ကနေ့ မိညီမနဲ့ ဖုန်းပြောတယ်…အထွေအထူး မရှိပါဘူး… သည်လိုပဲ..
(မှတ်မထားပေမယ့် … သတိတရ ရှိမနေပေမယ့် … မသိစိတ်က သိနေတဲ့ ဒင်းဖုန်းနံပါတ်ပေါ့)

အရှက်ကကွဲချင်တော့ ဖုန်းအားကုန်တယ်လေ…

ချစ်ဖို့ကောင်းတာက ဒင်းက ကျနော့် အိမ်ဖုန်းမှတ်မိနေတာလေး…
(သူတယောက်ပဲ ခေါ်တဲ့ နာမည်ပြောင် နဲ့ဆိုပါတော့)
:P

 

တခုပဲ …အိမ်ကိုလာ .. ဟိုလူ့ အော် .. ဒီလူ့ငေါက် …
(အဘိုးဘွားတွေဆို) ခြေဆုပ်လက်နယ်နဲ့…
မကြာမကြာ အနိုင်ကျင့် တတ်တဲ့မိညီမ ကို လွမ်းမိရဲ့…

 

သူ့ရည်းစားဟောင်းကောင်းမှုနဲ့

နောက်ရီးစား အော်တိုမက်တစ်

ခေါင်းရိုက်ခွဲချင် မယ့် ဇာတာရှင် ဖြစ်မှန်းမသိ ဖြစ်နေတာ

ခုမှ သဘောပေါက်မိဖူးတယ်…

အိုကွယ် ဖြစ်ရလေ…

ဂဇက်မန်ဘာများ အမျိုးတော်ချင်ရင်ပြောပါလေ…
ကျုပ် မိညီမ က … ကျုပ် ၂ဆ စမတ်ဖြစ်ကြောင်းရယ်…။။

P.S. အသက်ရလာလို့လားမသိဘူး..ငယ်တုန်းကအကြောင်းတွေ ပြန်ပြောရင် မျက်ရည်လွယ်သဗျာ…

လှေလှော်တဲ့ ဘောင်းဘီနဲ့ ဘောလုံး ဂျာဆီ နဲ့ အိပ်နေဖြစ်မပေါ့ ….. ပုံမှန်..

မိညီမ လာနှိုးတိုင်း ဂျစ် ကန်ကန်နဲ့ ထ … မျက်နှာသစ်.. (ဒင်းကို ငါးစာကျွေးခိုင်းထား)
ပီးမှ .. သည်မြို့နယ်ထဲမယ် ကောင်းပေ့ဆိုတဲ့ မုန့်ဟင်းခါးဆိုင်တွေ လှည့်ပတ်စားဖြစ်တာ….

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011

   Send article as PDF