ထက်ကောင်းကင်ညိုပြာမှိုင်း

တိမ်တိုက်တစ်တွေ ဘယ်နားခိုလို့

နေညိုညို အနောက်ရပ်ကွယ်

ရော်ရမ်းတော့မယ် ချစ်သူရယ်……………..

ပင်လယ်ပြာ လှိုင်းမထန်တော့ပေဘူး

ရွှက်လွင့်တဲ့ လှေငယ်လေးတွေတောင်

လေလာရာသူလေယိမ်းလို့

ပြန်လှည့်တော့မယ် ချစ်သူရယ်……………..

ကြင်ဖော်ကွဲဌက်လေးတွေပူဆွေးရော့မယ်ထင်ပ

လွမ်းဥသြ အသံပေးလို့

ခါနွေဦး လေပွေရူးပေမို့

ရော်ရွက်ကယ်မြေမှာကြွေ

လွမ်းမျက်ရည်တစ်နေရာအကွယ်မှာ

ပူဆွေးလေရော့သလား ချစ်သူရယ်…………….

အခြေအနေမပေးလို့ ဝေးရတဲ့ဒီဘ၀မှာ

ဆွေးမျက်ရည်မကျစေချင်ပါဘူး

ခါနွေဦးမကုန်သေးခင်မှာ

ရောက်လှမ်းချင်ပါသေးတယ် ချစ်သူရယ်………….

ဘ၀ပေးအခြေမလှလေတော့လည်း

အချစ်ဆိုတဲ့စာသားလေးအောက်မှာ

ငါလှအောင်ရေးတက်ဖို့ ကြိုစားနေပါတယ် ချစ်သူရယ်…………

မေတ္တာကိုရင်မှာစု အကြင်နာပေးဖူးတဲ့ ခါနွေဦး

ခုံတန်းလေးအနားမှာ မင်းနဲ့ငါ

ရပ်တည်ချင်ပါသေးတယ်ချစ်သူရယ်……….

တစ်မိုးအောက်နှစ်ယောက်သားဆုံတွေဖို့

ချစ်ခြင်းတွေဖန်ဆင်းထားတဲ့

လှေငယ်လေးနှင့်အတူ

မေတ္တာကိုရွက်လွှင့်ကာ မင်းလေးရဲ့အပါး

နားခိုနိုင်ဖို့ ငါလေကြိုးစားနေတယ်ဆိုတာ

ချစ်သူသိရင်လေ အပြစ်မယူမိပါလေနဲ့နော်………….

                      ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..