သို့  

            မောင်ကျွန်မဘက်ကို နည်းနည်းလေမှလှည့်မကြည့်တော့ဘူးလားဟင် အခုတော့ ရနံ့ပျယ်တဲ့ပန်းပမာ အနမ်းများလည်း မဝေတော့ဘူးလားလေ

ရှိနေခဲ့တဲ့ နေ့ရက်တိုင်းမှာ အကြင်နာမိုးရွှာသွန်းဖြိုးခဲ့ပုံလေးတွေက အခုတော့ တစ်စိမ်းချိုးပျိုးခဲ့သည့်လမ်းလားဟင် သနားပါမောင် အများတစ်ကာပြောမယ့် ခရောင်းလမ်းလေးထဲကို မောင်တွန်းပို့နေတာကတော့ ချစ်ပန်းသီမယ့်အနမ်းကို အလှန်းခက်အောင်လုပ်ခဲ့လေရော့သလားဟင်

ရက်စက်တယ်ဆိုတဲ့ အမူအကျင့်လေးတွေက အခုတော့ အယူခံဝင်မယ့် လူသစ်တန်းထဲက ကြင်သူတစ်ကာပြစ်မယ့် လမ်းဘေးက အရိုင်းပန်းငယ်တစ်ပွင့်ဖြစ်ရတော့မယ်မဟုတ်လားမောင်

အငိုနဲ့မစခဲ့တဲ့ ချစ်ခရီးလမ်းမှာ အခုတော့ ပြိုတော့မလိုဟန်ပြင်မယ့် မိုးစက်ပမာ နှလုံးသားများလည်း နိုးမကြွခင်လေးတင် မောင့်အချစ်က အက်စစ်တစ်စက် ဖိတ်မစင်ပါဘဲ ရင်ထဲကို အလိုလိုဝင်ဟက်လေရော့သလားကွယ်

ကျေနပ်ပါတယ်မောင် ချစ်တဲ့အောင်သင်ပေးခဲ့တဲ့ မောင်ရင်ထဲက အမုန်းတရားတွေအောက်မှာ ကျွန်မဒူးမထောက်ချင်ပေမယ့် ရူးသွပ်အောင်လုပ်ခဲ့တဲ့ မောင့်ရဲ့အမူအကျင့်ကို ကျွန်မလေ လူတွေမသိအောင် ဖုန်းထားပေးခဲ့ချင်ပါတယ် အရှုံးတရားနဲ့ အမုန်းမပွားဘဲ ပေးဆပ်နိုင်မယ့် နှလုံးသားတစ်စုံ တည်ရှိပါစေလို့ ကျွန်မဆုတောင်းပေးရင် မောင်ပေးခဲ့တဲ့လက်ဆောင်လေးကို တန်ဖိုးရှိစွာ သိမ်းထားလိုက်တော့မယ်နော်  သိပ်ချစ်တဲ့ မ……………..

                                                                                       ပိတော်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..