၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်ပြီး အဲဒီအချိန်က အာဏာရ မဆလပါတီ ယခု တစညပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကို ဧရာဝတီမဂ္ဂဇင်းကမေးတော့ ဒီလိုဖြေတယ်“ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပြီးသား ဖြစ်တယ်၊ ……. ……… လုပ်တဲ့အခါမှာ အခက်ခဲ ၂ ခု ကျော်လွှားရမှာက တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ကိုပြင်ရမှာ။… ………. အဲဒီတုန်းက ဥပဒေဆိုတာ လူက လုပ်တာပဲ၊ လူကပြင်ရင်ရတယ် ပြောတာပဲ။ မလိုဘူး၊ ကြားဖြတ်အစိုးရပဲ လိုတယ်လို့ ပုတ်ခတ် ပြောခဲ့ကြတယ်။ ……….. …. အဲဒီလို ဖြစ်ခဲ့ကြတော့ အခု နမူနာပဲလေ။ အများကြီး ပေရှည်သွားတယ်။ …… အဲဒီလိုနဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်ကို အာဏာ လွှဲလိုက်ရတယ်။ ဖြေဆေးထိုး ပေမယ့် လူနာက လက်မခံနိုင်လို့ ဒီအဖြေ ဖြစ်သွားတာပဲ။” http://burma.irrawaddy.org/archives/45713

ဘယ်လောက် စော်ကားလိုက်တဲ့ စကားလဲ..။ စစ်အာဏာရှင်ခေတ် ဖိနှိပ်မှုလုပ်ရပ်တွေမှာ တာဝန်အရှိဆုံး နှစ်ဖွဲ့ဟာ မဆလပါတီ (တစည)နဲ့ စစ်တပ်တို့ပဲ။ ၁၉၈၈ စစ်အာဏာသိမ်းအပြီး မဆလကန တစညပြောင်းစဉ် မျက်နှာပြောင်တိုက် ယူသွားတဲ့ အဆောက်အဦး၊ စီးပွားရေး၊ ငွေကြေးနဲ့ အခြားအခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ အခုအချိန်အထိ ဘယ်ကောင်မှ တောင်းပန်တဲ့စကား ထွက်မလာဘူး၊ ဆန္ဒခံယူပွဲ ဘာညာနဲ့တောင် ထိကပါးရိကပါး ဆိုတယ်။ ၂၀၀၈နာဂစ် အခြေခံဥပဒေ၊၂၀၁၀ ရွေးဂေါက်ပွဲရလဒ် လက်ခံပြီး လွှတ်တော်ထဲဝင် နိုင်ငံရေးလုပ်တဲ့ ဘွားဒေါ်ဂျီးကို သက်သေထူလိုဟန်ရှိတယ်။ အဲတုံးကသာ ငါတို့ပြောစကား နားထောင်ရင် အခုလောက် ဖြစ်စရာမရှိဘူး၊ နောက်တော့လည်း ဒီလမ်းပဲ လိုက်ရတာပဲ မဟုတ်လားပေါ့။

ကျူးလွန်ခဲ့ကြသူများအဖို့ ပြည်ဖုံးကားချနိုင်ပေမဲ့ ခံရသူများကတော့ လွယ်လွယ်နဲ့ မေ့ပျောက်စရာ မရှိဘူး။ ထိခိုက်ခံစားမှုများကို ထိုက်တန်စွာ အသိအမှတ် ပေးရမယ်၊ နှစ်ဖက် ကာယကံရှင်များကနေ တောင်းပန်ခြင်း ကျေအေးခြင်းလုပ်ဖို့ အချိန်ရောက်ပါပြီ။ လုပ်တဲ့အခါလည်း အချိန်မနှောင်းခင် အားလုံး သက်ရှိထင်ရှားရှိခိုက် လုံလုံလောက်လောက် လုပ်ပေးရမယ်။ နို့မို့ဆို သေမှရင်ဘတ်စည်တီး ငိုတာထက် ထူးမယ်မထင်ဘူး။ ကမ္ဘောဒီးယားမှာဆို လူသတ်ပွဲ တာဝန်ရှိတဲ့ ခမာနီခေါင်းဆောင်တွေကို ခုံရုံးတင်တော့ အကုန်လောက်နီးပါး သေကုန်ပြီ။ ပြောမဲ့သာပြောရ မြန်မာ့နိုင်ငံရေးလည်း ကမ္ဘောဒီးယားပုံစံ ဝင်နေပါပြီ။ နိုင်ငံတကာ အန်ဂျီအိုတွေ နေရာယူနေတာ တူသလို၊ တနေ့က ရွေးကောက်ပွဲမှာလည်း လက်ရှိဝံဂျီးချုပ် ဟွန်ဆန်ပဲ အနိုင်ရသွားသတဲ့..။ ဘွားဒေါ်ရေ ကြည့်လုပ် ကြည့်လုပ်…။

နေရာရသူများက အတိတ်မှာကျန် မနေဖို့ပြောတာ နားလည်ပေမဲ့ ခံစားရသူများရဲ့ နစ်နာဆုံးရှုံးချက်ကို ပြန်ကြည့်ပေးရမယ်။ အမျိုးသားသင့်မြတ်ရေး ခေါင်းစဉ်အောက်က အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်နေရာ ယူထားသူများ အတွက်တော့ သူများထက်ပိုတဲ့ မိမိက တာဝန်ယူ ဖြည့်ဆည်းပေးရမည့် ကတိကဝတ် ဖြစ်သွားပါတယ်။ နိုင်ငံရေးသမားများ သူ့၊ကိုယ် လွှဲချ လေတွေဖောင်ရင်း သမိုင်းကွက်လပ်ဖြစ် ကျန်နေခဲ့မှာ စိုးလို့ပါ။

ရှစ်လေးလုံး အခြစ်လေးပြုံး

အရိုးတွန်ချိန် ရောက်လာပြီလေ၊ နိုင်ငံတော် လူသတ်မှုတွေ ရုံးတင်စစ်ဆေးပေး…

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး