မျက်ရည်ကျမှ မင်းဝမ်းဝတက်သူလား

ထမင်းတစ်နပ်တန်ဖိုးကို မင်းသိတက်ရင်

တောင်သူဦးကြီးတွေကို ဦးညွန့်လိုက်ပါကွာ

ချွေးမြေကျအောင် လုပ်အားပေးပြီးမှ

သိမ်းပိုက်လိုက်တဲ့ မြေယာတွေကြားမှာ

သူတို့ဘယ်လိုအသက်ရှင်သန်မလဲဆိုတာ တွေးမိရဲ့လား

မင်းတို့ရဲ့လောဘတွေအောက်မှာ သူတို့ဒူးထောက်နေတာ

ကြောက်လို့မဟုတ်ဘူးဆိုတာ သိထားသင့်တယ်

ကျေးစွပ်တက်တဲ့ အမူအကျင့်က လူမြင်ရင်တောင် မုန်းဒဏ်သင့်ပါတယ်ကွာ

စာနာစိတ်လေးမင်းရတဲ့တစ်နေ့ အသက်ချွေးပေးဆပ်နေတဲ့ သူတွေကို

ဦးညွန့်ပေးလိုက်ပါ မင်းလေးတစ်ယောက် ၀င်းပတဲ့ လပမာ

နံဘေးမှာလဲ ကြယ်စင်ခယလာပါလိမ့်မယ်ကွယ်

                               ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..