စာရေးသူ(၁၉-၈-၂၀၁၀) နေ့က တောင်ပြုန်းပွဲတော်အစရက် ဒုတိယနေ့မှာရောက်ခဲ့ပါတယ်။ မနေ့က(၁၈-၈-၂၀၁၀)နေ့ကစပြီး ပွဲတော်ကိုစတင်ဖွင့်လှစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။ ယနေ့ဒုတိယနေ့မှာတော့ တောင်ပြုံးမင်းနှစ်ပါးရဲ့ နန်းကြီးမှာ ကြိုတင်ပြီးလာရောက်ဆက်သသူများ စည်ကားနေတာကိုတွေ့မြင် ရပါတယ်။နတ်ပွဲများကတော့ (၂၁-၈-၂၀၁၀)နေ့မှ စတင်မည်ဖြစ်ကြောင်း ယခုနှစ်သည် (၁၃၇၂)ခုနှစ် စုံနှစ်ဖြစ်၍ မင်းလေးပွဲတော်ဟု ပြောဆိုကြပါတယ်။

နန်းကြီးရဲ့ ဘေးပတ်ပတ်လည် ကန္နားခန်းနေရာများက အနံ(၃)တောင်x အလျှား(၄)တောင် ခန့်အကျယ်တစ်နေရာစာကို ပွဲတော်အစ အဆုံးငွေကျပ်(၄၀၀၀၀) လေးသောင်းပေး ငှါးရကြောင်း နတ်ကတော်တစ်ဦးက ပြောဆိုပါတယ်။ငှက်ပြောသီး ရောင်းသူများထံဈေးနှုန်းမေးကြည့်ပါတယ်။ ငှက်ပြော(၃)ဖီးနှင့်အုန်းတစ်လုံးပါကို ငွေကျပ်(၃၅၀၀)ကျပ် ဖြစ်ကြောင်း။ ပန်း၊အမွှေးတိုင်နှင့် ဗောင်းတော်များ မပါသေးကြောင်းသိရပါတယ်။ ပွဲတော်စည်ကါးတဲ့ရက်တွေမှာ ကန်တော့ပွဲတစ်ပွဲကို( ၅၀၀၀ိ)(၆၀၀၀ိ)ကျပ် အထိဈေးတင်ရောင်းကြကြောင်း သိရပါတယ်။ ကန္နားအခန်းခ များမှာလည်း ယခင်နှစ်တွေထက်ဈေးတက်ကြောင်း နတ်ကတော်များထံမှ ကြားသိရပါတယ်။ တောင်ပြုံး မန္တလေးကားခမှာ ယခင်နှစ်က တစ်ယောက်(၅၀၀) ကျပ်ကနေပြီး ယခုနှစ်(၁၀၀၀)ကျပ်ဖြစ်နေကြောင်း ခရီးသည်များကပြောကြား၍ သိရှိရပါတယ်။ တောင်ပြုံးပွဲတော်အ၀င်လမ်း တစ်လျှောက်မှာလည်း ပိုက်ဆံကြဲပါဗျို့အော်ဟစ်နေကြသူများမှာ ကလေးများသာ မဟုတ်တော့ပဲ လူကြီးများပါ လာရောက်နေကြောင်း လမ်းဘေးဝဲ၊ ယာတွေမှာ မြင်တွေ့နေကြပါတယ်။

ဘုရားပွဲတော်မှာ အမှတ်(၁)ဇာတ်ရုံမှာ ဖိုးချစ်ဇာတ်ပွဲက (၂၁-၈-၂၀၁၀) မှ (၂၅-၈-၂၀၁၀)ထိ (၅)ည ကပြမည်။ အမှတ်(၂) ဇာတ်ရုံမှာ ဟန်ဇာမိုးဝင်း ဇာတ်ပွဲကလည်း(၂၁)ရက်ညမှစပြီး (၂၅)ရက်ညအထိ(၅)ည ကကြပါမည်။ ပွဲတော်တွင်း ရုပ်ရှင်ရုံကတော့ ဇာတ်ပွဲများမ၀င်ခင်မှ စတင်ပြသနေကြောင်း မြင်တွေ့ခဲ့ရပါတယ်။ ရုံဝင်ခမှာ လူကြီး(၅၀၀)ကျပ်၊ ကလေး(၃၀၀)ကျပ် ဖြစ်ကြောင်းသိရပါတယ်။ ပွဲတော်ဈေးတန်းကတော့ ဇာတ်ခုံများနဲ့ အပြိုင် ကရေကယာ ရောင်းတဲ့ဆိုင်တန်းတွေကတော့ တတန်းကြီးမြင်တွေ့ခဲ့ရပါတယ်။ (၂၅)ကျပ်သားတစ်ထုပ်ကို ငွေ(၅၀၀)ကျပ်နဲ့ရောင်းဝယ်နေကြကြေင်းမြင်တွေ့ ရပါတယ်။ ဆိုင်ကယ်အပ် စတင်းတွေကတော့ လေလံဈေး(၂)သိန်း(၃)သိန်းနဲ့ တစ်နေရာစာကို အိမ်ပိုင်ရှင်များထံကငှါးရကြောင်း၊ ဆိုင်ကယ်တစ်စီးကို ပွဲတော်အစပိုင်းမှာ တစ်စီး(၃၀၀)ကျပ်၊ ပွဲတော်စီးကါးတဲ့ရက်တွေမှာ တစ်စီး(၆၀၀)ကျပ် အထိယူကြကြောင်း ကြားသိခဲ့ရပါတယ်။ တောင်ပြုံးဆိုပွဲတော်ကြီးပြီးရင်တော့ မည်သူတွေကမ၍ မည်သူတွေကပွကြမည်လည်းကိုတော့ စောင့်ကြည့်ရပေအုံးမည်ဟု ရေခဲရေ ရောင်းသူတစ်ဦးက ပြောဆိုကြောင်း ကြားသိခဲ့ပြီး သတင်းရရှိခဲ့ပါတယ်။

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.