လှိုင်းဆိုတာမျိုးက လရဲ့ဆွဲငင်အားကြောင့် အင်အားကြီးမားတာပါ

လမင်းရဲ့ အလင်းရောင်ကလည်း နေရောင်အောက်မှာတည်ရှိနေတုန်းပါ

ရှင်သန်နေရတဲ့ပတ်ဝန်းကျင် အောက်ဆီဂျင်ကို သစ်ပင်က တစ်ဖန်မွေးဖွားပေးနေဆဲပါ

အရာဝတ္တု တစ်ခုဆီတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ တည်ရှိနေတယ်လေ

သတိထားမိရဲ့လား သင့်ပတ်ဝန်းကျင်လေးမှာ အေးချမ်းတဲ့ လေပြေလေးတွေပြေးလွှားနေတုန်းပေါ့

လောဘကို ရှေ့တန်းတင်နေသမျှ အေးမြတဲ့လေနုအေးတွေလည်း သင်ဆီဘယ် နားခိုနိုင်ဦးမလဲလေ

အညာနွေ ပူပေမယ့်

စိမ်းလန်းတဲ့ထန်းတောတွေကြားမှာ ငါလွမ်းမောနေတုန်းပေါ့

တစ်ဖက်တစ်ချက် လယ်ကန်သင်းတွေအောက်ငါမရောက်တာ

ဘယ်လောက်များ ကြာပြီလဲ

ဖုန်တွေပေါတဲ့ ဒို့အညာဒေသလေးလဲ အခုတော့

အေးမြချင်းအတိရှိရဲ့လားကွယ်

ညနေတိုင်း တမ်းတမိတဲ့ ရွှာတစ်ဖက်က ကန်နံဘေးလဲ အခုတော့

နွေဥသြလေး လွမ်းတေးဖွဲ့လို့နေပြီပေါ့

ဥသြ ဥသြ အခုတော့ ချစ်သူကိုတမ်းတလွန်းလို့

နေကွယ်အရပ်ကနေ ပူဆွေးနေပြီထင်ပ

ခင်နှမ မျက်နှာလေးလဲ ငြိုးငယ်မှုနဲ့

အခုတော့ ကြာတောလေးမှာ လွမ်းမောနေလောက်ပြီင်္

နေမင်းလဲ တောင်စွယ်အကွယ်မှာ မှေးဆပ်လို့မ၀သေးခင်

ငါလည်းတစ်နေ့ အညာတောလေးကို အပြေးလေးလှမ်းလာရင်း

               ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..