အတွေးအပိုင်းအစ

ကာရံတွေချိုးဖောက်သွားတဲ့နေ့က
မင်းနှုတ်ဆက်သွားတဲ့အချိန်က စခဲ့တာပဲ …

ဟိုင်းဝေး ကားတစ်စီး ငါ့ရင်ဘက်အထက်
ပဒတ်ယက် ထွက်ခွာချိန်ဟာ
အိပ်မက်ချိုတွေ ပျက်သုဉ်းစေမဲ့
နိမိတ်ပုံတွေတဲ့လား…။

ပြန်ဆုံမယ် အချိန်ရယ်ဘယ်မှာလည်းလို့
အတွေးစတွေနဲ့ ဘဝကိုဆက်ခဲ့တယ် ..။

မောဟိုက်နွမ်းနယ်ခြင်း မရှိပေမဲ့
အလွမ်းရဲ့လောင်းရိပ်တွေကြောင့်
အားအင်တွေ ချိနဲ့စေခဲ့တယ် ..။


မက်ခဲ့တဲ့ အိပ်မက်တွေ  ချိုမြိန်သောာ်လည်း
အိပ်မက်နိုးထ နွေညရဲ့ သစ်ရွက်ခြောက်သံတွေလို
ငါ့ရဲ့စိတ်ကို ခြောက်ခြားစေခဲ့တယ် ..
ငါ့အနားမင်းမရှိတော့လို့…။