“နင်”နဲ့”ငါ” ကိုသုံးပါ
သခင်ဘသောင်းက “နင်”နဲ့”ငါ” ကိုသုံးတယ်။ ဆရာအလွန်ကြိုက်တယ်။ “ငါ”ဆိုတဲ့စကားဟာ အလွန်အဖိုးတန်တဲ့စကား။ ဒီစကားဟာ သေးနုပ်တဲ့စကားမဟုတ်။ မောင်မင်းတွေ၊ သင်တွေ၊ ညည်းတွေ စသည်ဖြင့် မြန်မာဝေါဟာ ကြွယ်တယ်ဆိုပေမယ့် စကားတွေသာများပြီး အဆီအသားမပါဘူး၊ “ငါ”သုံးရင်အလွန်ကောင်းတယ်လို့ ဆရာသဘောရတယ်။ – ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈ – ၁၉၇၃)
မြန်မာ့နိုင်ငံရေးနှင့် သခင်ဘသောင်း – တင်ထွန်းအောင်(မြန်မာ့အလင်း)
၁၉၈၀(ဒီဇင်ဘာ) နိဒါန်း စာမျက်နှာ ၄

ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈ – ၁၉၇၃)
ရန်ကုန်မြို့ အင်းစိန် ပေါက်တောရပ်၌ အဖ ဦးဖေ၊ အမိ ဒေါ်မြိုင်တို့က (၂၄ ဧပြီလ ၁၈၈၈) တွင် ဖွားမြင်သည် ။ မွေးချင်း (၆)ယောက်တွင် ပဉ္စမမြောက်ဖြစ်သည်။ ငယ်မည် မောင်ဘတင်၊ နောင်တွင် မောင်တင် မှသည် ဘေမောင်တင်၊ ဖေမောင်တင် ဟု အမည်ပြောင်းသည်။
အင်းစိန်ပေါက်တောရပ် ဆရာကိုရင်ကြီး၏ မြန်မာအလွတ်ပညာကျောင်း၊ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်း၊ ရန်ကုန်ကောလိပ်၊ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် အိပ်ဇီတာကောလိပ် တို့တွင် ပညာသင်ခဲ့သည်။ ခုနှစ်နှစ်တန်းတွင် ပထမရ၍ အစိုးရစကောလားရှစ်ဆု၊ နဝမတန်းတွင် ပထမရ၍ ရနောင်းဘုရင်ခံဆု၊ တက္ကသိုလ် ပညာသင်ဆု၊ ဥပစာတန်းတွင် ပထမရ၍ ဂျာဒင်းဆု၊ ကာလကတ္တားတက္ကသိုလ်၏ ဒတ်စကောလားရှစ်ဆုတို့ကို ရရှိခဲ့သည်။ ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ (၁၉ဝ၉)၊ ကာလကတ္တားတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (၁၉၁၁)၊ အိပ်ဇီတာကောလိပ် မှ စာပေဝိဇ္ဇာ (ဘီလစ်)ဘွဲ့ (၁၉၂၄) များ ဆွတ်ခူးခဲ့သည်။ ၁၉၅၂တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူ (အယ်လ်၊အယ်လ်၊ဒီ)ဘွဲ့၊ ၁၉၅၈တွင် အမေရိကန်ပြည်ထောင်စု ချီကာဂိုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူ (ပီ၊အိပ်ချ်၊ဒီ)ဘွဲ့များ ချီးမြှင့်ခံရသည်။
ရန်ကုန်စိန့်ပေါလ်အထက်တန်းကျောင်း အထက်တန်းပြဆရာ(၁၉၁၁-၁၂)၊ ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ (၁၉၁၂-၂ဝ)၊ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသန္တရ ပါမောက္ခ (၁၉၂၄-၃၆)၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး(၁၉၃၆-၄၁)၊ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ(၁၉၄၁-၄၅) ၊ သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး (၁၉၄၇-၄၈)၊ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါဠိပါမောက္ခ (၁၉၄၈-၅ဝ)၊ အမေရိကန် ပြည်ထောင်စု ချီကာဂိုတက္ကသိုလ် ခရစ်ယာန် သမ္မာကျမ်းစာဌာန ဗုဒ္ဓဘာသာဆိုင်ရာ ဧည့်ပါမောက္ခ (၁၉၅၇-၅၉)၊ ရန်ကုန်တက္ကသိုလ်ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ (၁၉၆ဝ-၆၁)၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဌ(၁၉၆ဝ-၆၄) အဖြစ် ဆောင်ရွက်ခဲ့သည်။
ရန်ကုန်ကောလိပ်ပါဠိ ပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ဗားနက်ပိဋကတ်တိုက်အုပ်၊ လန်ဒန်ပါဠိ စာပေအသင်း အကျိုးဆောင်ကိုယ်စားလှယ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စစ်ဆေးရေးအရာရှိ၊ မြန်မာစာ ညွှန့်ပေါင်းကျမ်းပြုစုရေး အကြံပေးဘုတ်အဖွဲ့ဝင် (၁၉၁၆)၊ မြန်မာနိုင်ငံ သုတေသနအသင်း စာအုပ်ထုတ်ဝေရေး ဆပ်ကော်မတီ စာတည်းချုပ်၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အယ်ဒီတာ၊ မြန်မာနိုင်ငံပညာပြန့်ပွားရေး အသင်း တည်ထောင်သူနှင့်ဥက္ကဌ၊ မြန်မာနိုင်ငံခရစ်ယာန်စာပေအသင်း ညွှန်ကြားရေးမှူး(၁၉၄၅)၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန် သုခမိန်အဖွဲ့ ဥက္ကဌ (၁၉၄၈)၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေး အဖွဲ့ဥက္ကဌ၊ မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန် ကော်မရှင် ဥက္ကဌ (၁၉၆၃) စသည့်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁) (ဇွန် ၁၉၁၁)တွင် Missionary Burmese ဆောင်းပါးကို Maung Tin,B.A. အမည်နှင့်ရေးသည်ကို စတင်တွေ့ရသည်။
သူငယ်တန်းမှ ပဉ္စမတန်းအထိ
မြန်မာဖတ်စာ များ(၁၉၂၇-၃၉) ၊ မြန်မာကြည့်စာ[သုံးတွဲ](၁၉၂၉) ၊
ပါဠိဖတ်စာ(၁၉၃၄) ၊
မြန်မာဝါကျ ဖွဲ့ထုံးကျမ်း (၁၉၅၁) ၊
မြန်မာသဒ္ဒါ (၁၉၅၄) ၊
ကျောင်းသုံးမြန်မာသဒ္ဒါ (၁၉၅၅) ၊ အလယ်တန်းမြန်မာသဒ္ဒါ(၁၉၅၅) ၊ မြန်မာသဒ္ဒါနှင့်အသုံးအနှုန်း(၁၉၅၆) ၊ ဘာသာလောကကျမ်း (၁၉၅၇) ၊
မြန်မာဝတ္ထု သမိုင်းအစနှင့် သုတေသန စာတမ်းများ(၁၉၆၉) စသည်တို့ကို မြန်မာဘာသာဖြင့် လည်းကောင်း ၊
အဏုမြူ (၁၉၂၈) ၊
အဏုမြူဒီပနီ (၁၉၂၉) ၊
မြစေတီမွန်ကျောက်စာ (၁၉၅၅) ၊ ရွှေစည်းခုံမွန်ကျောက်စာ (၁၉၅၆) ၊ ကျန်စစ်သား မင်းတရားကြီး နန်းတော်မွန် ကျောက်စာ (၁၉၅၇) စသည်တို့ကို မြန်မာဘာသာပြန်၍ လည်းကောင်း ၊
ပုဂံကျောက်စာ ညွှန့်ပေါင်းကျမ်း(၁၉၂၈) [ဂျီ၊အိပ်ချ်၊လုစ်နှင့်] ၊ တိုင်းရင်းမြန်မာကျောက်စာများ ၊ ငါးထုပ်(၁၉၃၃-၅၆) [ဂျီ၊အိပ်ချ်၊လုစ်နှင့်] ၊ ရာဇဝင်ကျော် (၁၉၃၄) ၊ ဦးကြင်ဥ၏ပဒေသာသီချင်းများ (၁၉၃၄) ၊ ခေတ်စမ်းပုံပြင်များ(၁၉၃၄) ၊ ဗမ္ဗူဒီပဥဆောင်းကျမ်း(၁၉၆ဝ) [ဂျေ၊အက်စ်၊ဖာနီဗယ်နှင့်] ၊
စလင်းမင်း မောင်ပေါင်းချောင် ဧချင်း(၁၉၆၂) စသည်တို့ကိုတည်းဖြတ်၍လည်းကောင်း ၊
ဒီပဝံသမှတ်စု(၁၉၁၂) ၊ အခြေပြုပါဠိသဒ္ဒါ(၁၉၁၄) ၊
ဓမ္မပဒ(၁၉၁၄) ၊
ခုဒ္ဒကပါ(၁၉၁၅) ၊
မိလိန္ဒပဉ္စာ(၁၉၁၅)၊
ပါဠိဖတ်စာ (၁၉၁၈) ၊
ကျောင်းသားကိုင်ပါဠိ-အင်္ဂလိပ်အဘိဓာန်(၁၉၂ဝ) ၊ အဋ္ဌသာလိနီ နှစ်တွဲ၊(၁၉၂ဝ-၂၁) ၊ ဝိသုဒ္ဓိမဂ်၊သုံးတွဲ(၁၉၂၃-၃၁) ၊
မှန်နန်းရာဇဝင် (၁၉၂၃) [ဂျီ၊အိပ်ချ်၊လုစ်နှင့်] ၊ မြန်မာသဒ္ဒဗေဒဖတ်စာ (၁၉၅၂)
[မစ္စ်အီး၊ အမ်းစထရောင်းနှင့်] ၊ ဗုဒ္ဓဘာသာဆုတောင်းပုံနှင့်
ဘာဝနာပွားပုံ (၁၉၆၄) ၊
ဓမ္မစက္က ပဝတ္တနသုတ်နှင့် အနတ္တလက္ခဏသုတ် (၁၉၇၃) စသည်တို့ကို
အင်္ဂလိပ်ဘာသာနှင့် ပြုစုပြန်ဆို၍လည်းကောင်း ပြုစုခဲ့သည်။
၂၂မတ် ၁၉၇၃ တွင် ကွယ်လွန်ခဲ့သည်။
yes
Was this answer helpful?
LikeDislikeမနောလည်း ဘာမှမတတ်ပေမယ့် အင်းစိန် ပေါက်တောရပ်ကွက် မြို့သစ်နားမှာနေပါတယ်လိုစ့်…..

Was this answer helpful?
LikeDislikeမနော လို့ မပြောနဲ့

”ငါ”လို့ ပြော။
စိတ်ဆိုးတဲ့ အသံနဲ့ မပြောနဲ့
”ငါက အင်းစိန် မြို့သစ်နားမှာ နေတာပါဟယ်”
လို့ ပြော။
(မှတ်ချက်။ ထိပ်ထားသခင်လေး လေသံနဲ့ ဖတ်ပါ)
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
you and I
Was this answer helpful?
LikeDislikeခရစ်ယာန် ဘာသာဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာ ကျမ်းစာတွေကို ကမာ္ဘက သိအောင် အင်္ဂလိပ်လို ပြန်ဆိုသွားသူဖြစ်ပါတယ်။
ဖေမောင်တင်(သို့) ဘသက်ရှည် ဆိုတဲ့ စာအုပ်လေးလည်း ရှိပါတယ်။
Was this answer helpful?
LikeDislike