Miss.U

တကယ်တော့ မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး… လူမျိုးခွဲခြားဖို့လား… ဟေးးး ဝေလာဝေး.. တော်တော်ကိုယ့်အနွံအတာခံတဲ့ တရုတ်သူငယ်ချင်းတွေရှိသလို ဘင်္ဂါလီ ထဲမလဲ သူငယ်ချင်းရှိပါတယ်…. တဇွတ်ထိုး တစ်ဇောက်ကန်းစိတ် ရှိပေမဲ့ ကိုယ်သွားလည်ရင် သောက်ဆမ်းတို့ ငါးငရုပ်သီးချက်တို့ မစားပဲ မပြန်ရအောင်ချက်ကျွေးတဲ့ ရခိုင်သူငယ်ချင်းလဲရှိပါတယ်…

ပြောချင်တာကတော့ Nothing personal… ပါ…

ဒါပေသိ….

ပြောရရင် သူဟာ မြန်မာကို ကို ကိုယ်စားပြုပြိုင်နေတာ လို့ မခံစားရပဲ… ခရိုနီတစ်စုနဲ့ မြန်မာသာမန်လူတန်းစားတို့ ကြားက Symbol လို့မြင်ပါတယ်…..

ဖိုးလပြည့်နဲ့ ကိစ္စပေါ်ပြီးတဲ့နောက်… ဖေ့ဘုတ်မှာ ပလူပျံအောင် သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်ရေးကြတဲ့ အထဲမှ ဘယ်သူဘာပြောပြော မိုးစက်ဝိုင်တို့ က စင်ပေါ်ကပါ။

ဘယ်မှာတွေ့နိုင်သလဲ ဆိုရင် နိုင်ငံပိုင် သတင်းစာတွေမှာ စာမျက်နှာပြည့် နေ့တိုင်းနီးပါး သူမအတွက် ဂုဏ်ယူကြောင်းအလှည့်ကျ ကြော်ငြာပေးနေတဲ့ ခရိုနီတွေပါ….

ခရိုနီတွေဘက်က…. ဒင်းတို့ကများ တသက်လုံးမော်မကျိခဲ့ဘူးတဲ့ ငါတို့ကို တူနိုင်မယ် မထင်ကြနဲ့ ကိုးဆယ်ဆကွာလိမ့်မယ် ဆိုပြီးညှိုးတာကို ဘယ်မှာ အထင်အရှားတွေ့နိုင်လဲဆိုရင် ရှရုသွားတော့ သာမန်ဆိုရင် အနေအထိုင် ဆင်ခြင်သင့်တဲ့အချိန်မှာ မိုးစက်ဝိုင်က ဗိုလ်တစ်စုနဲ့ ပျော်ပျော်ပါးပါး ဘူ့ဂုစိုက်ရမလဲ စတိုင်မျိုး တွေ့ရမှာပါ……

မြန်မာသာမန်လူတန်စားဘက်ကကော… တစ်သက်လုံး အော့နှလုံးနာ မုံးခဲ့ရတဲ့အမုန်းတွေက မိုးစက်ဝိုင်ပေါ်ပုံချ တာပါ…. မိုးစက်ဝိုင်ဘက်က ကျိရင် မတရားဘူးလို့ ဆိုနိုင်ပေမဲ့… ဒီနေရာမှာတော့ အနော့်ချိန်ခွင် တစ်ခြမ်းစောင်းပါရစေ….

အချိန်ကိုက်ပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတစ်ကာခရီးမှာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိမနေပါဘူး။ အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးမှာ လိုအပ်ချက်တွေရှိခဲ့လို့ အခြင်းခြင်း အမုန်းပွားကုန်ကြတာပါ။ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံကနေ လက်လွတ်ထွက်ပြေး၊ ပြောင်းရွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသား အများရှိပါတယ်။ မြန်မာနိုင်ငံသားများလဲနစ်နာမှုတွေ အများကြီး၇ှိပါတယ်…. စတဲ့ အဓိပါယ်ကို BBC အင်တာ ဗျူးနဲ့ တစ်ခြားမိန့်ခွန်းတွေမှာပြောခဲ့ပါတယ်… တပ်ထွက် အများစုဟာ အ၀တ်အစားလဲလိုက်တာသာရှိပြီး စိတ်ထားတွေ ပြောင်းမလာပါဘူးတဲ့….

တစ်ခါလာရွှေဧည့်သည် နှစ်ခါလာငွေဧည့်သည်ဆိုသလို တိုင်းပြည် လက်ရှိ အခြေအနေတွေအရ မျက်နှာငယ်ငယ် နဲ့ အဖြစ်မှန်ကို နိုင်ငံတကာသိအောင် ပြောပြနေတဲ့ ဘွားတော်ကို ကျိပီး စိတ်ထဲ ဘယ်လိုမှ မကောင်းပါ….

အနော့်ချိန်ခွင် ထပ်ပြီး တစ်ဘက် စောင်းပါရစေအူး….. ဒေါ်အောင်ဆန်းစုကြည်လောက် မြန်မာနိုင်ငံကို စေတနာ ထားတဲ့ ခေါင်းဆောင်မျိုး ဆယ်ဆုနှစ် တော်တော်များများ ထပ်မပေါ်နိုင်တော့ပါဘူး….

ဒီလို နိုင်ငံရေးအရေးကြီးနေတဲ့ အချိန်မှာ ခရိုနီတွေကတော့ မိုးစက်ဝိုင်အရေး တို့အရေးဖြစ်နေပါတယ်။

မိုးစက်ဝိုင်အောင်ပွဲရသွားရင် ခရိုနီအောင်ပွဲလို့ပဲ မြင်ပါတယ်….

လူဦးရေ သန်း ၆၀ ထက်ပိုပြီး မိုးစက်ဝိုင်ကို မချစ်နိုင်ပါဘူး….

ဟတ်ကဲ့ … အနော် တောက်ကျင့် မကောင်းဝူး လူမျိုးရေးခွဲခြားတယ်… မိုးစက်ဝိုင်အပေါ် မနာလိုစိတ်ကြီးတယ်… ပြောလဲ… မှန်တာပေါရရင် တောက်ရေးမစိုက်ပါဝူး… :mrgreen:

သူမဟာ ခရိုနီတွေရဲ့ Symbol ဖြစ်နေတဲ့အတွက် အနော်သူမကို လက်ခုတ်တီးမပေးနိုင်ပါဘူး…..

ဒါပါပဲ…. အလိုမတူသူများ စဆဲလို့ရပါဘီ…. :mrgreen:

About Wow

has written 62 post in this Website..