Miss Universe ( Myanmar ) 2014 – Sharr Htut Eaindra
ဇန်နဝါရီ ၂၅ရက်နေ့ (8-11 p.m. ET) မှာ Florida International University, Doral-Miami, Florida မှာလုပ်မယ့် ၆၃ကြိမ်မြောက် Miss Universe 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့်Miss Universe 2014 သရဖူရှင် သျှားထွဋ်အိန္ဒြာဟာ ယူအက်စ်ကို ဒီဇင်ဘာ ၃ဝမှာသူမရဲ့မိခင်ဖြစ်သူနဲ့အတူရောက်ရှိပါမယ်။
ဇန်နဝါရီ ၄ရက်နေ့ကစလို့ ပြိုင်ပွဲပြီးတဲ့အထိ ပြင်ပကသူများနဲ့ဆက်သွယ်ပြောဆိုခွင့်မရပဲရှိနေမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ National Costume ယှဉ်ပြိုင်မှု ဝတ်စုံတွင် ဗိဿနိုး ပန်ထွာဘုရင်မ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။
Donal Trump ရဲ့ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်ကမှ နှစ်ပေါင်း ၅၃ နှစ်ကျော်ကြာပြီးနောက်ပထမဦးဆုံးအနေဖြင့် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး Miss Universe Myanmar 2013 သရဖူရှင် မိုးစက်ဝိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ် ဒုတိယအကြိမ်ကို Miss Universe Myanmar 2014သရဖူရှင် သျှားထွဋ်အိန္ဒြာ လာပြိုင်တာဖြစ်ပါတယ်။ Miss Universe 2014 ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၉ဝ က နိုင်ငံကိုယ်စားပြုအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။
ပြိူင်ပွဲဝင် National Costume ကိုဒီဇိုင်နာမပုံ့က၎င်း၊ ညနေခင်းဝတ်စုံတွေကို ဒီဇိုင်နာပြည်စိုးအောင်က၎င်း၊ ပြိုင်ပွဲကာလတလျှောက်ဝတ်စုံတွေကို ဒီဇိုင်နာငြိမ်းကိုက၎င်း တာဝန်ယူထားကြတာဖြစ်ပါတယ်။
နောင်လာမယ့် ၂၀၁၅ Miss Universeအတွက်လည်း မြန်မာပြည်မှာ ကြိုတင်ပြင်ဆင်နေပြီး မန္တလေးမြို့အတွက် ကိုယ်စားပြုအလှမယ် ရွေးချယ်ဖို့ ဦးရော်နီငြိမ်း၊ ပြင်ဦးလွင်မြို့အတွက် ဦးစိုးမြင့်(Feel Restaurant) ၊ မြိတ်မြို့အတွက် မိတ်ကပ်ကိုဘိတ်၊ Miss Universe Myanmar 2014 Top 20 Finalist ညီမငယ် ဟေဇယ်မှ ပဲခူးမြို့အတွက်နဲ့ Miss Universe Myanmar 2014 Top 20 Finalist ညီမငယ် သော်ရီကျော်မှ မုံရွာမြို့အတွက် အသီးသီး ဆောင်ရွက်သွားကြမယ်လို့သိရပြီး အခြားမြို့တွေအတွက် City Director များအဖြစ် တာဝန်ယူဆောင်ရွက်လိုသူများအနေဖြင့်Miss Universe Myanmar Organization နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။ ကမ္ဘာ့မယ်ပြိုင်ပွဲတွေထဲမှာ အကြီးကျယ်ဆုံး Miss Universe ပွဲကို အမေရိကရောက်မြန်မာတွေလက်မှတ်ဝယ်အားပေးလိုရင် Ko Tin Maung Aye (Chief Adviser of MUMO) at tinmgaye@crp.com.sg (or) 959-5200-200 before Jan 10, 2015 and at 1-571-205-6351 after Jan 11, 2015 ကိုဆက်သွယ်နိုင်ပါတယ်။
တိုက်ရိုက်ဝယ်လိုရင်တော့ အောက်ကဝက်ဘ်ဆိုက်မှာဝယ်နိုင်ပါတယ်။
http://www.missuniverse.com/pageant/tickets/2014
ဒီလမြန်မာ့ဂဇက်အတွက် Miss Universe 2014(Myanmar) သျှားထွဋ်အိန္ဒြာကိုယူအက်စ်မလာမှီ ခတ်တိုတို မေးမြန်းထား တာလေးနဲ့ နိဂုံးချုပ်ပါမယ်။
ယူအက်စ်ပရိသတ်ကို မြန်မာ့ဂဇက်ကတဆင့်ဘာပြောဖို့ရှိလည်း?
ညီမက တစ်စိမ်းသက်သက်ဖြစ်နေတဲ့ နေရာတစ်ခုမှာလာရောက်ယှဉ်ပြိုုင်ရမှာဆိုတော့ Us ကပရိသတ်တွေကလည်း ညီမကို ကူညီပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။ညီမ ယှဉ်ပြိုင်မယ့်ပြိုင်ပွဲ
လေးကိုလည်း လာရောက်အားပေးစေချင်ပါတယ်။နောက်Usကဘယ်လိုဒေသတွေမှာ ဘယ်လို ဝတ်စားဆင်ယဉ်ရမလဲဆိုတာတွေကိုလည်း အကြံဉာဏ်လေးပေးစေချင်ပါတယ်။
USကိုရောက်ရင် ညီမအနေနဲ့ ဘယ်လိုနေရာတွေကို သွားရောက်လည်ပတ်လေ့လာချင်မိလဲ?
USကို ရောက်ရင်တော့ ညီမအနေနဲ့ ပထမဆုံး ချို့တဲ့နေရာတွေကိုသွားရောက်လည်ပတ်ချင်တယ်။ဥပမာအနေနဲ့ HIV ဖြစ်နေတဲ့လူတွေ ဆီတို့၊အိမ်ခြေမဲ့တွေ စသဖြင့် သူတို့တွေနဲ့ ရင်းရင်းနှီးနှီးနေပြီးတော့ သူတို့ဘဝလေးတွေကို စိတ်ဓာတ်လေးတွေကို ကုစားပေးမယ်။ နောက် US မှာနာမည်ကြီးတဲ့နေရာတွေ။ ညီမမရောက်ဘူးတဲ့နေရာတွေကိုသွားပြီးတော့လေ့လာချင်ပါတယ်။
အခုသျှားထွဋ်အနေနဲ့လွန်ခဲ့တဲ့ ၁ဝနှစ်က သျှားထွဋ်အိဒ္ဒြာကို ဘာပြောဖို့ရှိလဲ…?
လွန်ခဲတဲ့ ၁ဝနှစ်တုန်းကတော့ ညီမက ကျောင်းကပွဲတွေမှာ အမြဲတမ်းပါနေတဲ့ ဝါသနာအရမ်းပါတဲ့ ကောင်မလေးတစ်ယောက်ပေါ့။
အဲဒီအရွယ်ကတည်း ညီမက အသက်ကြီးလာရင်Miss တစ်ယောက် ဖြစ်ခဲ့ရင် အရမ်းကောင်းမှာပဲလို့အမြဲ စိတ်ကူးယဉ်ခဲ့ဘူးတယ်။
နောက်အသက်ကြီးလာတဲ့အခါကျရင် သမီး Miss တစ်ယောက် အလှမယ်ဖြစ်ဖို့အတွက် ဘယ်လိုကြိုးစားရင်ကောင်းမလဲ။ ကိုယ့်နိုင်ငံအတွက် ဘယ်လိုကိုယ်ကျိုးပြုရ ရင်ကောင်းမလဲဆိုပြီးတော့ စိတ်ကူးခဲ့တယ်။ငယ်ငယ်ကတည်းကလည်း ကိုယ့်ကိုဘာသာ ကို ဗီဒီယိုတွေရိုက်ပြီးတော့၊ အကြိမ်ကြမ်အခါခါလေ့ကျင့်ခဲ့ပြီး ကိုယ့်ကိုယ့်ကိုယ် အလှမယ် Miss တစ်ယောက်ဖြစ် အောင်ပြုစု
လေ့ကျင့်ခဲ့ရတယ်။ အခု ၁ဝနှစ်ကျော်ကြာတဲ့အခါမှာ အခုကို နိုင်ငံကိုယ်စားပြု Miss တစ်ယောက်ဖြစ်လာတော့ ကိုယ့်အိပ်မက်တွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ကိုယ့်ဖြစ်ချင်တဲ့ ဆန္ဒ ကိုယ့် အရည်ချင်းတွေကို ချပြခွင့်ရတော့မှာဖြစ်တဲ့အတွက်လည်းအရမ်းကို ဝမ်းသာမိပါတယ်။
မှတ်ချက်။ ။ မြန်မာ့ဂဇက် ၂၀၁၅ ဇန်နဝါရီထုတ်တွင် ဖေါ်ပြပြီးဖြစ်သည်။
အကြည့်ခံတဲ့ မက်နှာလေးး
Was this answer helpful?
LikeDislikeမျက်နှာကျပုံလေးက ချမ်းချမ်းနဲ့ ခပ်ဆင်ဆင်
အင်းးးးးးးးးးးးး
Was this answer helpful?
LikeDislikeနေနေနဲ့ ပိုဆင်တာ….
အွင်းးးးးးးးးးးး
Was this answer helpful?
LikeDislikeမက်လောက်စရာ ဒဂွက်မှမရှိ
(ဖွေးဖွေးနဲ့ မတူလို့)
ဖွေးဖွေးမှ မဟုတ်ရင် မဂလုချင်ဘူး
Was this answer helpful?
LikeDislikeဖွေးဖွေးတောင် ခုတလော ထိပ်ပြောင်လာသလိုပဲ…ဆက်ဆက်ရေ…. (ရန်စထှာ…)
Was this answer helpful?
LikeDislikeဖွေးဖွေးသာဆိုလို့ကတော့…ထိပ်ပြောင်လည်း ချစ်မှာပဲ…
ကုန်ကုန်ပြောရရင်…ထိပ်မပါလည်း.. ချစ်မှာပဲ
ဂွစ်ဂွစ်..
Was this answer helpful?
LikeDislikeMiss တွေထဲမှာ သူ့ကို သဘောအကျဆုံးပဲ အရမ်းအကြည့်ခံတယ်။
Was this answer helpful?
LikeDislikeအပေါ်မှာ ပြောနေကြတာ အကြည့်ခံတယ်ဆိုပဲ….
ကျန်တဲ့ Miss တွေက ကြည့်ရင်ထွက်ပြေးကြလို့ထင်ပါတယ်လေ…..
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeဗမာ စစ်စစ်ရုပ်ထွက်လို့ သူ့ကို ပိုကြိုက်ပါဒယ်….ဒါပေမဲ့ အရပ်လေး နဲနဲ ထပ်ရှည်ရင် ပိုကောင်းမယ်….
Was this answer helpful?
LikeDislikeမလှဝူး
Was this answer helpful?
LikeDislikeMiss ဆိုတာမျိုးက.. လှတာတခုနဲ့ ဆုမရ..။
Was this answer helpful?
LikeDislike