ဆန္ဒပြမှုတွေခေတ်စားနေပြန်ပြီ ဘာကိုဆန္ဒပြတာလဲမသိဘူး တစ်ယောက်ထဲနော်

Thiha Phone MoNovember 22, 20131min1000

တောင်တွင်းကြီးမြို့တွင်စက်သုံးဆီဆိုင်ပြောင်းရွှေ့ပေးရန် ခွင့်ပြုချက်မရရှိဘဲ တစ်ကိုယ်တော်ဆန္ဒပြသူ သက်ဆိုင်ရာမှအမှုဖွင့်

     တောင်တွင်းကြီးမြို့၊မကွေး-တောင်တွင်လမ်း၊တောင်တွင်းကြီး-အောင်လံ-ပြည်လမ်းဆုံရှိ New day စက်သုံးဆီဆိုင်ရှေ့ တွင် နိုဝင်ဘာ(၇) ရက်နေ့နံနက်(၉)နာရီချိန်က ပြေစိုး၊ဂက်စ် မီးခြစ်ဖြည့်လုပ်ငန်း ၊ရွှေအိုး(၂)ရပ်ကွက်၊တောင်တွင်းကြီးမြို့နေသူသည် ဗီနိုင်းစဖြင့်ပြုလုပ်ထားသောဆိုင်းဘုတ်(၃)ခုအားလည်ပင်းတွင်တစ်ခု၊ဝဲ/ယာ လက်တစ်ဖက်စီတွင်တစ်ခုစီကိုင်ဆောင်ပြီး New Day စက်သုံးဆီဆိုင်အားမြို့ပြင်ရွှေ့ပြောင်းပေးရေး အတွက်တစ်ကိုယ်တော်ဆန္ဒပြနေကြောင်းသိရှိရသည်။ဗီနိုင်စတွင် နိုင်ငံတော် သမ္မတကြီးကိုကြိုဆိုပါ၏ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို ့မြို့ပတ်လမ်းလမ်းဆုံရှိမီးဘေးအန္တရာယ်အထူးစိုးရိမ်ရသော အမှတ်(၅၄) New Day စက်သုံးဆီဆိုင်အားမြို့ပြင် တစ်နေရာသို့ပြောင်းရွှေ့ပေးပါ စသည့်စာတန်းများပါရှိသည်။ အဆိုပါနေရာ သို့ တောင်တွင်းကြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်ဆွေနှင့်အဖွဲ့သွားရောက်ခေါ်ဆောင်ပြီး ပြေမိုးအား ခွင့်ပြုချက်မရှိဘဲ တစ်ကိုယ်တော်ဆန္ဒမှု ဖြင့် တိုင်တန်းခဲ့ရာ သက်ဆိုင်ရာတောင်တွင်းကြီး မြို့မရဲစခန်းမှ(ပ)၂၀၈/၂၀၁၃ ၊ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလည့်လည်ခွင့်ဆိုင်ရာဥပဒေပုးဒ်မ (၁၈) ဖြင့်အရေးယူထားကြောင်းသိရှိရသည်။

ဂန့်ဂေါမြို့နယ်တွင် အမည်မသိပုတ်ပွ အလောင်းတစ်လောင်းတွေ့ရှိ

       ဂန်ဂေါမြို့၊အမှတ်(၁)ရပ်ကွက်ဘေးရှိ မြစ်သာမြစ်အတွင်းခြုံနွယ်ပေါ်တွင် နိုဝင်ဘာ(၆)ရက်နေ့ညနေ(၄)နာရီ(၄၅)မိနစ် ချိန်ကလူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်းသိရှိရသည်။အဆိုပါနေရာသို့ ဂန်ဂေါမြို့မရဲစခန်းမှူး ဒုရဲမှူးကြည်ငွေ ၊ဂန့်ဂေါပြည်သူ့ဆေးရုံမှ ဒေါက်တာခိုင်ဇော်ဝင်း၊အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးတို့ရောက်ရှိစစ်ဆေးခဲ့ရာ အမည်မသိအ လောင်းတစ်လောင်းမှာ အဝတ်အစားမပါ ခန္ဓကိုယ်ပျက်စီး ပုတ်ပွနေကြောင်း ပြင်ပဒဏ်ရာရှိ/မရှိ စစ်ဆေး၍မရ ရှိကြောင်း ရေနစ်သေဆုံးသည့် လက္ခဏာရှိကြောင်း သက်ဆိုင်ရာဆရာဝန်မှမှတ်ချက်ပြုခဲ့သဖြင့် ထိုသေဆုံးမှုပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် ဂန့်ဂေါမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ထော်လာဂျီတစ်စီးအရှိန်မထိန်းနိုင်ဘဲ မြောင်းအတွင်းထိုးဆင်းသဖြင့် ယာဉ်မောင်းသေဆုံးမှု ပွင့်ဖြူမြို့နယ်တွင်ဖြစ်ပွား

         ပွင့်ဖြူမြို့နယ်၊ရွှေဘိုရွာသစ်ကျေးရွာအရှေ့ဘက်ရှိ မြောက်မုန်းမြောင်းမကြီးအတွင်း နိုဝင်ဘာ(၆)ရက်နေ့နံနက်(၉) နာရီချိန်က ထော်လာဂျီတစ်စီးထိုးကျသွားကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ မြောက်မုန်းမြောင်းမကြီး မိုင်တိုင်အမှတ် ၇၉/၈ဝအကြားတွင် ကိုနိုင်၊အသက်(၂၅)နှစ်၊ကုန်းဇောင်းကျေးရွာ ပွင့်ဖြူမြို့နယ်နေသူမောင်းနှင်ပြီးနောက်တွင်လူနှစ်ဦး ၊ နွားနှစ်ကောင်တင်ဆောင်လာသော ထော်လာဂျီယာဉ်သည်အရှိန်မထိန်းနိုင်ဘဲ မြောင်းမကြီးအတွင်းသို့ထိုးကျနစ်မြုပ်ခဲ့ ရာတွင် ယာဉ်ပေါ်ပါလူ(၂)ဦးမှာဒဏ်ရာရရှိခြင်းမရှိဘဲ၊ ယာဉ်မောင်း ကိုနိုင်တွင် ယာဘက်ပေါင်ပေါက်ပြဲဒဏ်ရာ၊ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း ၊ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုနိုင်အား ပွင့်ဖြူမြို့နယ်၊မြို့မရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၁၃၊ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။