ဒေါ်အောင်ဆန်းစုကြည် ရဲ့
အကြီးဆုံး အမှားများ

စာရေးသူ​၏ အမြင်သက်သက်အား မျှဝေခြင်းသာ (Crd to Pite Tin )

လူထုထောက်ခံမှု
နိုင်ငံတကာထောက်ခံမှု
မြန်မာ့သမိုင်းမှာရော
ကမ္ဘာ့သမိုင်းမှာပါ
အများဆုံး ရခဲ့ပြီးမှ
ပြန်ဆုံးရှုံးလာရတာ
ရည်မှန်းချက် တွေ မအောင်မမြင်ဖြစ်ရတာ
တိုင်းပြည်လည်း
ဆုတ်ယုတ်ရတာ
အားလုံးဟာ
အကြောင်းမဲ့ ဖြစ်လာတာမဟုတ်ပါဘူး။
အကြောင်းရှိလို့
အကျိုးဖြစ်လာရတာပါ။
ဒီပို့စ်ဟာ
နိမ့်ပါးချိန်မှာ
ဖိထောင်းမယ်ဆိုတဲ့
အောက်တန်းကျတဲ့ရည်ရွယ်ချက်
စိုးစဉ်းမျှမပါဘဲ
အန်တီ့ရဲ့
ခေါင်းဆောင်ခွင့် ကိုရော
နိုင်ငံရဲ့ တိုးတက်ခွင့်ကိုရော
နှမျောလို့ ရေးတာပါ။
အန်တီလည်း ပြန်သုံးသပ်ချင်ရင်
သုံးသပ်နိုင်အောင်
နိုင်ငံရေး နယ်ပယ်က
ပုဂ္ဂိုလ်အားလုံးလည်း
သင်ခန်းစာကောင်းရအောင်
ပြည်သူတွေလည်း
သုံးသပ်ဆင်ခြင်ပြီး
နိုင်ငံရေး အသိအမြင် တိုးအောင်
စေတနာအမှန်နဲ့ ပြောပါတယ်။

၁။ပါတီကို ကောင်းစွာ
တည်ဆောက်ရေး ပျက်ကွက်ခဲ့တယ်။

ဒါ အထွေအထူးရှင်းပြဖို့မလိုပါဘူး။
လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း
ကျနော်ဒီစကားပဲပြောခဲ့ပေမယ့်
ရွာပြင်ရောက်ခဲ့ရတာပါပဲ။
အခုကတော့
အချိန်က အဖြေပေးပြီးသားမို့
ဒီစကားအမှားအမှန်
အစွဲကင်းရင်
လူတိုင်းဆင်ခြင်ကြည့်နိုင်ပါတယ်။
ထောက်ခံမယ့်သူတွေကြား
သာယာမိန်းမောနေခဲ့ခြင်းရဲ့
အကျိုးဆက်ကြောင့်
ပါတီက
အန်တီ့ခေတ် လွန်တာနဲ့
ပြိုကျပျက်စီးတော့မယ်ဆိုတာ
အထူးပြောစရာမလိုပါဘူး။
ပါတီကို မတည်ဆောက်ခဲ့တဲ့
အန်တီအပါအဝင်
အန်တီ့ပါတီဝင်တွေ၊
ယုံကြည်ကိုးစားကြတဲ့
ပြည်သူလူထု၊
တိုးတက်ခွင့် ဆုံးရှုံးပြီး
ဆုတ်ယုတ်သွားရတဲ့
နိုင်ငံတော်၊
အားလုံး ရဲ့ အနာဂတ်
အားလုံး ထိခိုက်နစ်နာစေခဲ့တဲ့
အမှားပါ။

၂။ထောက်ခံသူတွေကို
မဆုံးမခဲ့ဘူး။

တပ်က ၇၅%သော နိုင်ငံတော်အာဏာကို
အရပ်ဖက်ကို အပ်နှင်းပြီးတဲ့အချိန်
လွတ်လပ်ခွင့်အများကြီးရလာတဲ့အချိန်
အန်တီရဲ့ နံပါတ် တစ်ဦးစားပေး
မူ ဖြစ်တဲ့
ရင်ကြားစေ့ရေးရည်မှန်းချက်နဲ့ ဆန့်ကျင်ဘက် ရလာဒ်ထွက်အောင်
အန်တီ့ကို ထောက်ခံသူ
အများစုက ရှေးယခင်ကထက်
ဆယ်ဆလောက်တိုးပြီး
တပ်ကိုဆဲဆိုကြိမ်းမောင်း
စော်ကားနေကြတာကို
အန်တီက ကျကျနန ပြောဆိုဆုံးမ မှသာ
ကျန် တဲ့ ၂၅%ကို
အရပ်ဘက်က အားလုံး ရနိုင်မယ့်
အခြေအနေသစ်ကို
ဖန်တီးနိုင်မှာပါ။
တပ်နဲ့ပြည်သူ ညီညွတ်မှုကို
အန်တီ့စကား သုံးလေးခွန်းနဲ့
ရာနှုန်းပြည့်မဟုတ်တောင်
အများကြီးတည်ဆောင်နိုင်ပါတယ်။
တစ်ဖက်က ပိုစိုးရိမ်မယ့်အခြေအနေကို
မသိနားမလည်ကြသူတွေက
သွယ်ဝိုက်ဖန်တီးနေတဲ့ကိစ္စဟာ
အန်တီ့ရဲ့
နံပါတ် တစ် ရည်မှန်းချက်ကိုလည်း
ပျက်စီးစေသလို
နိုင်ငံတည်ဆောက်ရေး အလုပ်ကိုလည်း
အများကြီးနှောင့်နှေးစေတယ်ဆိုတာ
ဆင်ခြင်ဥာဏ်ရှိသူတိုင်းက
နားလည်ကြမှာပါ။

၃။လောက်လောက်လားလားအစိုးရ
မဖွဲ့ခဲ့ဘူး။

ဘယ်လောက်အခြေအနေဆိုးနေပါစေ
စွမ်းရည်မြင့်အစိုးရတစ်ရပ်ကိုသာ
ဖွဲ့ခဲ့ရင်
နိုင်ငံကို ဒုက္ခတွင်းထဲက
အတိုင်းအတာတစ်ခုအထိ
ဆွဲထုတ်နိုင်ပါတယ်။
ထောက်ခံသူ စိတ်ချယုံကြည်ရသူတွေကို
အရည်အချင်းအဓိကမကြည့်ဘဲ
ရွေးတာဝန်ပေးလိုက်တဲ့
ဒဏ် ကို
အန်တီအပါအဝင်
အခု အားလုံး ခံနေရတာဖြစ်ပါတယ်။
အရင်က အိပ်နေရင်တောင်
အသာလေးနိုင် နိုင်တဲ့
ရွေးကောက်ပွဲ အတွက်
အန်တီတို့ အခု မတရားစိုးရိမ်ပူပန်နေရတဲ့အခြေအနေက
အခုကျနော်ပြောတာ မှန်လားမမှန်လား
ရှင်းပြနေပါတယ်။

၄။တိုင်းရင်းသားအရေး
အဖြေမှန်နဲ့ ဝေးခဲ့ရတယ်။

ဒါလည်းအင်မတန်မှ ရှင်းပါတယ်။
ငြိမ်းချမ်းရေးကိစ္စ
ပိုခက်ခဲ ကျပ်တည်းသွားရတာ
ပြည်နယ်မဲတွေ မရတော့မယ့်ကိစ္စ
ပူပန်နေရတာ စတာတွေ က
အဖြေပါ။
ပါတီကြီးဝါဒ ဘက်
တအားရောက်သွားခြင်းရဲ့
ကြောက်စရာ ဆိုးကျိုးကြီးပါ။

၅။လွှတ်တော်များရဲ့ ကဏ္ဍကို
အလေးထားဖို့ လိုအပ်ချက်
ရှိခဲ့တယ်။

အင်မတန်ဆိုးပါတယ်။
အရေးကြီးဆုံး ကိစ္စ ဖြစ်တဲ့
နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်း များ
ခိုင်မာအောင် တည်ဆောက်ပေးရမယ့်
အဓိကအကျဆုံး တာဝန် ပျက်ကွက်ခြင်းပါ။
အစိုးရတွေ ကလွှတ်တော်တွေကို
မထေမဲ့မြင်နဲ့ ထင်ရာလုပ်ကြခြင်းဟာ
ပြည်သူ့အာဏာကို တစ်နည်းအားဖြင့်
ဒီမိုကရေစီ ရဲ့ အနှစ်သာရကို
ဖျက်ဆီးပစ်ခြင်းပါ။
ဘယ်အစိုးရတွေက
ဘယ်လွှတ်တော်တွေကို
မခန့်လေးစားလုပ်ကြတယ်ဆိုတာ
အထွေအထူးရှင်းပြနေစရာ
လိုမယ်မဟုတ်ပါ။

နောက်ထပ်အမှားကြီးတွေ
ရှိသေးပေမယ့်
အားနာလို့ မပြောလိုတော့ပါ။
အားလုံးအတွက်
သင်ခန်းစာထုတ်နှုတ်ယူနိုင်ကြဖို့
ထုံးစံအတိုင်း
အမုန်းခံလိုက်ရပြန်တာပါပဲ။

အန် တီ
အေးချမ်းပါစေ။

Mg Yit Htoke

About Mg Yit Htoke

swe aung has written 3 post in this Website..

   Send article as PDF