ဘာကြောင့်များ အခါနှောင်းခဲ့လေရော့သလဲကွယ်

ငါတို့ကြိုးစားခဲ့တာ ရိုးသားတဲ့စိတ်နဲ့ပါကွာ

အခုတော့ မတိုးပွားသေးတဲ့ စိတ်ဓါတ်တွေက

တိုင်းပြည်ကို ဒုကွများပေးဝေခဲ့လေရော့သလား သူငယ်ချင်း

မြေနိမ့်ရာလှံစိုက်တက်တဲ့ စိတ်ရိုင်းတွေက

ယနေ့ထိတိုင် မကုန်သေးပါလားလေ

ခေတ်ကိုက ပြောင်းနေတာမဟုတ်ပါဘူး

စိတ်ဓါတ်ကိုက အိုဟောင်းတဲ့ တစ်နေရာမှာ

ခိုအောင်နေသေးလို့ပါ…

မိုးစက်မိုးပေါက်လေးတွေများလာရင်

အင်း အိုင် စမ်းချောင်းဖြစ်ပါတယ်သူငယ်ချင်း

မင်းတို့ရဲ့ စာနာစိတ်လေးတွေ နည်းနည်းစီစုပေါင်းတက်ရင်လေ

ငါတို့ တိုင်းပြည်လေးလဲ တစ်နေ့တိုးပွားမယ်ဆိုတာ……….

                                                                              ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..