ကဲ ကျွန်တော်လဲပို.စ်တင်တယ်ဗျာ…

ဘယ်နှယ့်ဗျာ.. ဂဇတ်အတိုင်ပင်ခံပို.စ်နဲ. ဒင်း ၁သိန်းပြည့်မယ့်အရေးကို မြင်မိတယ် ကျုပ် လဲ မြန်မာတစ်ယောက်ပဲ မြန်မာ့ထုံးစံအတိုင်း သူတပါးကောင်းစားကြီးပွားနေရင် မနာလိုဖြစ်တာ ကျုပ် အပြစ်မဟုတ်ဘူးနော်…..ဟွင်းဟွင်း..

ကျုပ်တို.နိုင်ငံမှာ ဟိုလူက လက်ဖက်ရည်ဆိုင်ဖွင့်လို.ကြီးပွားရင် လိုက်ဖွင့်…

ဟိုလူက ဘီယာဆိုင်ဖွင့် လို.ချမ်းသာရင် လိုက်ဖွင့်…..

ဟိုလူက ကွမ်းယာရောင်းလို. ရောင်းကောင်းရင် လိုက်ရောင်း…

ဟိုလူက ဘောလုံးဒိုင်ကိုင်လို. မြတ်ရင် လိုက်ကိုင်…

ဟိုလူက နှစ်လုံးသုံးလုံး ဒိုင်ခံလို. သောင်သာရင် လိုက်ခံ….

ဟိုလူက မာဆတ်ဖွင့်လို. တိုးတက်လာရင် လိုက်ဖွင့်…….. အဲလို အဲလို လူတွေ နေတဲ့ နိုင်ငံမှာ နေနေတဲ့ ကျုပ် လဲ ဘာသားနဲ.ထုထားလို.လဲ…

အခုဟောကြည့် အလင်းဆက်ဆိုတဲ့(အဆက်ကလေး)က အတိုင်ပင်ခံပို.စ်ဆိုပြီး လုပ်တော့ ကော့မန်.တွေ ရ အမှတ်တွေတိုး ၁သိန်းပြည့်တော့မယ်ဆိုတော့ ကျုပ်လဲ မြန်မာနိုင်ငံသားပေမို. မနာလိုလေးတော့ ဖြစ်မိသားဗျ..

အဲဒီတော့ ထုံးစံအတိုင်း…. သူတင်သလိုကျုပ်လဲ ပို.စ်တင်တယ်ဗျာ… ကဲ.. သူလိုတော့ အတိုင်ပင်ခံပို.စ် ဆိုပြီး အိုင်ဒီယာမရှိပေတော့ သများလုပ်သလိုလဲ မလုပ်နိုင်တော့… အတိုင်ပင်ခံပို.စ်လိုပဲ အဆဲခံပို.စ်ဆိုပြီး တင်မယ်ဗျာ.. မကောင်းဘူးလား…. ဟိဟိ

အဲအဲနေအုံးဗျ.. အဆဲခံပို.စ်တင်တယ်ဆိုတာလဲ… ကိုယ်ကို အရေးလုပ်ပြီး ဆဲအုံးမှလေနော.. အင်း..အဲ.. ဒီတော့ကား… အဆဲခံရအောင် ဘယ်လိုလုပ်ရပ… အင်း…

ဟင်းးးးးးး ဆဲယုံနဲ.လဲမပြီးသေးဘူး.. တော်ကြာ ကိုယ့်ပို.စ်က မဆဲချင်ဖြစ်နေရင် ကော့မန်.များများမရရင် ကိုက်မှာမဟုတ်ဘူး….. ပြီးတော့ တစ်ရွာလုံးကလဲ ဆဲချင်လာအောင်လုပ်ရအုံမယ်…

ဟုတ်တယ်လေ… တစ်ရွာလုံးကျွတ်ဝင်ဆဲမှ ကိုက်မှာကိုးဗျ… အဲဒီတော့.. တစ်ရွာလုံးဆဲအောင် ဘယ်လိုလုပ်ရဘ…..အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သင့်ခ် သင့်ခ် သင့်ခ်

ဟေးဟေးအကြံရဘီ ခေါင်ထိအကုန်ရဆိုသလို.. သဂျီးကို အရင်ဗျင်းရမယ်..ဟဲဟဲ :boss:

သဂျီးက သူမိန်းမမသိအောင် အမေလိကန်မ ဆိုဒ်ပြည့်ဂိုက်ပြည့်တစ်ယောက်နဲ. ကျိတ်ပုန်းခုတ်နေတယ်ဆိုလားပဲ….

ပြီးတော့ရှိသေးတယ်.. ဦးဘလက်ချောဆိုတဲ့လူကြီးကလဲ မာဆတ်မှာအကြွေးတွေ ဝိုင်းဝိုင်းလည်နေတယ်ဆိုပဲ..

ဦးပါလေရာဆိုတဲ့လူကြီးလဲ သူကိုသူ လူပျိုကြီးပါဆိုပြီး ကော်ဖီဆိုင်က ကောင်မလေးကို မျက်စိမှိတ်မှိတ်ပြနေတယ်တဲ့… ဟိဟိ :mrgreen:

အဲအဲ မီးကြိုက်တဲ့ ကြီးမိုက်ဆိုတဲ့လူကြီးလဲ….. အခု သူမီးဆိုင်မှာ ကူကူလုပ်ရင် အရက်ခွက် ခေါက်ဆွဲဖတ်တွေထဲ ဖွက်ဖွက်ထားပြီး ခိုးသောက်နေတယ်တဲ့…

နောက်ပြီး အန်တီပဒုမ္မာ ကလဲ…. ဘုရင့်နောင်တံတားကိုဖြတ်တုန်းက တံတားပြင်နေတဲ့လမ်းခင်းနေတဲ့သူတွေကို ကားရပ်လက်ညှိုးငေါက်ငေါက်ထိုးပြီး.. ရွှေဖိနပ်အသစ်ကြီးစီးနေကြတဲ့သူတွေဆိုပြီး သွားဟားလို. လမ်းပိတ်ဆိုတယ်ဆိုပြီး လိုင်စင်အသိမ်းခံရတယ်ဆိုပဲ…

ဟိုစာလုံးပေါင်းစစ်တဲ့ အဖွဲ.က အန်တီတွေ ကလဲ ဟိုရုံးတွေမှာ လတ်ပေးရန်မလို ဆိုတဲ့ စာကို စလုံးပေါင်းမှားနေတယ် သွားပြောလို. အအော်ခံရတယ်ဆိုလားပဲ… ခိခိ :lol:

ဟိုထမင်းဆိုင်ပိုင်ရှင် ကေဇီ ဆိုတဲ့ အမကြီးကလဲ ဟင်းထဲကို ကြက်သားမှုန်.အစား ယမ်းစိမ်းမှားထဲမိလို. စားတဲ့လူတွေ အစာအဆိပ်သင့်လို. အမှုရင်ဆိုင်နေရတယ်ဆိုပဲ…

ကိုနိုစိုမိ ဆိုတဲ့ လူကြီးကလဲ သူနို.ဆိုရင် မိမိနေလွန်းလို.တဲ့ အခု နို.ဗူးပြောင်းစို.တော့မယ်တဲ့… ဟေးဟေး :-D :-D

မနိုဗွီကတော့ ကမ်းခြေမှာ တူးပီချ်ဝတ်ပြီး သောင်းကျန်းလို.တဲ့…

ဟိုအံချာဒုံးဆိုတဲ့ လူ.. မျက်နှာဒေါင့်မကျိုးတဲ့ အကောင် အခုတော့ မျက်နှာ ဝိုင်းသွားပြီတဲ့ အပွတ်ခံလိုက်ရလို.ဆိုပဲ…. ဘူပွတ်တာလဲဆိုတာ သိဒယ်မဟုတ်လား မပြောချင်ပါဘူးဗျာ…..

အမတ်မင်းဆိုတဲ့ ဦးလူဗျိုကြီးကလဲ ဒီတသက် သူယူရမယ့်မိန်းမမရှိတော့ဘူးဆိုပြီး စိတ်ဓာတ်ကျလို. အခု ယိုးဒယားသွားတယ်ဆိုပဲ….. ဘာလုပ်မလို.လဲမသိ… ဟိဟိ..

စီလုပ်ပြည်က ဦးကျောက်ခဲဆိုတဲ့ လူကြီးကလဲ သူဗိုက်ကြီးပူလာတာ ဘီယာတွေသောက်လို.မဟုတ်ပါဘူးတဲ့.. သူမိန်းမ ဆိတ်ပညာရှင် မမနှင်းကြောင့် လက်ရောင်လိုက်ပြီးကြီးရတာပါဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်အုံးမယ်တဲ့… ခွစ်ခွစ်

ဟို အယ်ဒီတာယောင်ယောင် ဘာယောင်ယောင်နဲ. မော်ဒယ်မင်းသမီးတွေကို သတင်းဓာတ်ပုံရိုက်မယ်ဆိုပြီး သူနဲ. တွဲတွဲပြီး ဓာတ်ပုံညာရိုက်နေတဲ့ အာဂဆိုတဲ့ အစ်ကိုကြီး က ဟိုနေ.က သူမိန်းမ နွယ်ဘင်မသိအောင် ခါးကြားပုလင်းခိုးသွင်းလာတာ… မိသွားတယ်ဆိုပဲ…. ဒါ အိမ်ထဲကို မှောင်ခိုပစ္စည်းသွင်းတာ တရားမဝင် ပစ္စည်းသွင်းတာ အမှုကြီးတယ်နောာာာာာာာ…

ဟိုကမ်းနားလမ်းက အဆင့်မြင့်အိမ်ရာထဲမှာ ခြေတံရှည်အိမ်နဲ.နေတဲ့ အန်တီသဲကလဲ သူယောင်္ကျားကို သိပ်ကြောက်ရတာပဲတဲ့…… facebook မှာ တိုးတိုးတိုးတိုး ပြောနေကြတာပဲ….

အဲမန်းလေးက လေးပေါက်ကြီးကလဲ သူကင်မလာကြီးကို အကြွေးနဲ.ဝယ်ထားတာတဲ့ အခု အဲဒီကင်မလာကြီး ပြန်သိမ်းခံလိုက်ရပြီဆိုပဲ…

ရွာဒတ်ပုံဆြာ ကိုလုလင်ကတော့ အခု ကင်မလာလွယ်မယ့်အစား… ကလေးကျောပိုးအိတ်လွယ်ပြီး ထိန်းနေရတယ်တဲ့….

ကင်မလာမန်း နောက်တစ်ယောက်ဖြစ်တဲ့ ဆြာအုပ် ကတော့ ဓာတ်ပုံမော်ဒယ် အမေရိကန်မကြီးကို မမှီမှီတာ လှမ်းရိုက်တာ… အောက်စလွတ်တာရိုက်မိသွားလို… ပြသနာတတ်နေတယ်ဆိုပဲ… အေးလေ ရိုက်မိမှာပေါ့ ဟိုက အရပ်အရှည်ကြီးနဲ. စကဒ်တိုကလဲဝတ်ထားတာကိုးးးးဗျ… အောက်စလွတ်တာဘယ်ဟုတ်မလဲ ကင်မလာကိုက အဲဒီမြင်ကွင်းပဲ မိမှာပေါ့လို.နော……… ဟိဟိ..(တစ်ရပ်ထဲသားချင်း စော်ကားမော်ကားပြောရတာ အရသာရှိထာအေ….)

ရွာဆရာဝန် AKKO ကလဲ မာဆတ် သွားပြီး နှိပ်တဲ့ကောင်ကလေးတွေရဲ. လက်စပြင်း ဒဏ်ဖြစ် ရောဂါတွေကို အထူးစပယ်ရှယ်ကုပေးတယ်ဆိုပဲ…

မအိတုံကတော့ သူအကျင့်အတိုင်း အိမ်သာထဲ ဓာတ်ပုံရိုက်တာ ယောင်္ကျားလေး အိမ်သာထဲမှားဝင်ရိုက်မိလို.ဆိုပဲ.. ငေးငေး

သကြားမင်းနဲ. အလင်းစက်ကတော့.. လမ်းထိပ်အကြော်ဆိုင်မှာ နပန်းလုံးရန်ဖြစ်ကြသေးတယ်တဲ့ ဒေါ်ဖွားမေကို သူယူမယ်ငါယူမယ်လုကြဆိုပဲဗျ….

ရွာသူမရွှေအိကတော့ ဒီတသက်ယောင်္ကျားမယူတော့ဘူးတဲ့ စီးပွားရေးသမားပဲလုပ်မယ်ဆိုပြီး ယောင်္ကျားအသုံးအဆောင် တွေ တင်သွင်းတဲ့ ကုမ္ပဏီဖွင့်မယ်ဆိုပဲ…

ကိုရဲစည်ကတော့ အခု အရက်၊ဆေးလိပ်၊ကွမ်း ဘာမှ မစားတော့ပဲ အသားအရေထိန်းသိမ်းနေတယ်တဲ့ သူက အခု ဗလာစီယာ ကုမ္ပဏီမှာ မော်ဒယ်လုပ်မလိုဆိုပဲ…

မားစ်ဆွေကတော့ သူ ရဲ. ၂၄နှစ်ပြည့်မွေးနေ.မှာ ရွှေဂုံတိုင်မှာ ဆီလူးကိတ်မုန်.ခွဲမယ်ဆိုပဲ…..

ဦးကြောင်ကြီးဆိုတဲ့လူကြီးကတော့.. အရင် ငါးစားနေကျကို လူပြောင်းစားမယ်ဆိုပြီးစားတာ လူအရိုးစူးလို.ဆေးရုံတင်ထားရတယ်ဆိုပဲ..ဒွစ်သွင်းထားရတယ်ဒဲ့…. အခြေအနေမကောင်းဘူးဒဲ့…

ဟို ကိုမျိုးသန်.ဆိုတဲ့လူကြီးက သူအကျင့်အတိုင်း သောက်ပြီး သွားဟဲဒါ အိမ်ပြန်လာတော့ မနက်အိမ်ကမိန်းကက သူအိတ်ကို ဖွင့်လိုက်တာ မိုက်ကြီး ပါလာလို.ဒဲ့…. ဘူ.လက်ချက်လဲတော့တိဝူး.. ဟေးဟေး

အင်းလူလဲ စုံသလောက်ဖြစ်သွားပြီး..

ကဲ ရွာသူားတွေ အကုန် ဆဲချင်နေပြီလားဟင်……….. ဆဲတော့ဗျာ…

အော်အော် အခု ပြောတဲ့အထဲမှာ မပါတဲ့သူလဲ ပါဝင်ပူးပေါင်းဆဲလို.ရပါတယ်.. ကော့မန်.နဲ.ဆဲခဲ့ရင် ဒီလူတွေထဲမပါတဲ့သူ အကြောင်းထပ်ပြီး Update လုပ်ပေးပါမယ်နော………..

 

မှတ်ချက်။                 ။ ကျေးဇူးပြုပြီး တစ်ခါလောက်တော့ ဆဲခဲ့ပါနော်……နော်လို…………

About ေရႊတိုက္စိုး

has written 79 post in this Website..