ခွေး ဖြစ်ချင် လာခဲ့

=========================

ဝုတ် … ဝုတ် …
ဒါ .. ကျုပ်ရဲ့ ငါ ထင်တဲ့ အသံ …
ဒီအသံ ခပ်ပြင်းပြင်းဆို “ခင်ဗျားတော့ သေတော့မယ်” လို့ အဓိပ္ပါယ်ရတယ်။

ကိန် … ကိန် …
ဒါ … ကျုပ်ရဲ့ တပ်ခေါက်ပြန်တဲ့ အသံ
ဒီအသံ “ကျုပ် နာတယ်။ ကျုပ် ကြောက်တယ်” လို့ အဓိပ္ပါယ် ရပါတယ်။

အကယ်၍ …
ကျုပ် ဖင်မြှီးလေးများ ရမ်းတန်း ရမ်းတန်း ဖြစ်နေပြီဆို
ခင်ဗျားကို ခင်မင်ပါသည် ဟု ဆိုပါတယ်။

“……….
ဝုတ် … ဝုတ် …
ကိန် … ကိန် …
အမြှီး ရမ်း …
……….”

ဘယ်လောက်များ မာယာမဲ့လိုက်လေသလဲ …
မာယာတွေ တပုံတစ်ခေါင်းနဲ့ လူ့ဘောင်လောကထက်စာရင်
မာယာမဲ့ ရိုးစင်းလှတဲ့ ခွေးဘဝ က ပိုကောင်းတယ်
ဒါကြောင့် … ကျုပ် ခွေးဖြစ်နေရတာ အကျေနပ်ကြီး ကျေနပ်တယ်။

စကားမစပ် ….
ခင်ဗျား လည်း ကျုပ်လို ခွေးဖြစ်ချင်ရင် ဖြစ်လို့ရတယ်။
ခင်ဗျား ခွေးဖြစ်တဲ့အခါ ယောင်တောင်တောင် မဖြစ်ရလေအောင်
ဟောဒီ ကောင်က …
ခွေး အတတ်ပညာ ဆရာစား မချန်ဘဲ
ဟုတ်တိပတ်တိ ခြွင်းချက်မရှိ အကြွင်းမရှိ သင်ပေးပါ့မယ်။
အခကြေးငွေလား .. အလကား စေတနာ ဗလပွနဲ့ သင်ပေးမှာပါ။
တစ်ပြားမှ မယူဘူး …။ စိတ်သာချ …။

ဒီတော့ ….
“ခွေး ဖြစ်ချင် လာခဲ့ကြ”
ဘာညာကွိကွ ယူလာစရာ မလိုပါဘူး
မာယာမဲ့ ရိုးစင်းလှတဲ့ ဒီသုံးခုကို လက်ပူးလက်ကြပ် သင်ပေးမယ် …
ဝုတ်ဝုတ် … ကိန်ကိန် … အမြှီးရမ်း …။

=========================
By – မဟာရာဇာ အံစာတုံး
=========================

13 comments

  • ကျော်စွာခေါင်

    November 2, 2013 at 6:09 pm

    တောက်စ်စ်စ်…
    ဘုမသိ၊ ဘမသိ စွတ်ရွတ်ဝင်လာခဲ့တာ ငါက ပထမဆုံးဖြစ်နေပါလား…
    ခွေးဖြစ်ရင် ပန်းချီဆွဲလို ့မရတော့ဘူး… ပြန်တော့မယ်…
    ဝုအူးးးးးး = ဘိုင့်ဘိုင်

    • lele kyi

      November 2, 2013 at 7:58 pm

      ဆြာခေါင် ဂေါ်ရီလာ ပန်းချီဆွဲတတ်တယ်။ သတင်းမှာမြင်ဘူးတယ်။ U$10000 လောက်ရတယ်။ သူ့လျှာနဲ့ဆွဲတာဆိုပဲ။ ဝုအူးးဆိုတာငိုတာဟုတ်ဘူးလား။

  • inz@ghi

    November 2, 2013 at 6:23 pm

    သခင်မျိုးဟေ့ …ဒိုဘာမန်…

    အာဝူး …..

  • KZ

    November 2, 2013 at 7:52 pm

    သူ့ရဲ့ခွေးလေးများဖြစ်ရရင်လေ………………………………

    ခွေးလေးလို ကြိုးနဲ့ဆွဲကာခေါ်သွားမလားးးးး
    မနေခဲ့ပါ။ တကောက်ကောက်လိုက်မှာပဲ……………………..

    :mrgreen:

    • Wow

      November 4, 2013 at 10:03 am

      ကျောပိုးအိတ်လေးထဲထဲ့ခါခေါ်သွားမလား သူ့သဘောကိုလုံးလုံးမဆန့်ကျင်ဘူး….
      ကျောပိုးအိတ်ထဲလိုက်ရတာ ပိုဇိမ်ကျဒယ် ဆွိရဲ့ :mrgreen:

      • KZ

        November 4, 2013 at 10:06 am

        နိ ဘာသိလို့ရဲ။
        ဆွဲခေါ်မဲ့ကြိုး က စိန်စီထားတဲ့ ရွှေကြိုးဟဲ့။

        :mrgreen:

  • alinsett

    November 2, 2013 at 8:37 pm

    ဟွန်း..
    လူစဉ်မမှီတဲ ့ကဗျာ…။

    ဟိုဒင်းဖြစ်ချင်လို ့….လာတာမဟုတ်ဘူးဟေ့..။
    အားနာလို ့.. ဝင်လာ ဖတ်တာ..။

    အဲဒါ..ဖတ်ပြီး..
    မသိအောင် ပြန်ထွက်မလို့ပဲ..
    အရှုံ းမရှိအောင်.. 10 ဝင် ယူလိုက်တာ..
    ဒါပဲ…

    :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2013 at 12:35 am

    ဒါလည်းဝဋ္ဋ်ကြွေးလို့ဘဲသဘောထားလိုက်ပါတယ်
    ဘယ့်နှယ်
    ခွေးဖြစ်ခြင်သတဲ့
    ခွေးသွားမေး သစ္စာတရားသိလား ဘယ်သိမတုန်း
    ဗျာဘါဒ ပူပင်သောက စားရဘို့ ဟိုလူ့ခြောက်တာခံရ
    ဒီလူ့ မောင်းထုတ်တာခံရ
    ကံမကောင်းရင်
    တရုတ်ပြည်အပို့ခံရလို့ကတော့
    ( ဥပါဒါန်ကြောင့် ဥပါဒါန်ဖြစ်တယ်ဆိုဘဲ )
    ရံခါ ကိုယ့်ဇာတ်ကို ကိုယ့်ဝဇီက ဖေါ်ညွှန်းတတ်တယ်
    ( ပြောလို့ဖြစ်တယ် လို့ယုံကြည်တာလည်း အသမ္မာဒိဌိ )
    ကြားဘူးမလားမသိ ပုံပြင်လိုလိုဘါလိုလို
    သားအဖနှစ်ယောက် အလုပ်အတူတူလုပ်ရင်းမောလို့ထိုင်နေတုန်း
    သားဖြစ်သူက
    ဒီအချိန်မှာ ရွှေတစ်ပိသာလောက်ရလို့ကတော့ သူများအလုပ် မလုပ်တော့ဘူး
    သားဖြစ်သူက အဲ့လိုလည်းပြောလိုက်ရော
    ဖအေလုပ်သူက သားဖြစ်သူကို ထကန်ပါလေရော
    ကန်ရင်းပြောလိုက်တယ်
    အလကားပြောတာကို တစ်ပိသာထဲ ပြောရမလားတဲ့
    ပြောပေါ့
    စားမကုန်သောက်မကုန်
    ဒီလိုဖြစ်နေဘီ
    အလကားပြောတာ ခွေးဖြစ်ခြင်သတဲ့
    တယ်!!!!!
    ငါလုပ်လိုက်ရ
    ဟိုမျက်မှန်နဲ့ အဒေါ်ကြီးကို လင်လုတယ်ထင်မှာချိူးယို့ :mrgreen:

  • အရီးခင်

    November 3, 2013 at 9:29 pm

    ဟဲ့ မောင်အံ
    အမြီးလေးရမ်းရင် “အိ အိ” လို့ အသံပေးရတယ် ….. မှတ်ထား။ 😛
    အိ အိ အိ (အမြီးရမ်း သွားသည်)

  • kyeemite

    November 4, 2013 at 9:09 am

    မောင်အံစာက တရွာလုံးကို ခွေးဇာတ်သွင်းနေတာလားကွ… 😛
    ဝုဝူးးးးးးးးးးးးးး = လာကြပါအုံးဗျို့
    😀

  • မဟာရာဇာ အံစာတုံး

    November 4, 2013 at 9:35 am

    အဟမ်းးး ဟမ်းး
    ကြွရောက်လာကြသူ အားလုံးဘဲ …
    အဟမ်းး ဟမ်းး
    မှတ်ထားလိုက်ပီနော် .. ခွိခွိ
    :mrgreen:

  • TNA

    November 4, 2013 at 8:18 pm

    အင်း ဟိုဘက်ကပိုစ့်ကိုမှီညမ်းရရင်တော့ အခုခင်ဗျားဘာလုပ်နေဒလဲဆိုရင် အင်းးးးးးးးးးးးးးးးးးးးးးးးး ဝုတ်ဝုတ် ဝုတ် ( အသံပြင်း ) ဒါဗြဲ။ ပြန်ဘီ။

  • နေတိုး

    November 5, 2013 at 3:09 pm

    ခွေးဖြစ်ချင်ရင် လာခဲ့ဆိုလို့ လာခဲ့ပါတယ်
    ဆြာစားမချန် အကုန်အစင် သင်ပေးမယ်ဆိုလို့ ဝမ်းမြောက်မိပါတယ်
    သို့ပေသိ တဦးတယောက်ကများ ဆြာ့စာဖတ်ပီး
    ……..
    ခွေး မိတ်လိုက်နည်းကို သင်ပေးပါဆိုရင် ( ရိုင်းတယ်မထင်ပါနဲ့ )
    ဆြာ ဘယ်လို ကွန်းမင့်ဘောက်စ်မှာ ပြန်ရေးမလဲ မြင်ချင်စမ်းပါဘိ

Leave a Reply