မြန်မာပြည်မှာ Develop ဖြစ်လာတာ မကြာသေးတဲ့
Game Industry ထဲမှာ Payment Provider တွေ
တဖြည်းဖြည်း ထွက်ပေါ်လာနေတယ် အဲဒီ အထဲမှာ
Telecom တွေ Mobile Financial Service တွေ
ပါဝင်နေသလို Standalone Payment Platform
အဖြစ် ပြည်တွင်းရော ပြည်ပက လုပ်ငန်းတွေလည်း
ပါဝင်လာကြတယ်

Payment Provider တွေကနေ ပေးတဲ့ Service
Channel က လုပ်ငန်း အလိုက် ကွဲပြားနိုင်ပေမဲ့လည်း
အသုံးအများဆုံး Payment Channel တွေကတော့

1.) Direct Carrier Billing
ဖုန်းတွင်း လက်ကျန်ငွေနဲ့  ပေးချေနိုင်တဲ့ နည်းလမ်း
(Telenor, Ooredoo, etc…)

2.) Mobile Wallet Billing
Wallet APP တွေနဲ့ ပေးချေနိုင်တဲ့ နည်းလမ်း
(Wave Money, OK$, etc…)

3.) Voucher Redemption
Convenience Store တွေက တဆင့် Pin Code ကို
ဝယ်ယူပြီး အဆိုပါ Pin Code ကို Redeem လုပ်ပြီး
ပေးချေနိုင်တဲ့ နည်းလမ်း
(Easy Point, etc…)

တချို့ ကတော့ Standalone အနေနဲ့  ကိုယ်ပိုင် Payment
Platform ဖြစ်လာစေဖို့  Physical Gift Card (၀ါ) Topup
Card တွေ ရိုက်နိုပ် ဖြန့် ချိတာမျိုး အပြင်၊ G Coin လိုမျိုး
Assets Token တွေ ရှိပေမဲ့လည်း End-User အများစု
ကတော့ အသုံးပြုတာ နည်းပါးတဲ့ အဆင့်မှာပဲရှိနေသေးတယ်

ပေးချေမှု တခုမှာ……..
In-App ဖြစ်စေ Web-Base ဖြစ်စေ End-User ဖက်က
ကြည့်ရင် ရိုးရှင်းပြီး လွယ်ကူစွာ Purchase လုပ်နိုင်အောင်
Integrate လုပ်ထားတဲ့ ပေးချေမှုစနစ် မျိုးကိုသာ ပိုပြီး နှစ်ခြိုက်
တတ်ကြတယ် လုပ်ဆောင်ရမဲ့ အဆင့်တွေ များလွန်းတာမျိုး
မျက်စိတမှိတ်နဲ့  မှတ်သားနိုင်အောင် လုပ်ထားတာမဟုတ်ပဲ
စာလုံး အကြီး အသေး နဲ့ ဂဏန်းတွေ ရောသမ မွှေထားတဲ့
OTP တွေဟာ Security ပိုင်းအနေနဲ့  ကြည့်ရင်တော့
Strong ဖြစ်ပေမဲ့ End-User တွေ အတွက်က အလွန်
စိတ်ပျက်စရာ ကိစ္စတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်

Payment Provider တွေကြားမှာ Competitive ဖြစ်စေတဲ့
အဓိက အချက်ဟာ ပေးချေမှု တခုအပေါ်မှာ End-User ကို
ကျခံစေသင့်သလား ဆိုတာဟာလည်း မေးခွန်းတခုဖြစ်တယ်
Payment Provider နဲ့  Content Provider တွေ ကြားထဲမှာ
Revenue Share ကို ဘယ်လို အချိုးအစားနဲ့ လုပ်သည်ဖြစ်စေ
ပေးချေမှုကို လုပ်ဆောင်တဲ့ End-User အပေါ်မှာ ၀န်ပိစေဖို့ 
Charge လုပ်ခြင်းဟာ ကိုယ့်ထမင်း ကိုယ်စားပြီး ဂျီးဒေါ်နွားကို
ကျောင်းခိုင်းတာမျိုး ဖြစ်တာကြောင့် ဘယ်လိုပင် ကြိုက်နှစ်သက်
တဲ့ Product မျိုး ဖြစ်ပါစေ ၀ယ်ယူဖို့  ပေးချေဖို့ လက်တွန့် သွား
ကြမှာ အမှန်ပဲ

၁၀၀၀ ကျပ်တန်တဲ့ ပစ္စည်း တခုကို ၀ယ်ယူဖို့  အတွက် User က
၁၀၀၀ နဲ့ ၅၀ ကျပ် ဖုန်းတွင်း လက်ကျန် ရှိမှသာ ၀ယ်ယူလို့ ရမယ်
ဆိုတဲ့ အထိတော့ လက်ခံနိုင်ပေမဲ့ ၁၂၀၀ နဲ့ အထက် ပေးချေမှ
၁၀၀၀ တန် ပစ္စည်း တခုကို ရရှိနိုင်မယ် ဆိုရင်တော့ အတော့ကို
ဂွကျတဲ့ ကိစ္စတခု ဖြစ်နေလိမ့်မယ် ၀ယ်ယူဖို့  သင့်တော်ရဲ့ လား
ဆိုတာကို စဉ်းစားခိုင်းတဲ့ အနေအထားမျိုး ဖြစ်သွားတတ်တယ်
ဒါမျိုးဟာ ကိုယ့်ကိုယ်ကို သတ်တာနဲ့  အတူတူပဲလို့  မြင်မိတယ်

သျှင်ကြီး နိဂိမိ

About သျှင်ကြီး နိဂိမိ

Banyar Phyu has written 3 post in this Website..

Mobile Game Publisher