သက်လတ်ပိုင်းအရွယ်တွင် ဆေးလိပ် အလွန်အမင်း သောက်သုံးခြင်းဖြင့် နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်လာလျှင် အယ်လ်ဇိုင်းမားရောဂါနှင့် သူငယ်ပြန်ခြင်းတို့ ဖြစ်ပွားရန် နှစ်ဆခန့် ပိုမိုနီးစပ်ကြောင်း သုတေသီတို့က ပြောကြားလိုက်သည်။
ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာနှင့် နှလုံးရောဂါတို့ ဖြစ်ပွားပြီး  နှစ်စဉ် သေဆုံးသူ သန်းနှင့်ချီ၍ ရှိခဲ့သည်။
အယ်လ်ဇိုင်းမားရောဂါသည် သူငယ်ပြန်ခြင်း ကဲ့သို့ပင်ဖြစ်ပြီး လူတို့အနေဖြင့် မှတ်ဥာဏ်နှင့် စွမ်းဆောင်ရည် ပျောက်ဆုံးပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း ကင်းမဲ့သည့် ဦးနှောက် ရောဂါတစ်မျိုး ဖြစ်သည်။ ကမ္ဘာတဝန်းတွင် ထိုရောဂါ ခံစားနေရသူပေါင်း ၂၆ သန်းခန့် ရှိသည်။
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် သက်ဆိုင်သော နှလုံးထိခိုက်မှုများကြောင့် နှစ်စဉ် လူပေါင်း ၅ သန်းခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားခဲ့သည်။ ကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ ရှုရှိုက်ရမှုကြောင့် အရွယ်ရောက်ပြီးသူ ၄၃၀၀၀၀ ခန့် နှစ်စဉ် သေဆုံးခဲ့သည်။

Ref; Reuters
Smoking doubles dementia risk in late life – study
By Julie Steenhuysen

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။