Learning to Write in English (17) – Prof Myo Kyaw Myint

kaiMay 13, 20202min5071


Parargraph တွေ Essay တွေနဲ့ ပတ်သတ်လို့ သိသင့် သိထိုက်တာလေးတွေ အတော်အသင့် စုံစုံလင်လင်ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ ကိုယ်တိုင်လေ့ကျင့်ပေးရမဲ့ အချိန်ကို ရောက်လာပါပြီ။ မြန်မာနှစ်သစ်ကူးမှာ essay လေးတွေ paragraph လေးတွေ ရေးသားတဲ့ အခါမှာ မှန်မှန်ကန်ကန်ရေးတတ်ရုံမက လှလှပပခန့်ခန့်ငြားငြားလေး ရေးတတ်လာအောင် figures of speech လေးတွေ လေ့လာကြရအောင်။ သိထားသင့်တဲ့ figures of speech လေးတွေကို အရင် ကြည့်ကြရအောင်။
Simile
Metaphor
Personification
Hyperbole
Understatement
Oxymoron
Paradox
simile ဆိုတာကတော့ မိမိနှိုင်းယှဉ်လိုတဲ့ အရာနှစ်ခုကို like သို့မဟုတ် as ကိုသုံးပြီး နှိုင်းယှဉ်ပြချင်းကို ဆိုလိုပါတယ်။ ဥပမာ-
-Her smile was like a ray of sunshine.
-The garden seemed like a poor man’s version of paradise.
-He greeted me as one might greet a long lost relative.
အထက်ပါ ဝါကျလေးများမှာ like နှင့် as ကို သုံးပြီး အပြုံးနဲ့ နေရောင်ခြည်၊ ဥယျဉ်နှင့်paradise ၊ နွေးထွေးစွာကြိုဆိုပုံကို မတွေ့တာကြာပြီဖြစ်တဲ့ ဆွေမျိုးရင်းချာ တယောက်ကို ကြိုဆိုပုံနှင့် နှိုင်းယှဉ်ပြထားပါတယ်။ simile နဲ့အလားတူ figure of speech လေးကတော့metaphor ဖြစ်ပါတယ်။ metaphor မှာတော့ like တို့ as တို့နှင့် ကြားခံမနေတော့ဘဲ ၊နှိုင်းယှဉ်လိုတဲ့ အရာနှစ်ခုကို တိုက်ရိုက် နှိုင်းယှဉ်လေ့ ရှိပါတယ်။ ဥပမာ
-Tears are a woman’s weapon.
-His smile was his armour against rejection.
-His voice was thunder in her ears.
နောက်ထပ်အသုံးများတဲ့ figure of speech လေးကတော့ Personification ပါ။ Personification ဆိုတာကတော့ သက်မဲ့တို့ တရိစ္ဆာန်တို့ လူတို့လို လူသားတွေရဲ့ အရည်အသွေးလေး တွေပေးပြီးရေးသားခြင်းကိုဆိုလိုပါတယ်။ Necessity is the mother of invention ဆိုတဲ့ အသုံးအနှုန်းမျိုးကို အားလုံးကြားဘူးကြမှာပါ။ မြန်မာလိုတော့ ” တီထွင်မှုကို လိုအပ်မှုက မွေးဖွားပးလိုက်တယ်”ဆိုပါစို့။ဥပမာ-
The wind rushed in through the window and kicked down the picture from the wall.
လေပြင်းတိုက်တာကို လူတစ်ယောက် အခန်းထဲဝင်လာပြီး နံရံပေါ်က ဓာတ်ပုံကို ကန်ချလိုက်သလို ရေးထားပါတယ်။ နောက်ထပ်အသုံးများတဲ့ figure of speed လေးကတော့ hyperbole လို့ ခေါ်ပါတယ်။ hyperbole ဆိုတာက အင်္ဂလိပ်လို exaggeration မြန်မာလိုတော့ ပိုပိုကဲကဲပြောတာကို ဆိုလိုပါတယ်။ ဆိုပါစို့၊ သူငယ်ချင်းတယောက်နဲ့ ချိန်းထားတယ် ။သူငယ်ချင်းကငါးမိနစ်လောက်နောက်ကျပြီးမှ ရောက်လာတယ် ဆိုပါစို့။ ဒီတော့ I’ve been wating for ages လို့ ပြောချလိုက်ရင် hyperbole ဖြစ်သွားပါပြီ။ ငါးမိနစ်လေးစောင့်ရတာကို နှစ်တွေလတွေကြာလှပါပြီ ဆိုတော့ တော်တော်လေးကို ပိုတာပေါ့နော်။ တချို့ ချစ်တတ်သူတွေ၊ ချစ်ဘူးသူတွေကြရင် Hyperbole သုံးတတ်ကြတယ် ဆိုပါတယ်။ ဥပမာ-
I’ll buy the world for you.
ကြည့်လည်းလုပ်ကြပါဦး ကမ္ဘာကြီးကို ဝယ်ပေးမယ်ဆိုပဲ။ ထားပါလေ တတ်နိုင်လို့ ဝယ်ပေးပြီ ဆိုပါစို့၊ ဘယ်မှာသွားပြီး သိမ်းဆည်းထားရမှာလဲ။ နည်းနည်းတော့ လျှော့ပါဦးလို့ ပြောရတော့မလိုဖြစ်နေပါပြီ။ hyperbole နဲ့ဆန့်ကျင်နေတဲ့ figure of speed လေးကို understatement လို့ ခေါ်ပါတယ်။ Hyperbole မှာ ပိုပိုကဲကဲပြောခံရပေမဲ့ understatement မှာ လျှော့ပေါ့ပြီးပြော တာကို ဆိုလိုပါတယ်။ ဥပမာ-
-He lost about a million dollar on the stock market today. He’s not at all worried though. It’s just a small change for him.
အလို One million ကို အကြွေ အနည်းငယ်လောက်ပါလို့ ပြောထားတော့ ဒီလူ အတော်ချမ်းသာပုံရတယ်။
-He was a bit angry with her and decided to set her house on fire. luckily, the neighbours saw the fire before it could do much damage.
အော်တော်သေးတယ်။ အနည်းမျှသာ စိတ်ဆိုးမိလို့ ။ တကယ်များ စိတ်ဆိုးရင် တရွာလုံးများ မီးရှို့မှာလား မသိပါဘူး။ နောက်အသုံးများတဲ့ figure of speed လေးကို paradox လို့ခေါ်ပါတယ်။
paradox မှာ ဆန့်ကျင်တဲ့ဝေါဟာရ နှစ်ခုကို ပူးတွဲပြီး ဖော်ပြထားတော့ ရုတ်တရက် နားလည်ဖို့ခက်ပါတယ်။ သေချာစဉ်းစားကြည့်မှ အဓိပ္ပါယ် ပေါ်လာတတ်ပါတယ်။ ဥပမာ-
Getting an “F” on the exam was the beginning of the end for his life as a college student.
ရုတ်တရက်ဆိုရင်တော့ ဘယ်လိုကြီးလဲလို့ ထင်မယ်။ ကြင်နာသနားတာတဲ့ ညှင်းပန်းနှိပ်စက်တာကိုတွဲပြီး မိဘများက ကလေးများအပေါ် သနားကြင်နာရင် နှိပ်စက်ရမယ်တဲ့။ သေချာစဉ်းစားလိုက်တော့ အဖြေပေါ်လာပါတယ်။ ကလေးတွေကို စည်းကမ်းတင်းတင်း ကျပ်ကျပ်လေး ကိုင်ပေးမှ သူတို့ကို ချစ်ခင်ရာ၊ကြင်နာရာ ရောက်မယ်။ မိမိရဲ့သားသမီးကို တကယ်ကြင်နာရင်၊မြတ်နိုးရင် အလိုလိုက်လို့ မရဘူး။ စည်းနဲ့ ကမ်းနဲ့ထားရမှာကို ဆိုလိုပါတယ်။ ကဲနောက်ထပ် ဥပမာလေး ကြည့်ကြရအောင်။
Parents must be cruel to be kind.
အစနဲ့ အဆုံးကို တွဲပြီးဖော်ပြထားတော့ နည်းနည်းလေးတော့ ကြောင်သွားမှာပေါ့။ သေချာစဉ်းစားလိုက်ရင်တော့ အဖြေပေါ်လာပါတယ်။ စာမေးပွဲမှာ ရပြီဆိုမှတော့ ကျောင်းသားဘဝလေး ဇတ်သိမ်းဖို့ နီးလာပြီပေါ့နော်။ နောက်ဆုံး ဖော်ပြလိုတော့တဲ့ figure of speed လေးကတော့ oxymoron ပါ။သူက Paradox နဲ့ဆင်တူပါတယ်။ ——– လို ဆန့်ကျင်ဘက်ဝေါဟာရလေးတွေကိုဝါကျ တစ်ခုတည်းမှာ သုံးထားတာ မဟုတ်ပါ။ ပူးကပ်လျှက်ကို သုံးတာပါ။ ဥပမာ
-It was a bitter-sweet victory.
-They have a love-hate relationship.
-He has had an up-and-down career.
ယခု နှစ်သစ်ဦးမှာ အောင်မြင်မှုတိုင်း Bitter-sweet မဟုတ်ဘဲ sweet သာဖြစ်ပါစေ။ relationship တိုင်းလည်း only love relationship သို့ ပြောင်းလဲသွားပါစေလို့ အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။

One comment

  • manawphyulay

    May 14, 2020 at 10:35 am


Leave a Reply