မင်းလေးအပြုံးများအောက်မှာ ငါကျဆုံးနေခဲ့တာ အခုဆို

လက်ချိုးရေဖို့တောင်အတော်ခက်နေပြီ

ချစ်သူရေ မင်းနှုတ်ခမ်းကထွက်အန်လာတဲ့ မာနလေးတွေက

ကိုယ့်အတွက်တော့ အေးငြိမ့်တဲ့တေးသွားလေးတွေပါကွာ

သိသင့်ပါတယ်ချစ်သူ ကိုယ်အပြစ်မယူမိတာက

မြတ်နိုးတဲ့ ရင်ထဲက အရိုင်းပန်းလေးပါ

ယဉ်သွားအောင်ထိန်းပေးချင်တာ မင်းနဲ့တွေ့မှ

ဖြစ်တည်လာတဲ့ အဖြူအောင်မေတ္တာလေးတွေပါတောင်းတတိုင်းမပြည့်တက်တဲ့ ကိုယ့်ရဲ့အမူအကျင့်က

လူမိရင်လေ မုန်းမိမှာတောင်စိုးကြောက်မိပါရဲ့

ငါ့နှလုံးသားလေးနိုးမထခင်မှာဘဲ တစ်မျိုးချစ်စရာ

ဟန်လေးတွေက မင်းဖန်ဆင်းပေးနေရော့သလား

အချစ်ဆိုတာ အဖန်အမျိုးမျိုးရှိပေမယ့်

ပေးဆပ်ခြင်းနဲ့ ချစ်တက်တဲ့ ကိုယ့်ရဲ့အကျင့်ကို မင်းလေးဘာကြောင့်များ

အမုန်းတွေပေးနေရော့သလဲကွယ်

အတွေ့လေးတစ်ကွေ့ရယ်မှ မထိတွေ့လိုက်ရသေးခင်

ပြစ်ပေးလိုက်တဲ့ မာနတွေက ငါ့အတွက်တာ့ အတားအဆီးတစ်ခုပါ

နေတက်ပါပြီလေ ကျေနပ်သွားမယ့် မင်းလေးရဲ့ ရင်ထဲက ခါးသီးမှုတွေအောက်မှာ

ငါ့နှလုံးသားလဲ အပြုံးများပွေ့ပိုက်ရင်း မင်းလက္ခဏာလို အဝေးကနေဘဲ

ချစ်နေပါတော့မယ် ဒဿလိုအပြုံးများပိုင်တဲ့ မင်းလေးရဲ့ အမုန်းတရားတွေအောက်မှာ

ကိုယ်လေရှင်သန်ရင်းနဲ့………………

                                                ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..