ပေးဆပ်ခြင်းလား ရယူခြင်းလား

အများနဲ့အတူတဲ့ မင်းရဲ့စိတ်က

လောကကို အလှဆင်ခြင်းလား

ဒေါသကို မွန်းမံနေခြင်းလား

ကြည့်စမ်းပါဦး

လောကအလည်မှာ သောကတွေ ဗလာပွနဲ့

တည်ရာမရသေးတဲ့ သူတွေအတွက်ရော

မင်းစဉ်းစားမိရဲ့လား……….

ဒေါသကိုအမှောင်ဖုံးနေတဲ့ မင်းတို့ရဲ့လက်သုံးစကားက

သုံးမရအောင် ပျက်သုံးနေပြီဆိုတာ ဆင်ခြင်စမ်းပါကွာ

အေးချမ်းနေတဲ့ လူသားလောကကြီးကို ဘာကြောင့်များ

မုသားတွေသုံးပြီး ဖုံးနေရတာလဲ

အမှန်ကို အမြင်တာလား အမြင်တွေက မမှန်ကန်သေးတာလားလေ

တရားသံတွေရဲ့လမ်းလေးမှာ မင်းလျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်

သူငယ်ချင်းရေ ပန်းတွေအစဉ်တွေတော့မယ် မြို့သစ်လေးကို

ခွန်အားတွေပေးသနားရင် ကြင်နာတက်ပါစေလို့

                                           ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..