မွနျမာ့ဂဇကျ အယျဒီတာ့သငျပုနျး – ဇူလိုငျ ၂၀၁၉

kaiJune 28, 20191min3013

အမေရိကန်တို့သည် ၁၉၆ဝ ဝန်းကျင်က အခြားယဉ်ကျေးမှုစီးကြောင်းဖောက် ဟစ်ပီHippieလမ်းသစ်ဆောက်ခဲ့သည်။
ခိုျင်းနီးစ်တို့လည်း ယဉ်ကျေးမှုတော်လှန်ရေး(文化大革命 ၁၉၆၆-၇၆) လုပ်ခဲ့သည်။
နိပွန်၌လည်း ၁၉ရာစုကထဲက မဲဂျီဘုရင်မှ ပြုပြင်ပြောင်းလဲရေး明治維新လုပ်ခဲ့ကြသည်။
ဂျာမဏီပြည်သားတို့ ‌ဝေမာယဉ်ကျေးမှုWeimar cultureဖြင့် ဝိဇ္ဇာနှင့်သိပ္ပံကိုပေါင်းကာ ၂ဝရာစုဦး၌ တိုးတက်ပြောင်းလဲရေးလမ်းပေါ်တက်ဖူးပါသည်။
ယခုသူတို့အားလုံးကမ္ဘာ့စီးပွားရေး ၁၂၃၄များဖြစ်ကြကုန်၏။

“Peace, Love and Happiness(and sex, drugs & rock’n’roll )”
ကမ္ဘာစစ်ကြီးပြီး‌နောက် ချမ်းသာလာကြသောအမေရိက၏ဓနအင်အားသည် အလယ်လတ်တန်းစားတို့ကိုလည်း လူသစ်ယဉ်ကျေးမှုသစ်တမိုျးသို့မွေးထုတ်ပေးခဲ့ပါသည်။ ငြိမ်းချမ်းခြင်း။ချစ်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ ဘုံဘဝ‌ရောက်ကုန်ကာ ၁၉၆ဝ ဝန်းကျင်တွင်ဆန်ဖရန်စစ္စကိုမြို့မှအစပြု၍ ဟစ်ပီယဉ်ကျေးမှုပေါ်ခဲ့သည်။ အမေရိက၏ ဟစ်ပီသည် ဗီယက်နမ်စစ်ဆန့်ကျင်ရေးလုပ်ရင်း လူမည်းတို့၏လူ့အခွင့်အရေးလှုပ်ရှားမှုလမ်းပေါ်တက်ချသွားရကား ပန်းနှင့်လွှမ်းသော သူတို့၏အချစ်သည် လိင်တူချစ်ခြင်းနှင့်အနုပညာအသစ်အဆန်းများလည်ဖန်တီးနိုင်ခဲ့ပါသည်။ ဟစ်ပီ၏မိခင်သဘာဝအတိုင်းစီးမျောခြင်းနှင့် ဖက်ရှင်တို့က ကမ္ဘာကိုလည်းပြောင်းပေးခဲ့သည်။ ယခု၇ဝတန်းအထက်ရောက်နေကြပြီဖြစ်သော အမေရိကန်တို့သည် ဟစ်ပီတို့၏ တန်ပြန်ယဉ်ကျေးမှုကို သိမှီဖြတ်ခဲ့သူများချည်းတည်း။

“သင့်တခြမ်းအား နေရာပေးပါ”
မြန်မာနိုင်ငံတွင်ကိုယ်တိုင်ယဉ်ကျေးမှု တော်လှန် တန်ပြန်မပြုနိုင်။ နှစ်ရာချီ အီ၍နေလေသည်။ အအီလွန်ကာ ထိုင်းလာရကား စီးပွားရေး။နိုင်ငံရေး။လူမှုရေးတို့ တောက်လျှောက်ပြုတ်ကျကြရသဖြင့် ယခုမှုလူမိုျးရေး/ဘာသာရေးအစွန်းနင်းလာသည်ကို မြင်ကြရမည်။ သမိုင်းလှန်ကြည့်သော် ကမ္ဘာစစ်ကြိုစစ်ပြီးခေတ်က “ရန်ကုန်လား? အိန္ဒိယသားချည်း”ဟုဆိုရလောက်အောင်များဖူးသည်။ ထိုစဉ်က ရန်ကုန်အလည်ရောက်ခဲ့သော ရာဗင်နတ်တဂိုးသည်လည်း ရန်ကုန်ကို အိန္ဒိယမြို့သို့ဖြစ်နေသည်ဟု ဆိုဖူးသည်။ ထိုနောက်ခေတ်မှ အိမ်နီးချင်းခိုျင်းနီးစ်တို့အဝင်များလာသည်။ ခိုျင်းနီစ်းတို့သည် မြန်မာတို့နှင့် ကိုးကွယ်ရာဘာသာလည်းတူ မွန်ဂိုလွိုက်။ တိဗက်တိုဘားမန်းလည်းဖြစ်၍ ရင်/လက်ချင်းဆက်ကြကာ စီးပွားရေးနှင့်နိုင်ငံရေးသို့ လွှမ်းမိုးနိုင်ခဲ့ကြသည်။ထို့နောက် ရှိနှင့်ကျန်ရစ် အိန္ဒိယသားတို့၏ ရှေးရိုးကျ ခိုင်လှသော ဟိန္ဒူနှင့် မြန်မာ့မူလရိုးရာ ထေရဝါဒနှင့်ပေါင်းစပ်ရောသမလာသောအခါ ရှေးစွန်းစွဲနင်းလှသော လူနေမှုနှင့် ဘာသာရေးတခုဖြစ်လာသည်။ အခြားထေရဝါဒနိုင်ငံတို့ပင်ခွင့်ပြုလျော့ပေးလာကြသော ဘိက္ခူနီ(ရဟန်းမ) ဖြစ်တည်မှူကိုပင် မြန်မာတို့ ထေရဝါဒမှ ခွင့်မပြုနိုင် ခွင့်တောင်းသူအား အရေးယူသည်ဖြစ်လာသည်။ လူသည် ဖို/မသာရှိရကား မဟာဖိုဝါဒလွမ်းမိုးလွန်းသဖြင့် မ,လုပ်အားအတွေးအခေါ်တို့ကျကုန်သည်မှာ အဆန်းတော့မဟုတ်။ မ,များကို ဘာသာရေးအရ ဖြေလျော့နေရာပေးရမည်။ မ,ဟူသည်ကျားအတွက် ပစ်ပယ်မရသည့် အခြားတခြမ်းသာလျှင်ဖြစ်ပါသည်။ မိခင်တို့၏စွမ်းအားပြည့်ကို သင်နှင့် သင့်တိုင်းပြည်အတွက်အသုံးချသင့်သည်။

“ဘယ်လော/ညာလော ပြတ်ပါလေ”
မြန်မာကားလမ်းစနစ်သည် လက်ယာကပ်မောင်း လမ်းစနစ်ထားလျှက်နှင့် ဂျပန်ကားဟောင်း၊လက်ယာစတီယာရင်တပ်ကားများဖြင့် အများစုမောင်းနေကြကာ ကမ္ဘာ့ကားထုတ်လုပ်ထားသော အင်ဂျင်နီယာများကို ပျက်ရယ်ပြုသယောင် ပြောင်းပြန်ချည်းချနေလေသည်။
ထို့ကြောင့် (အခြားနိုင်ငံများနှင့်ယှဉ်လျှင်)နည်းလှသောကားအရေအတွက်နှင့်မမျှ ယဉ်ကြောပိတ်/ကားကြပ်ခြင်းခြင်းများဖြစ်နေသလို ကားကြောင့် လူသေမှုများနေခြင်းလည်း စစ်တမ်းထုတ်တွက်နေကြပုံမရှိ။
ကမ္မာ့စံညွန်းညီ မြန်မာစာလုံးထွက်လာရှိလျှက်ကယ်နှင့် စံနှုန်းမညီဇော်ဂျီဖောင့်နှင့် စတင်းဒတ်ယူနီကုဒ်ဖောင့် ပြသနာတက်နေကာ စနစ်မှန်သို့ ပြောင်းယူရန်ခက်ခဲလွန်းနေခြင်းကား အလွန်သိသာသော ပြယုဂ်တည်း။
ဖေ့စ်ဘုတ်။ ဂိုဂယ်တို့လည်းမကယ်နိုင်။ ဤသည်ကို ဖဘတွင်နေ့စဉ်တက် ဖတ်ရူနေသော လူဦးရေ၅၄သန်း၏တဝက်မက သန်းချီသည့်မြန်မာတို့ကပြသည်။ စနစ်မှားနေမှန်းသိလျှက် မပြင် အတင်းပေလုပ်နေရဲသတည်း။

“ဆွဲစားမခံပါလင့်”
မြန်မာအစားအသောက်တို့ကိုလည်း ရှေးရိုးစွဲလုပ်နည်းကိုင်နည်းမှ ခွဲထွက်ရတော့မည်။
မြန်မာရိုးရာ စားစရာစစ်စစ်တို့သည် ပူသောရာသီတွင် ကြာရှည်ခံ၍စားစေနိုင်ရန် အလဟသမဖြစ်စေရန်ရည်ရွယ်ရင်းရှိခဲ့ကြသည်။
သို့နှင့်ကမ္ဘာတန်းပေါက်လာပြီဖြစ်သော လက်ဖက်နှင့်မုန့်ဟင်းခါးအား စိစစ်ကြည့်ပါစို့။
လက်ဖက်(နှပ်)သည် လက်ဖက်ရွက်များကို အချဉ်ဖောက်ထားခြင်းဖြစ်သည်။ တနည်းအားဖြင့် ပိုလျံ(သွား)သည်များကို အချဉ်ဖောက်ကာ တာရှည်ခံအောင်လုပ်ပြီး လနှင့်ချီသိမ်းထားနိုင်သော နှမ်း။ပဲမိုျးစုံလှော်/ကြော်တို့နှင့်တွဲဖက်စားသုံးခြင်းမဟုတ်ပါလော။
ရှေးကဧည့်လာလျှင် လက်ဖက်ပွဲဖြင့်အချိန်မရွေးထည့်ဧည့်ခံနိုင်ပါသည်။
မုန့်ဟင်းခါးသည်လည်း မလိုအပ်ပိုလျှံနေသော ဆန်ဟောင်းများဆန်ကွဲများကို အချဉ်ဖေါက်ကာ မုန့်ဖိုများမှမုန့်ဖတ်လုပ် ငါးပြုတ်ရည်နှင့်အဆာ(Toppings)ထည့်တွဲဖက်စားကြသည်မဟုတ်ပါလား။
အမေရိကပြည်ထောင်စုရှိ မြန်မာစားသောက်ဆိုင်များတွင်ပင် တရက်လျင်လက်ဖက်ပွဲသောင်း(သောင်း) ချီရောင်းနိုင်နေပြီဖြစ်ရကား ခေတ်စနစ်နှင့်လျော်ညီအောင် အများအပြားကုန်ထုတ်လုပ်စနစ်သို့ရှေ့ရှုလုပ်သင့်ချိန်ရောက်နေပါပြီ။ ရှေးရိုးစွဲကာ “၏သည်”စာအုပ်ကြီးလုပ်စဉ်အတိုင်းဆက်သွားနေပါလျှင် စက်နှင့်လူအင်အားသုံး ထုတ်လုပ်နိုင်သည့် လူမိုျးနိုင်ငံက ဈေးကွက်ဆွဲစားသွားပါလိမ့်မည်။

“မတူခွဲလုပ် တူတွဲလုပ်”
မြန်မာနိုင်ငံ၏အဓိကဘာသာရေးသည်ထေရာ-ဘုန်းကြီးများလွှမ်းမိုးသော သာသနာသာဖြစ်ကာ ရှေးယဉ်‌ကျေးမှု တောနေဓလေ့ထုံးတမ်းများကို လွန်စွာ့လွန်စွာအလေးထားနေသည်ကိုတွေ့ရသည်။
သို့ဆိုသော မြန်မာအများစုကြီးသည် ကွန်ဆာဗေးတစ်တွင်မှ ညအစွန်သမားအများစုဟုသာ ပြောရမည်။
ပြည်ထောင်စုထောင်ပြီးဖြစ်ရကား ယခုပါဝါပလေယာတို့ဖြစ်သော တပ်မတော်နှင့် NLDတွင် ပြည်ထောင်စုမပြိုကွဲရေးသည်ဘုံကျတူညီပါသည်။
မတူခွဲလုပ် တူတွဲလုပ်ရမည်။ တိုင်းပြည်ငြိမ်းချမ်း တိုးတက်၍လူတိုင်းအဆင်ပြေခြင်းထက် မည်သည်ကိုပိုအလိုရှိကြပါသနည်း။ မြန်မာမှန်လျှင် မြန်မာပြည်ပျက်ရန် ရည်ရွယ်မလုပ်ကြထင်ပါသည်။
လက်ယာစွန်းနင်းပေးခြင်းသည် ကွန်ဆာဗေးတစ်ဖက်၌ရှိသင့်သလို အပြန်အလှန်ထိမ်းညှိရန် ဘယ်ယိမ်းခရစ်ယန်တိုင်းရင်းသားများ။ မွတ်ဆလင်များနှင့် လစ်ဘရယ်သမားများက အင်အားစုတခုအဖြစ်ရောက်အောင် စည်းလုံးလုပ်ဆောင်သင့်ပါသည်။ အင်အားသာပြီးသူ ကွန်ဆာဗေးတစ်များကလည်း တိုင်းပြည်အကိုျးသာမျှော်ကိုးကာ လွတ်ပြန့်စွဲ လစ်ဘရယ်များအား အတိုင်းအတာတခုထိ လျော့ပေးသင့် မွေးထား/မွေးစေသင့်သည်။
အမေရိကပြည်ထောင်စုကဲ့သို ကွန်ဆာဗေးတစ်/လစ်ဘရယ် ( ရီပါ့ဗလစ်ကန်င်/ဒီမိုကရက်) အင်အားစုတို့၏ နိုင်ငံရေးအင်အားချိန်ခွင်လျှာ ၅၀% ဝန်းကျင်စီတွင် ချိန်ညှိနေနိုင်ပါလျှင်တိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မြင်ရမည်ဖြစ်လေသည်။

“ကွန်မြူနစ်လော? ရဲပါ”
ထိုမှတဆင့်တက်၍ မြန်မာ့နိုင်ငံရေးတွင်လည်း ပြတ်သားသော စနစ်/ပေါ်လစီလိုသည်။
ယနေ့ခေတ် ဒီမိုကရေစီနိုင်ငံရေးသည် ဘယ်/ညာ။ ရှေးရိုးစွဲ/လွတ်ပြန့်စွဲ။ မုလရှေးဆန္ဒကိုဆုတ်ကိုင်မည့်သူနှင့် ခေတ်စနစ်နှင့်လိုက်လျောညီထွေ လိုက်ပြောင်းနေသူသာရှိပေရာ တဖက်ပြတ်သားစွာရပ်တည်ရမည့်နိုင်ငံရေးစနစ်လိုသည်။သို့မှသာ စူပါပါဝါနိုင်ငံတို့က ကူမည်/ပယ်မည် ဆုံးဖြတ်ချက်ပြတ်နိုင်ပေမည်။
NLDပါတီ။ပြည်ခိုင်ဖြိုးပါတီ။ပြည်​​ထောင်​စု​ကောင်းကိုျး​ဆောင်​ပါတီ။ပြည်သူပါတီတို့သည် မိမိတို့သွားမည့်နိုင်ငံရေးစနစ်ကျေညာသင့်သည်။
ကွန်မြူနစ်။ ဆိုရှယ်လစ် ပုန်းကွယ်နေရန်မလိုပါ။ အမေရိကားကဲ့သို့ ဒီမိုကရေစီနိုင်ငံကြီးသည်ပင် ဆိုရှယ်လစ်စနစ်နှင့်သွားမည် ကျေညာသော ဘန်နီဆန်ဒါကဲ့သို့သူကို သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပေး လူထုကြိုက်များလာသည်မဟုတ်ပါလော။

နှစ်ပေါင်းများစွာပိတ်ခံရထားရသည်ဖြစ်သော်ငြား ကံကောင်းလှစွာ ဆိုရှယ်မီဒီယာရှိလာသဖြင့် ဒရွတ်စွဲ၍လမ်းမှန်လိုက်လာသည်။ အပြန်အလှန်ပြင်းထန်စွာငြင်းခုန်ကြရင်း အနုပညာမြောက်ကြပါသည်။
အခိုျ့ဘာသာပြန်တို့မှာ စာရေးသူအလိုဆန္ဒညွန်းသွပ်ထည့်ထားသည်ရှိသလို ဘာသာပြန်သူက စာလုံးအလိုက် မူလနောက်ခံကိုမသိမူပဲထည့်ပြန်တာမိုျးရှိနိုင်ပါသည်။
သတင်းများကို သတင်းဌာနတခုထဲ၏ တပုဒ်ထဲသတင်းဖတ်မဆုံးဖြတ်ပါလင့်။ ယနေ့ခေတ်သည် လူထုကိုစိတ်ဓာတ်စစ်ဆင်လွန်းသော သတင်းယောင်နှင့်လွှမ်းမိုးအောင်ပြုသော ခေတ်တည်း။
အဖြစ်ကိုတခုထဲမကြည့်ပါနှင့် ရှုထောင့်စုံအောင်ကြည့်ပါ။ အမေရိကားတွင်လည်း Mainstream media (MSM)များ လက်ဝဲ/လက်ယာယိမ်းကြပါသည်။
မျှသိရအောင် ရှေးရိုးစွဲတို့၏သတင်း။ လစ်ဘရယ်တို့စာများဖတ်ပါ/ကြည့်ပါ။ အစိုးရသတင်းဌာနများကိုရှောင်ကျဉ်ပါ။
ဖြစ်နိုင်လျှင် ဆိုင်ရာဆိုရှယ်မီဒီယာ။ တွစ်တာ၌ သတင်းနှင့်အတူ သတင်းအောက်အခြားသူကော်မန့်များပါဖတ်ပါ။ ပြီးမှ မိမိ၏ပညာ။သဘာနှင့်ရောသမကာ တွေးခေါ်စဉ်းစား အဖြေထုတ်ပါလေ။
စာဖတ်နာ/ဝါရင့်သည်နှင့်အမျှ အမှန်ချည်းမြင်ရပါလိ့မ်မည်။ ထိုသူတို့ဖြင့်အမှန်တရားကိုအခြေခံသည့် ကောင်တာယဉ်ကျေးမှုတော်လှန်ရေးတခုလိုနေပါသည်။

3 comments

  • Thint Aye Yeik

    July 9, 2019 at 3:10 am

    ခေတ်ကြီးက တဝုန်းဝုန်း ပြောင်းလဲနေတာများ…
    ကြောက်စရာတောင် ကောင်းလာရဲ့။
    F B အသုံးပြု ပြီး အမှန်/တရားကို ပြည်သူက ဆ ွဲခေါ်ချ နေကြတာလည်း
    မြင်ရရဲ့….
    ဥပမာ… နေပြည်တော်မူကြိုကျောင်းသူရဲ့ သက်ငယ်မုဒိမ်း တရားခံမှန်
    ပေါ်လာဖို့အရေး…. FB ကနေ စလို်က်တာ…
    အခုဆို လမ်းပေါ်လူတွေရောက်……

    အရှိန်ထိန်းနိုင်ရင်တော့….
    အရှိန်မ လွန်ရင်တော့…..
    ကောင်းလေရဲ့….

  • Mg Yit Htoke

    August 1, 2019 at 1:17 pm

    Post တင်လို့မရဘူး help me pls သဂျီး

  • Mg Yit Htoke

    August 1, 2019 at 1:26 pm

    WordPress ိုပဲဝင်ခိုင်းနေတယ် ခင်ဗျ

Leave a Reply