ည…….
ဒီလိုညပေါ့……
စကားလုံးတွေခမ်းခြောက်
ရင်ခွင်တစ်ခုလုံးကွဲကြေခဲ့တဲ့ည…..
ည…….
ဒီလိုညပေါ့……
ငါ့အိမ်မက်တွေကြေမွ
ဟိုးအဝေးမှာပဲနေခွင့်ရတော့တဲ့ည…..
ည…….
ဒီလိုညပေါ့……
သတိရချင်းများစွာနဲ့ 
မင်းအိမ်ရှေ့ ကိုရောက်ခဲ့တဲ့ည……
ည…….
ဒီလိုညပေါ့……
အတိတ်ကအလွမ်းတွေကိုစားသုံးရင်း
လောကဒဏ်ကိုစိန်ခေါ်ခဲ့တဲ့ည……
ည…….
ဒီညပေါ့……
ငါတစ်ယောက်တည်းလွမ်းမော
နှုတ်ခွန်းဆက်သခွင့်မရှိတဲ့ ကောင်မလေးအတွက်
ဆုတောင်းနေတဲ့ည…..
(ပျော်နေပါစေ…..ကောင်မလေးရေ…..)

About တောင်ငူသား

တောင်ငူသား ၀တုတ်လေး has written 2 post in this Website..