မပြောတော့ဘူးလို့နေတာ…
ဒါပေမယ့် သိချင်တဲ့သူတွေတအားများနေလို့ ပြောပြတာ…
ဟို…လေယာဉ်ပျံ ကိစ္စလေ…
ဒီလို…ဒီလို…
လေယာဉ်ကြီးက မလေးရှားက ထွက်ပြီး တအောင့်နေတော့ တီဗီမှာ အစီအစဉ်တစ်ခုပြတယ်…
ပြတာက ((ထူးဆန်းထွေလာ ပြည်မြန်မာ))ဆိုပြီးတော့…အစပိုင်းကတော့ လူတွေက စိတ်မ၀င်စားဘူး…တန်သုံးဆယ် ကျောက်စိမ်းတုံးကြီး ပြလိုက်မှ လေယာဉ်တစ်ခုလုံး သဲသဲမဲမဲ စိတ်ဝင်စားသွားကြတယ်…ပါတာတွေကလဲ တရုတ်တွေများတာကိုး…
ကျောက်စိမ်းတုံးကြီးက ဗြုန်းကနဲ ရွှံ့   တုံးကြီးအဖြစ် ပြောင်းသွားတော့ လူတွေအကုန်လုံးလဲ… ဟာ…ကနဲ ဖြစ်သွားပြီး  တရုတ်ပြည်မသွားတော့ဘူး…မြန်မာပြည်ပဲသွားမယ်…မြန်မာပြည်မှာထူးဆန်းအံ့သြဖွယ် မျက်လှည့်ကြည့်မယ် ဖြစ်ကြပါရော…
ခရီးသည်တွေက ၀ိုင်းအရေးဆိုကြရော…လေယာဉ်မှုးက လက်မခံဘူး…အဲ့တော့ ခရီးသည်တွေက စာရွက်တွေကိုင်ပြီး ဆန္ဒပြကြတာပေါ့…
လေယာဉ်မှုးကလဲ ခွင့်ပြုချက်မရှိပဲ ဆန္ဒပြရင် အရေးယူမယ်ဆိုပြီး အမြင့်ပေ ၄၅၀၀၀ ကိုပျံတက်ပြပြီး ခရီးသည်တွေကို ချိန်းခြောက်တယ်…မရဘူး…ထပ်ပြီးမီးလောင်ဗုံးနဲ့  ခွဲပစ်မယ်ဆိုပြီး ထပ်ခြိမ်းခြောက်တယ်…မရပြန်ဘူး…
နောက်ဆုံး အနုနည်းနဲ့ အချိုသတ်တယ်…ဒီမိုကရေစီ နည်းကျကျ စက်ခလုတ်နှိပ်မဲခွဲမယ်ဆိုပြီးမှ  စက်ခလုတ်ပျက်နေတာနဲ့ ထောက်ခံပါသလားခင်ဗျား…၃ ခါအော်မေးလိုက်ပါတယ်…ဝေါကနဲ ဝေတေးဝါးတားအသံနဲ့ ထောက်ခံပါတယ် …လို့ ၀ိုင်းဖြေကြတယ်…ကန့်ကွက်မယ့်သူရှိပါသလားလို့ တစ်ခါမေးတော့ ဘယ်သူမှ အသံမထွက်ရဲကြဘူး…
ဒီတော့မှ လေယာဉ်မှုးက ကန့်ကွက်မယ့်သူမရှိတဲ့အတွက် လေယာဉ်ပျံကြီးကို မြန်မာပြည်ဘက်လှည့်ပျံပါတော့မယ်ခင်ဗျား လို့ကြေငြာလိုက်မှ အိပ်ငိုက်နေတဲ့သူတွေပါရောလက်ခုပ်တီးကြသတဲ့…
ဆင်းစရာ နေရာလိုက်ရှာတော့ ဘယ်မှ မတွေ့တာနဲ့ ကိုကိုးကျွန်းက တရုတ်တွေ ခိုးဆောက်ထားတဲ့ လေယာဉ်ကွင်းမှာ ဆင်းပြီး ခရီးသည်တွေကို မျက်လှည့်ဆိုပြီး အကျီင်္ င်္ချွတ် ရေထဲငုတ်ခိုင်းပြီး ဆလုံတွေလို နေခိုင်းထားတယ်တဲ့…
အဲ့သတင်း ကြားတော့ ဆယ်တန်းခြေခါနီး ၁၆ နှစ်သားကျောင်းသားလေးက 777 လေယာဉ်ပျံကြီး ကြည့်ချင်ပါတယ်လို့   အသက် ၄၁ နှစ် ဆရာမကို ပူဆာတော့ ဆရာမကလိုက်ပို့တာကို တခြားသူတွေက ခိုးပြေးကြပါတယ်ဆိုပြီး အထင်တွေလွဲပြီး အမျိုးမျိုးပြောကြသတဲ့…အမှန်တော့ ဘယ်ဟုတ်မှာလဲနော့…

သန်းခေါင်စာရင်းမကောက်ခင်တော့ တရုတ်ပြည်ပြန်ပို့မှ ဖြစ်မယ်ဆိုပြီးတော့ သမ္မတကြီးကတော့ နွားနို့သောက်ရင်းတွေးနေသတဲ့…၀န်ကြီးတစ်ပါးကတော့ ကျေးဇူးရှင်တရုတ်ကြီးတွေပါလားဆိုပြီး စားဦးစားဖျားတွေ ဆက်သနေသတဲ့…နောက်တစ်ပါးကတော့ ထမင်းမလောက်ဘူး…ကျုပ်တော့  လျှော့မစားနိုင်ဘူး…ခင်ဗျားတို့ပဲ လျှော့စားဆိုပြီး…ပြောဆိုတယ်တဲ့…လမ်းတခြမ်းခင်းကတော့ ငါ သမ္မတ ဖြစ်ရင် ဒီလေယာဉ်ကြီး ငါတီထွင်ထုတ်လုပ်တာဆိုပြီး ကြွားဖို့ ကြံစည်နေသတဲ့…

အဖြစ်အပျက်ကတော့ ဒါပါပဲ…ခရီးသည်တွေက တစ်ယောက်မှ မသေပါဘူး…ပင်လယ်ရေ စိမ်လိုက်…မြန်မာပြည်က ကျွေးတာတွေ စားလိုက် နဲ့ဇိမ်ကျနေကြပါသတဲ့…အိမ်လွမ်းတဲ့သူတွေကတော့ အိမ်ကို ဖုန်းဆက်မယ်ဆိုပြီး ဟမ်းဖုန်းလေးတွေထုတ်ပြီး ဟိုနားလိုင်းမိနိုး…ဒီနား လိုင်းမိနိုး နဲ့ လိုင်းရှာနေကြတာ MPT ကျေးဇူးကြောင့် တိုင်ပျောက်ပြီး ဘယ်နားမှ လိုင်းမမိလို့ ဘယ်သူ့ကိုမှ အကြောင်းကြားလို့ မရကြတာပါ…အ၀င် Call တော့ တခါလေးဝင်လာသားတဲ့…ကိုင်လိုက်တော့ လိုင်းကျသွားတယ်တဲ့….

မြန်မာပြည်က ဗေဒင်ဆရာ နှစ်ယောက်ကတော့ ခေါင်းချင်းဆိုင်တိုင်ပင်ကြသတဲ့…မင်းကပျက်ကျတယ်ပြော…ငါက အပိုင်စီးခံရတယ်ပြောမယ်…နှစ်ယောက်တစ်ယောက်တော့ မှန်မှာပေါ့…ပြေးမလွတ်ပါဘူး…မှန်တဲ့သူ ဘီယာတိုက်ကြေးဆိုပြီး လောင်းထားကြလို့ ငါ မမှန်ပါစေနဲ့ဆိုပြီး ဆုတောင်းနေကြလေသတဲ့…

ကဲ…ဘာသိချင်ကြသေးလဲ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...