Happy New Year 2021

kaiJanuary 1, 20213min19771

နှစ်သစ် ၂၀၂၁ မှာ.. ရွှင်လန်းချမ်းမြေ့ပါစေ.. ဆိုတဲ့.. မင်္ဂလာဋီကာ… သီချင်းလေးနဲ့..။
==================================================


ရွှင်လန်းနိုင်ကြပါစေ

ချစ်သောမိတ်ဆွေ အပေါင်းသင်းများတို့ရေ
ကျက်သရေဖြာ တက်နေပမာ
စန်းဇာတာတွေတိုး ဖြိုးမောက်ပါစေ
ကမ္ဘာမြေရှိရှိသမျှသော
သတ္တဝါတွေ သတ္တဝါတွေ
အားလုံးပဲတူမျှစွာ
ယူကြပါလေ ကျွန်တော့မေတ္တာရေ
မာပါစေ သာပါစေ
ရွှင်လန်းချမ်းမြေ့ကြပါစေ

ချစ်သောမိတ်ဆွေ အပေါင်းသင်းများတို့ရေ

ကျက်သရေဖြာ တက်နေပမာ
စန်းဇာတာတွေတိုး ဖြိုးမောက်ပါစေ
ကမ္ဘာမြေရှိရှိသမျှသော
သတ္တဝါတွေ သတ္တဝါတွေ
အားလုံးပဲတူမျှစွာ
ယူကြပါလေ ကျွန်တော့မေတ္တာရေ
မာပါစေ သာပါစေ
ရွှင်လန်းချမ်းမြေ့ကြပါစေ

ချမ်းသာခြင်းသုခနဲ့ပြည့်စုံနိုင်ကြပါစေလေ

ဘေးဘယာတွေလည်းကင်းကာ
ရှင်းလင်းကြပါစေတော့လေ
ရွှင်လန်း..ချမ်းမြေ့ပါစေ
ရတနာရွှေငွေ ရတနာရွှေငွေ
တထိန်ထိန်တောက်အောင်သာပဲ
စိတ်နောက်ကိုယ်ပါ လိုရာပြည့်စုံစေ

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

စိတ်လည်းချမ်းသာပါစေ

ကိုယ်လည်းကျန်းမာပါစေ
ကာယ စိတ္တသုခနှစ်ဖြာ
အားလုံးပဲ ရနိုင်ကြပါစေ

စိတ်လည်းချမ်းသာပါစေ
ကိုယ်လည်းကျန်းမာပါစေ
ကာယ စိတ္တသုခနှစ်ဖြာ
အားလုံးပဲ ရနိုင်ကြပါစေ

တဦးပေါ်တဦး

ချစ်ကြည်နူးစွာမေတ္တာဝေ
ရေစင်ဖျန်းကာ ပန်းပမာ လန်းဖြာ
မေတ္တာတေး သစ္စာတေး
လှစ်ကာကြွေး အေးမြပါစေ…

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

စိတ်လည်းချမ်းသာပါစေ

ကိုယ်လည်းကျန်းမာပါစေ
ကာယ စိတ္တသုခနှစ်ဖြာ
အားလုံးပဲ ရနိုင်ကြပါစေ

စိတ်လည်းချမ်းသာပါစေ
ကိုယ်လည်းကျန်းမာပါစေ
ကာယ စိတ္တသုခနှစ်ဖြာ
အားလုံးပဲ ရနိုင်ကြပါစေ

တဦးပေါ်တဦး

ချစ်ကြည်နူးစွာမေတ္တာဝေ
ရေစင်ဖျန်းကာ ပန်းပမာ လန်းဖြာ
မေတ္တာတေး သစ္စာတေး
လှစ်ကာကြွေး အေးမြပါစေ…

ချမ်းသာခြင်းသုခနဲ့ပြည့်စုံနိုင်ကြပါစေလေ

ဘေးဘယာတွေလည်းကင်းကာ
ရှင်းလင်းကြပါစေတော့လေ
ရွှင်လန်း..ချမ်းမြေ့ပါစေ
ရတနာရွှေငွေ ရတနာရွှေငွေ
တထိန်ထိန်တောက်အောင်သာပဲ
စိတ်နောက်ကိုယ်ပါ လိုရာပြည့်စုံစေ။