အခါလွန်မိုး

တမာဆိုတာ မချိုတာတော့သေချာတယ်
မလိုသူတွေအပြုံးတုမှာ မင်လေးအမုန်းမပေးလိုက်ပါနဲ့

မကြင်နာလို့ ပစ်သွားပြီပဲ မင်းလေးရင်မှာ ချစ်စကားတွေမဆွံ့အသေးပါဘူးလေ

အခါလွန်ရွာသည့်မိုး သည်းတာတော့သေချာတယ် အနာဂတ်အိမ်လေးမှာ မင်းလေးကို
စောင့်နေသူရှိတယ် မလွမ်းပါနဲ့နော်

အနာတရနဲ့ ဒဏ်ရာကိုကုစားဖို့
ခြေလှမ်းတွေဆက်တိုးဖို့လိုတယ် မေ

ညလေညင်းသွဲ့သွဲ့မို့  လမင်းတစ်မှေးအိပ်နေတယ် ခပ်တိုးတိုးလေးပြောလိုက်ပါ

မင်းလေးရင်မှာ အနွေးဓာတ်အေးမြနေဆဲပေါ့

ကာရံ ၂၃့ ၁၀့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..