ပန်းတစ်ခင်းပျိုးဖို့  ငါလည်းအားအင်အပြည့်ရှိပါတယ်

အမိမြေပေါ်မှာ ကြီးပြင်းသူမို့ စိတ်မနောလည်းဖြူစင်လှသူပါ

ရိုးရာအမွေမပြတ်စေဖို့ အသိစိတ်နဲ့ ကြိုးစားဖူးတယ်

တိုင်းရင်းသားစိတ်ထားအလှ ကမ္ဘာကလည်းသိပါတယ်လေ

ရွှေရောင်လွမ်းတဲ့တိုင်းပြည်မို့ မေတ္တာတရား ကြီးမြတ်သူပါ

အတ္တဆိုဘေးမှာထား မာနကိုအဝေးပို့ ရိုင်းပင်းကူညီသူမို့ တစ်မျိုးချစ်စရာ့အသွင်

အားငယ်သူဖေးမလို့ အကြင်နာတရား ရင်မှာထားသူပါ

ငါမှာလက်နက်မရှိ

ငါ့မှာအမုန်းမရှိ

ငါ့မှာလောဘမရှိ

ပြောသမျှသည် ရိုးသားဖြူစင်ခဲ့ရင် ငါပျိုးသည့်ပန်း လန်းပါစေသား

အကြင်ဘယ်သို့သွားမည်နည်း

အကြင်ဘာကြောင့်အတ္တဆန်နေသနည်း

အကြင်ဘာ့ကြောင့် မအေးချမ်းပါသနည်း

မေးခွန်းပေါင်းအဖြေရှာကြည့်လျှင် လောကကြီး တရားမျှတမှုအဘယ်ကြောင့် အဝေးကိုရောက်နေပြီနည်း

ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမည်

နောက်လိုက်ကောင်းမှ လောက အေးချမ်းမည်

တရားသောလောကကြီးမှာ အသင်ဘာကြောင့် ဇောတက တက်နေရပါသလဲလေ

တွေးကြည့်ပါလေ ပြေးကြည့်ပါလေ မေးသိပါစေကွယ်

တစ်ခဏလေးဘ၀မို့ လောဘမီး ငြိမ်းပါစေသား

ပန်းဆိုတာ နေရောင်ဖြန်းမှပွင့်လန်းသလို

အချိန်တန်မှ ငြိုးပါစေသား

ကလေးသူငယ်အတွေးမှာ အငတ်ဘေးကဒ်မကြုံပါရစေသား

ဆုတောင်းလေးသာ အမှန်ပြည့်ရင်လေ

ငါတွေးမိပါတယ် ပျိုးခဲ့သည့် အကြင်နာပန်း

အစဉ်လန်းပါစေသား

ကာရံ (5.6.2014)
ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..