ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်းဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ် ၊ အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတ ဇေတ၀န်တောရ ၊ ဆေကိန္ဒရာမကျောင်းတိုက်တွင်
ယဉ်ကျေးလိမ္မာ ကလေးတရားစခန်းဖွင့်လှစ်မည်ဖြစ်ရာ
Grade – 10 ( ၉ တန်း ) များအတွက် ၂၁ – ၁၂ – ၂၀၁၄ မှ ၂၃ – ၁၂ – ၂၀၁၄ ရက်အထိ
တက္ကသိုလ်ကျောင်းသားများအတွက် ၂၄ – ၁၂ – ၂၀၁၄ မှ ၂၆ – ၁၂ – ၂၀၁၄ ရက်အထိ
Grade – 8/9 ( ၇/၈ တန်း ) များအတွက် ၂၇ – ၁၂ – ၂၀၁၄ မှ ၂၉ – ၁၂ – ၂၀၁၄ ရက်အထိ
Grade – 6/7 ( ၅/၆ တန်း ) များအတွက် ၃၀ – ၁၂ -၂၀၁၄ မှ ၁ – ၁ -၂၀၁၅ ရက်အထိ
Grade – 4/5 ( ၃/၄ တန်း ) များအတွက် ၂ – ၁ -၂၀၁၅ မှ ၄ – ၁ – ၂၀၁၅ ရက်အထိ
ဖွင့်လှစ်မည်ဖြစ်ပါသည်။

တရားစခန်းဝင်ရောက်ရန်အတွက် ဖော်ပြပါ
website http://reg.dhammadutahmawbi.org/ သို့
အမည် ၊ မိဘအမည် ၊ ပညာအရည်အချင်း ၊ ကျောင်းနေရပ်လိပ်စာ တို့ကို အင်္ဂလိပ်လိုရေးသားပြီး
ဒီဇင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အတွင်း သက်ဆိုင်ရာ အတန်းနှင့်အချက်အလက်များကို
မှန်ကန်စွာဖြည့်သွင်းစာရင်းပေးရပါမည်။
စာရင်းပေးသွင်းထားသော e-mail လိပ်စာများသို့
ဒီဇင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်အတွင်း အကြောင်းပြန်ပါမည်။

အချက်အလက်မပြည့်စုံ/မမှန်သူများကို စာရင်းလက်ခံမည်မဟုတ်ပါ။

ဆေးလိပ်သောက် ၊ ကွမ်းစား ၊ အရက်သောက် ၊ ဖဲရိုက် ၊ ဂိမ်းကစားခြင်းများသည် သာသနာနယ်မြေနှင့်
မသင့်တော်သော အမှုအကျင့်ပြုသူများကို လက်ခံမည်မဟုတ်ပါ။
ဝင်ရောက်ခွင့်ရရှိသူများသည် ၁ လက်မပတ်လည် ဓါတ်ပုံ ( ၂ ) ပုံ၊
ကျောင်းသားကဒ် ( သို့ ) မှတ်ပုံတင်မိတ္တူ ( ၁ ) စောင် မဖြစ်မနေတစ်ပါးတည်းယူဆောင်ခဲ့ပါရန်။

About ဦးကောက်

has written 79 post in this Website..