မေမေ
မေမေကျွေးခဲ့ဖူးတဲ့ ပဲပြုပ်ထမင်းဆီဆမ်းလေးကို
မှန်းဆလို့ ယနေ့ထိတိုင် တမ်းတနေဆဲပါ မေမေ
သားဆိုးနွဲတိုင်း အပြုံးအပျက်ဘဲ
နွေးထွေးတဲ့ ရင်ခွင်တစ်နေရာက
သားအတွက်တော့ အေးမြတဲ့
နေရာသစ်လေးတစ်ခုပါ မေမေ
ညအိပ်ရာဝင်တိုင်း ပြောတက်တဲ့ မေမေ့ရဲ့
ပုံပြင်အဆန်းလေးတွေကလေ
သားအတွက်တော့ နိုးမထချင်တဲ့ မနက်ခင်းလေးပေါ့
မေမေရေ သားအသက်တွေဘယ်လောက်ကြီးကြီး
မညည်းမငြူ ပြုစုတက်တဲ့ မေမေရဲ့ ချစ်မေတ္တာတွေကြားမှာ
သားလေး ပျော်မွှေ့ချင်ပါသေးတယ်
သံသရာခရီးရှည်ကြီးထဲမှာ ကြင်လည်နေရတဲ့
သားတို့ရဲ့ အမေ့အိမ်လေးကိုတော့
ဘယ်တော့မှ မမေ့နိုင်တဲ့ ကာရံကဗျာလေးဖြစ်နေမယ်ဆိုရင်
မေမေရေ အစဉ်နွေးထွေးတဲ့ ချစ်မေတ္တာတွေကြားမှာ
သားလေမြတ်နိုးခွင့် အစဉ်သာပိုင်ဆိုင်နေပါတော့မယ်
ပိတောက်မိုး
ကိုရင့်ကဗျာ ဖတ်ပြီးတော့
အမေ ကျွေးတဲံ ပဲပြုတ် ဆီဆမ်းကို သတိရသွားတယ်
လွမ်းတယ်ဗျာ
Was this answer helpful?
LikeDislikeမေမေ့ မေတ္တာရိပ်အောက်မှာ အစဉ်အေးချမ်းနိုင်ပါစေနော်
Was this answer helpful?
LikeDislikeအမေ့ကို စိတ်ချမ်းမြေ့အောင်ထားနိုင်ပီး အမေ့ရဲ့ မေတ္တာရိပ်အောက်မှာ မြတ်နိုးခွင့်တွေ အစဉ်ပိုင်ဆိုင်တဲ့ သားလေးတစ်ယောက်ဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်နော်
Was this answer helpful?
LikeDislikeကဗျာလေးကိုဖတ်ပြီးတော့
အမေ့ကို လွမ်းလိုက်တာ….
Was this answer helpful?
LikeDislike