျနော်တို့ ဆက်ပြီး ဖိနှိပ် ချုပ်ချယ်ကြမယ် ၊

လူ့အခွင့်အရေး မပေးပဲ ကန့်သတ်ထားကြမယ် ဆိုရင်တော့ ၊

ဒါဟာ ၊ ကြီးကျယ်တဲ့ မ တရားမှု ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီး ပါပဲ ။

 

အဲလို ဘင်္ဂါလီတွေ အပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ မရှိဘူးလို့တော့ ၊ မပြောပါနှင့် ။

ကျနော် ကိုယ်တိုင် ရခိုင်ကို အခေါက်ခေါက် အခါခါ ရောက်ဘူးပါတယ် ။

 

ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်ကို ပြောရရင် ၊

အဲဒီ ၊ ဘင်္ဂါလီ မြေး နှင့် ဘင်္ဂါလီ မြေးမ Generation ကို ၊

 

၁ ။ တိုင်းရင်းသား ပေးစရာ မလိုပါဘူး ။

 

၂ ။ နိုင်ငံသားတော့ မဖြစ်မနေ ပေးသင့်ပါတယ် ။

 

၃ ။ လက်ရှိ ရခိုင်မှာ ရှိနေတဲ့ ဘင်္ဂါလီ အများစုကြီးဟာ ၊

ဘင်္ဂါလီ ၊ မြေး Generation ဆိုတာ မမေ့ပါနှင့် ။

 

၎ ။ အထူးသဖြင့် ၊ အခုမှ  ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကနေ ထွက်ပြေးလာတဲ့ ၊

ဗုဒ္ဓ ဘာသာ မရာမာကြီး လူမျိုးတွေကိုတော့ ၊ လှိုက်လှိုက်လဲလဲ ကြိုဆိုပြီးတော့ ၊

အရင်ထဲက ရောက်နှင့် နေပြီးသား ဘင်္ဂါလီ တွေကိုကြတော့ တမျိုး ဆက်ဆံရင် ၊

ကမ္ဘာ့အလည်မှာ မြန်မာဆိုပြီး ဘယ်လို မျက်နှာပြကြမှာလဲ ။

 

၅ ။ နောက်ပြီးတော့ လက်ရှိ ရခိုင်မှာ ရှိနေတဲ့ ဘင်္ဂါလီ တွေဟာ ၊

ဘယ်တုန်းကမှ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မဟုတ်ခဲ့ပါဘူး ။

( ဘင်္ဂလားဒေ့ရှ် နိုင်ငံ Constitution အရ ၊

၁၉၇၁ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေး ကြေငြာတဲ့ အချိန်မှာ ၊

ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်နမိတ် ထဲမှာ ရှိနေသူကိုသာ ၊

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် အသိအမှတ်ပြုပါတယ် )

 

၆ ။ နော်ဝေ နိုင်ငံဟာ သူ့နိုင်ငံထဲမှာ ၇ နှစ် နေပြီးရင် ၊

နိုင်ငံသား လျှောက်ခွင့် ပေးပါတယ် ။

 

ရ ။ ကိုယ့် သမိုင်းမှာ ၊ ကိုယ် လုပ်ခဲ့တာတွေကသာ တရားပါတယ်လို့ ၊

ကျားကျား မီးယပ် ထင်နေသူတွေကိုတော့ ၊ ကျနော် ပါးပါးလေးပဲ ဥပမာ ပေးပါ့မယ် ။

 

မန္တလေးက ၊ မဟာ မြတ်မုနိ ရုပ်ပွားတော်ကြီး ကို ၊

မူရင်း ပိုင်ရှင် ၊ ရခိုင်တွေ လက်ထဲကို အရင် ပြန်ပို့လိုက်ပါဦး ။

 

အဲလို ပြန်ပို့ပြီးရင်တော့ ၊

မြန်မာတွေဟာ တော်တော် တရားမျှတတဲ့ လူမျိုးပါလို့ ၊

ကျနော် ထောက်ခံပေးပါ့မယ် ။

 

ဗုဒ္ဓ ဘာသာဝင် အချင်းချင်း ၊ ပါးပါးလေး ပဲ ၊

ကိုယ့်ပေါင် ကိုယ်ထောင်းမိတာ ဖြစ်လေတော့ ၊

သိပ်ပြင်းထန် / ကြမ်းတမ်း တဲ့ Comment တွေကိုတော့ ၊

မြင်လည်း မမြင်ချင် ၊ အကြောင်းလည်း ပြန်မှာ မဟုတ်ပါဘူး ။

 

တစ်ဖက်မှာလည်း ၊ ဒီလို တွေးဆစရာ အချက်တွေ ရှိနေပါလားလို့ ၊

စာနာစိတ်လေး ဝင်မိရင် တော်ပါပြီ ။

ဗုဒ္ဓ ဘာသာဝင် အချင်းချင်း ၊ ရန်လည်း မဖြစ်ချင်ပါဘူး ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

Foreign Resident

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။