ဝန်ခံရရင် ကျနော်ကိုယ်တိုင်က လိပ်ပြာပုံရိုက်ရတာ နှစ်သက်လို့..

လွန်ခဲ့တဲ့ ၂နှစ်က လိပ်ပြာ macro အကြောင်း ရေးထားတဲ့ ဘုတ်အုတ် ထူကြီး ရှာဖတ်ဖူးတယ်..

 

စာရေးသူဆြာသမားက အစကတည်းက ယဉ်သကို ဆိုသလို စတာနဲ့ ဖြဲတော့တာပဲ..

Moths (ပိုးဖလံ) နဲ့ Butterflies (လိပ်ပြာ) ဘယ်လိုတွေ ကွာခြားတယ် ဆိုတဲ့အကြောင်း ကို…

အဲ့သည့်မှာ ပဲ မျက်လုံး ပြူးရတော့သကိုးဗျာ…။

http://www.loc.gov/rr/scitech/mysteries/butterflymoth.html

အဲ့သည့်မှာ အကျဉ်း သွားဖတ် နိုင်ပါသဗျ..

 

ကျနော့် အနေနဲ့က အတောင် ၄ခုရှိပြီး အဆင်အကွက်လှလို့ အရောင်အသွေးကြည့်ပျော်ရှုပျော်ဖြစ်ရင်
လိပ်ပြာ မှတ်နေတာကိုး … မဟုတ်ဘူးဗျ….။

 

အဲ့ဒါလေးတွေ မြင်လွယ်သမျှ ပြောပြရရင်ဖြင့်…

 

450px-Pupa3-cropped

moth က ဟောသလို ဥပီး

456px-Monarch_Butterfly_Cocoon_3

လိပ်ပြာကတော့ ဂလို ဥပါသတဲ့

 

ဆက်ဆွဲမယ်ခည…

 

800px-Female_emperor_gum_moth

Moth က ဂလို နားလေ့ရှိပြီး

 

631px-Beautiful_butterfly_2-cutout

လိပ်ပြာက ဒီလို နားလေ့ရှိပါသတဲ့

တခုတော့ ရှိသပေါ့ဗျာ … အနှီ အကောင်လေးတွေ နားတဲ့အချိန်ဆိုတာ … သိုင်းကားထဲကသွေးကြောပိတ်ခံထိသလို တောင့်တောင့်ကြီး

ဖြစ်နေလေ့ရှိတာမဟုတ် တောင်ပံခတ် နေသေးတာ ဆိုတော့ကာ … ကားပီးနားလေ့ရှိတဲ့ကောင်ကိုလည်း ထောင်ေ်နတုန်း ရိုက်မိတာ ရှိနိုင်သလို

ထောင်လေ့ရှိတဲ့ကောင်ကိုလည်း ကားနေတုန်း ရိုက်ဖြစ်မိမှာလည်း ရှိမပေါ့လေ…

http://en.wikipedia.org/wiki/Comparison_of_butterflies_and_moths

အဲ့သည့်မှာ အကျယ် သွားဖတ်နိုင်ပါသဗျာ…

ကျနော်ကတော့ စာတမ်းပြုစုမှာလည်း မဟုတ်သလို ..လိပ်ပြာ သက်သက်လည်း ရိုက်ဖို့ စိတ်ကူးမရှိတာကြောင့်..

(တကယ် ရိုက် ချင်တာက စိုင်….. တင်လိုက်ရမား ..ဟင်င်င်င်င်င်)

 

ထားပါလေ..

အဲ့သည်မှာတင် သင်ခန်းစာတွေ တပုံကြီးရပြီး အနှီ ဘုတ်အုတ်ရဲ့ နောက်ပိုင်း ချက်ပတာတွေကို

ခေါင်းစဉ်ဖတ် ပုံကြည့် ပဲ လုပ်ခဲ့မိတော့တယ်..။

ကြုံလို့ ပြောပြရရင် အဲ့သည့်မှာလည်း ကျုပ်တို့ဆီက တော်ရုံ လိပ်ပြာရိုက် ဓါတ်ဆြာ လိုက်မလုပ်နိုင်တာတွေ လုပ်ပြသွားခဲ့သေးသဗျ..။

လိပ်ပြာတကောင်ရဲ့ သိပ္ပံနာမည် ကျင်လည်ကြက်စားရာဒေသ .. မိတ်လိုက်ရာသီ အမူအကျင့် မျိုးရင်း မျိုးကွဲ… စသည် စသည်..

ပေါ့သေးသေးမဟုတ်တဲ့ ဒေါက်ထွိတ် အဆင့်ရှိ လိပ်ပြာအထူးပြု entomologist တယောက်လောက်ကို လေ့လာထားတာပါပဲ..

သူ့ subject အကြောင်း ဂလောက်နောကျေမှတော့ဗျာ …သူသုံးတဲ့ ပစ္စည်း ပစ္စယ .. တက္ကနီကွေး မတ်သတ်.. မာယာ ..

ဇွဲ.. လုံ့လ နဲ့ …ဇောစိတ် အကြောင်း (မားသားယီးကတော့ အဲ့တာ မကောင်းတဲ့ ဈာန်တွေ ဝင်စားတာတဲ့ …. အဟွတ်)

ပြောဖို့ ကို မလိုတော့ဘူးထင်ပါ့….

ကျနော်တို့ နဲ့ သူရို့နဲ့ အလုပ်တခု လုပ်ရင် ဘာကွာသလဲ ဆိုတာ ခဲ့သည့်မှာ အထူကြီး သိခဲ့ရတယ်ဗျာ…

ခုလည်း ငါးပြန်မွေးနေလို့ … သင်ခန်းစာ (အကုသိုလ်)တွေ တပုံကြီး ရနေကြောင်းရယ်… စကားချပ်)

ထားပါတော့ဗျာ…. သူ့စာအုပ်အကြောင်း ..နဲ့ အကုသိုလ်အကြောင်း။
ကျနော် ရိုက်ခဲ့သမျှက moths လား butterflies လားဆိုတာကတော့ …..။

.
.
.

 

IMG_0724

IMG_0705

IMG_0699

IMG_0692

IMG_0687

IMG_0663

IMG_0651

 

 

P.S ဆယ်ပြားစေ့ လောက် ရှိတဲ့ အကောင်လေးတွေနဲ့ … ချစ်လှစွာသော ပုစဉ်းရင်ကွဲများ ကို ဖြတ်တောက်နေတုန်းမို့ ချန်ထားခဲ့ပါသေးသည်…

တော်သေးဘီ

ခင်တဲ့

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011