ရွာသားများခမြား… ကြောင်ကြီးအိဆော် လျှာရာပိုဗာလေးမှ ယနေ့ပြုလုပ်သော ပြင်သစ်အိုးပင်း ဂရင်းစလင်မ် နောက်ဆုံး ဗိုလ်ပုလွဲတွင် အသက်၂၂နှစ်အရွယ် ရိုမေးနီးယားသူ ဆင်မိုနာကို ၆-၄ ၆-၇ (၅) ၆-၄ နှစ်ပွဲတပွဲဖြင့် အနိုင်ရရှိဂါ ချံပီယန်ဆုဖလားကို သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ရယူပိုင်ဆိုင်သွားပါပြီ။ ဒီဆုဟာ သူ့အတွက် ငါးကြိမ်မြောက် ဂရင်းစလင်မ် ချံပီယန်ဆုလည်းဖြစ်ပြီး ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲပေါင်း ၃၂ကြိမ် တိတိ အနိုင်ရဗိုလ်စွဲခြင်းဖြစ်သည်။

ရှေ့ကကြည့်ဂွိ

ရှေ့ကကြည့်ဂွိ

ပြီးခဲ့သောလတွင် ပြုလုပ်ခဲ့သော ပိုရှေးအိုးပင်းနှင် မက်ဒရစ်အိုးပင်း ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲတို့တွင်လည်း အနိုင်ရဗိုလ်စွဲခဲ့သော အသက်၂၇နှစ်အရွယ် ရုရှားသူအလှပဂေး လျှာရာပိုဗာလေးအိ အဓိကဝှက်ဖဲမှာ body massage အနှိပ်သည်ကောင်းကောင်းရှိခြင်းဖြစ်ပြီး ထိုသူမှာ တရုတ်သဗုံ ကြေးမုံဂျီး၏ရန်သူ မြန်တျန့်မျိုးခြစ်ဝါဒီ ဦးကြောင်ကြီးဖြစ်သည်။

နောက်ကကြည့်အိ

နောက်ကကြည့်အိ

တရုတ်သဗုံ ကြေးမုံဂျီး၏ ဆရာမ တရုတ်တင်းနစ်မယ် နလီနှင့် ကရင်သဗုံ အယ်မလေးဗျဂျိုးအီ၏ ဖေးဗရိတ် အမေရိကန်သူ ဆာရီးနားဝီလျံတို့မှာမူ ပြိုင်ပွဲအစောပိုင်းမှာဒွင် အောင်ဖျာလိပ်သွားခဲ့ကြသည်။ ပြင်သစ်အိုးပင်း ချံပီယန်ဆုကြေးမှာ ယူရို ၁.၆၅သန်း (ဒေါ်လာ၂သန်းခွဲ) ဖြစ်သည်။ (ရွာသူတယောက်ကဒေါ့ သူတလ ဒေါ်လှ၁၀၀၀ရဂျောင်း ကြွားသဗျ…။ (၂၀၈နှစ်လုပ်မှ၊ ဒါလည်း မစားမသောက် စုပါမှ လျှာရာပိုဗာလေး ဂရင်းစလင်မ် ဆုကြေးတပွဲစာ မှီမည်မီးပုံးဂျီးရေ…။ သွား.. နင့်ဂို နှိပ်အပေးဗူး။)

ကြောင်ကြီးကိုခြစ်သယ်

ကြောင်ကြီးကိုခြစ်သယ်

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 639 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး