ခရီးသွားဧည့်သည်

ဝင်လာမဆဲတသဲသဲဖြစ်ခဲ့တဲ့ ငါတို့ရွာကြီး

ခုများတော့ဝင်လာသူမရှိ ဘယ်လိုဖြစ်သနည်း …

ကြောင်တစ်ကောင်နဲ့ ခရီးသွားတစ်ယောက်ထဲ

ဆူးကလေးကတော့ တစ်ခါတစ်ရံ ကိုယ်ထင်ပြလေရဲ့ ….

မနက်တုန်းကတော့သူကြီးက ယုန်ပုံပြင်ပြောပြလို့်

သူ့ပုံပြင်ကို သံဝေဂရမို့  ပြန်ကြမယ် ဖိုးဖိုးဖွားဖွားတွေဆီသို့ …

ရွာသူကြီးကိုလဲ ၀တ်စုံနဲ့တစ်ယောက်လာခေါ်သွားတယ်

ဆွေးနွေးမေးမြန်းစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါတဲ့ ..

ဗမာစကားမပြောတတ်တဲ့သူတစ်ယောက် ရောက်လာသေးတယ်

သူ့စကားလူမသိ လူ့စကားသူမသိနဲ့ အလုပ်မဖြစ်ပြန်ဘူး …

ကြောင်ကြီးရေ နေရစ်ခဲ့တော့

တို့တော့ ရှေ့ခရီးဆက်လိုက်အုန်းမယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....