ရေးချင်တာလေးတွေ စုထားတဲ့ စုပေါင်းစပ်ပေါင်း ဗြုတ်စဖျင်းတောင်းလေးပါ။ :kwi:

မကောင်းမြင်ဝါဒ

လူကြီးမင်းတို့၏လမ်းကို ပြုပြင်ပြီး ပြန်ခင်းရန်အတွက် သဘောတူမတူ သဘောထားတင်ပြပါရန် အစည်းအဝေး ဖိတ်ခေါ်ခြင်း…………….ဆိုတဲ့

ဖိတ်စာတစ်စောင် ရောက်လာပါတယ်။

ကိုယ့်သဘောထားကို တင်ပြခွင့်ရအောင် ဖိတ်ခေါ်တာကျေးဇူးတင်ရမလား…………  :roll: ဆိုတဲ့အတွေးနဲ့အတူ

ဆိုးနေတဲ့လမ်းကို ခင်းဖို့အတွက် သဘောမတူတဲ့သူရှိပါ့မလားလို့ တွေးမိတယ်။

 

သဘောမတူသူ မရှိနိုင်တဲ့ ဒီကိစ္စမှာ တခုတ်တရ ဖိတ်ကြားစာပို့လာတဲ့အကြောင်းရင်းကို စဉ်းစားကြည့်လိုက်တော့ အလှူငွေကောက်ခံဖို့ကိစ္စမှတပါး အခြားမရှိနိုင်။  :-?

 

လုပ်တော့မယ် တလွဲ

 

ဒီလိုနဲ့ အစည်းအဝေးဆုံးဖြတ်ချက်လာရင် အများနည်းတူ အလှူငွေထည့်ဆိုလည်း ထည့်လိုက်ရုံပေ့ါဆိုပြီး နေနေတဲ့ သကာလ……….

 

သိပ်မကြာခင် တစ်မနက်စောစော လမ်းထိပ်မှာ ကတ္တရာလမ်းခင်းတဲ့ စက်ကြီးကို တွေ့လိုက်ရတယ်။

အရင်ကတည်းက အကြီးအကျယ်လမ်းပိတ်နေတာကို လုပ်ငန်းရာသီကြီးမှာ ရက်အကြာကြီးလုပ်ပြီး လမ်းတွေပိုပိတ်တော့မှာပဲဆိုပြီး စိတ်တော်တော်ပျက်သွားတယ်။   :(

 

အထင်နဲ့အမြင်

 

နောက်တစ်နေ့ မနက်မှာ လမ်းတစ်ခြမ်းခင်းထားတာကို တွေ့လိုက်ရတယ်။

အလုပ်တွေ မထိခိုက်အောင် ညဘက် လမ်းခင်းထားတာကို တွေ့လိုက်ရတော့ တော်သားပဲလို့ တွေးမိတယ်။

 

ဘယ်နှစ်ရက်မှမကြာပဲ လမ်းတစ်လျှောက်လုံးခင်းပြီးသွားတဲ့အခါကျတော့
မှားတဲ့အခါလည်း မှားပေမပေ့ါ လို့…………….   :oops:

 

စနစ်

 

ရှေးလူကြီးတွေက နေရာတိုင်းမှာ စည်းစနစ်ရှိဖို့ ပြောဆိုဆုံးမလေ့ရှိကြတယ်။

စနစ်ကောင်းတစ်ခုကြောင့် သာလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရလာနိုင်ပါတယ်။

 

ပြီးခဲ့တဲ့ လပိုင်းက ထိုင်းနိုင်ငံကို အလည်သွားခဲ့တုန်းက

၂လမ်းမောင်း ၈လမ်းသွား လမ်းမကြီးမှာ ……………………….

 

လမ်းကြောတစ်ခုချင်းစီကို မီးပွိုင့် တပ်ထားပြီး အခြေအနေ အချိန်အခါအလိုက် အသွားလမ်းနဲ့ အပြန်လမ်းကို လမ်းကြောအရေအတွက် ပြောင်းပေးတဲ့စနစ်ကို တွေ့ခဲ့တယ်။

 

ဆိုလိုတာက

သာမန်အချိန်မှာ အသွားယာဉ်ကြော ၄ခု၊ အပြန်ယာဉ်ကြော ၄ခု ဖြစ်ပေမယ့်……………

 

အသွားယာဉ်တွေများပြီး အပြန်ယာဉ်နည်းတဲ့အချိန်မှာ အသွားယာဉ်ကြောကို တစ်ကြောပြီးတစ်ကြောတိုးပေးလို့………

 

အသွားယာဉ်ကြောက ၆ခု၊ အပြန်ယာဉ်ကြောက ၂ခု ဖြစ်လာတယ်။

ဒါ့ထက်ပိုများလာရင် အသွားယာဉ်ကြောကို ရခု၊ အပြန်ယာဉ်ကြောကို ၁ခုပဲ ပေးတော့တယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုစနစ်မျိုးသုံးရင် နောက်ထပ်အများကြီးကုန်ကျစရာမလိုပဲ လမ်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်မယ် ထင်ပါတယ်။

 

ဆိုက္ကားဆရာကြီးများသို့

 

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အောက်မှာ အားတက်သရော စည်းလုံးညီညွတ်စွာ ပံ့ပိုးကူညီခဲ့ကြလို့ ဆိုက္ကားဆရာကြီးများ (အရင်ကခေါ်ခဲ့တဲ့ ဆိုက္ကားသမားဆိုတဲ အသုံးအနှုန်းအစား) ရဲ့ ဂုဏ်သတင်းဟာ တနိုင်ငံလုုံး သင်းပျံ့လာပါတယ်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ပေးပို့တဲ့ လက်ဆောင် ကိတ်မုန့်ကြီးရတာကတမျိုး၊

တွေ့ဆုံပွဲကို လူကိုုယ်တိုင် တက်ရောက်ရတာက တမျိုးနဲ့ ဆိုက္ကားဆရာကြီးတွေ ဂုဏ်တက်လာပါတယ်။

 

တွေ့ဆုံပွဲမှာ သူ့အမြင် ကိုယ့်အမြင်တွေကို အပြန်အလှန် ပြောဆိုဆွေးနွေးကြတဲ့အခါမှာ…………..

 

အသေးအဖွဲလို့ ထင်ရပေမယ့် အကျိုးများစေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွမ်းမစားကြပါနဲ့လို့ဆိုတဲ့ စေတနာနဲ့ သတိပေးလိုက်တဲ့စကားကို ကြားလိုက်ရပါတယ်။

 

ဆိုက္ကားဆရာကြီးတချို့ကတော့ ကွမ်းမစားတော့ပါဘူးလို့ အာမခံသွားကြပါတယ်။

 

အလျဉ်းသင့်တုန်း ကိုယ်ဖြည့်ချင်တဲ့ ကွပ်လပ်လေးတစ်ခုကို ခါတော်မီ ဖြည့်ပေးချင်ပါတယ်။

 

ဆိုက္ကားတွေမှာ (စက်ဘီးတွေမှာလည်း လိုပါတယ်) ရောင်ပြန်တွေ အလုံအလောက် တပ်ဆင်ထားကြဖို့ပါ။

 

သဘာဝအလင်းရောင် အားနည်းတဲ့အချိန်၊

လမ်းမီးအလင်းကလည်း မလုံလောက်တဲ့အချိန်……………..

 

အဲဒီအချိန်တွေမှာ ယာဉ်ကြော၂ဖက်လုံးက ကားမီးတွေ အပြန်အလှန်ထိုးကြတဲ့အခါ

ရောင်ပြန်ပြားမတပ်ဆင်ထားတဲ့ ဆိုက္ကားတွေ စက်ဘီးတွေကို ကားမောင်းသူတွေအနေနဲ့ အလွယ်တကူ မမြင်နိုင်ပါဘူး။

ရောင်ပြန်ပြားမပါတဲ့ အနှေးယာဉ်တွေကို ၂ဖက်ကားမီးတွေကြားထဲမှာ မဲမဲရိပ်ရိပ်လေးတွေအဖြစ်နဲ့ အင်မတန်ဂရုစိုက်ကြည့်နိုင်မှ မြင်ရပါတယ်။

 

ကားမောင်းသူဘက်က ပုံမှန်အခြေအနေဆို အရေးမကြီးပေမယ့်………….

အရက်မူးလာတဲ့အချိန်၊

ပင်ပန်းနွမ်းနယ်လာတဲ့အချိန်၊

အိပ်ငိုက်လာတဲ့အချိန်မျိုးတွေမှာ အနှေးယာဉ်အသုံးပြုသူတွေအနေနဲ့ အသက်တစ်ချောင်းအလွယ်တကူ ပေးလိုက်ရနိုင်ပါတယ်။

 

 

အဲဒါကြောင့် အသက်တစ်ချောင်းကို အလွယ်တကူကယ်တင်နိုင်ဖို့အတွက် အကုန်အကျလည်း မများ၊ ခက်ခက်ခဲခဲလည်း လုပ်ရတာ မဟုတ်တဲ့  ရောင်ပြန်ပြားတွေကို ဆိုက္ကားတွေ (အနှေးယာဉ်တွေ) မှာ မဖြစ်မနေ တပ်ဆင်ထားစေချင်တာပါပဲ။

 

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)