ဘဝင်မြင့်အောက်ခြေလွတ်ပြီးမောက်မာရိုင်းစိုင်းတဲ့ စိန်ကြယ်

etoneNovember 2, 20101min680

အသိပညာဗဟုသုတမရှိလို့ပဲလား ဘဝင်မြင့်အောက်ခြေလွတ်တဲ့လူတန်းစားတွေများလာလို့ပဲလားတော့မသိပါဘူး  မကြာခဏဆိုသလို စိတ်ကသိကအောက်ဖြစ်စရာလေးတွေကြုံကြုံနေရပါတယ် ။ မနေ့ကအဖြစ်ပျက်လေးကိုလည်း ပြောပြချင်သေးတယ် ဘော်ဒါတို့လည်း ကိုယ့်လိုမကြုံရအောင် ရှောင်ကွင်းသွားလို့ရတာပေါ့ ။

တနေ့က သူငယ်ချင်းတယောက်နဲ့ ၃၂လမ်းထဲက စိန်ကြယ်ဆိုတဲ့ပုံနှိပ်တိုက်ကို ရောက်သွားတယ် ။ သွားတဲ့ရည်ရွယ်ချက်ကတော့ သူငယ်ချင်းက သူ့လုပ်ငန်းအတွက်ကြော်ငြာမဲ့ ပန်းဖလပ်သွားလုပ်ပါတယ် ။ တခြားဆိုင်တွေက ညွှန်လို့အဲ့ဒီဆိုင်ကိုရောက်သွားတာပါ ။ ပန်းဖလပ်အခုရေနဲ့ ပုံနှိပ်ခတွေတွက်ချက်တော ့ လျှော့ဈေးများရနိုင်မလားမေးတော့  ဆိုင်ရှင် တရုတ်က ပြောပါတယ် ဈေးသက်သာချင်ရင် ဘယ်ဆိုင်ကိုသွားဆိုပြီး ပါးစပ်ထဲရှိတဲ့နာမည်ရွတ်ပြပါတယ် ။ (သူပြောတဲ့လမ်းထပ်မှာရှိတယ်ဆိုတဲ့ဆိုင်ကို နောက်မှသွားရှာတာ တစ်ကယ်လည်းရှိမနေပါဘူး အချွန်နဲ့သက်သက်မလိုက်တာပါ ) ။ ငွေလည်း နည်းနည်းပဲကွာမှာပါဆိုပြီး တဆိုင်ဝင်တစ်ဆိုင်ထွက် inquiry မလုပ်ချင်တာနဲ့ အဲ့ဒီမှာပဲအပ်လိုက်ပါတယ် ။ အပ်လိုက်တဲ့ပန်းဖလပ်အခုရေကို တွက်ပြီးဈေးယူပါတယ် ။ဥပမာ ကိုယ်က အရွက် ၂၀ဝ ဆိုရင် သူက ရိုက်ခ ၊ ဆေးဖိုး ၊ ဖယောင်းဖိုး၊ လေဆာဖိုး ၊စာရွက်ဖိုးစသဖြင့် လိုက်တွက်ပါတယ် ။ သူတို့ကြိုက်ဈေးဖွင့်တာ ကြိုက်ရင်အလုပ်ဖြစ်မယ် မကြိုက်ရင်မဖြစ်ဖူးပေါ့… ။ နေကလည်းပူတာနဲ့တခြားဆိုင်ကို မသွားဖြစ်တော့ပါဘူး အဲ့ဒီမှာပဲအပ်လိုက်ပါတယ် ။ အခု ၄၀ဝ အပ်လိုက်တယ်ပေါ့ ။ တစ်ဝက်ငွေရှင်းပြီး ပြန်ခဲ့ပါတယ် နောက်နေ့မှ ပြန်လာယူတော့မယ်ပေါ့… ။ နောက်နေ့(မနေ့က)ကြတော့ သူငယ်ချင်းက သွားရွေးမယ်ပြောတာနဲ့ ကိုယ်က မပြီးလောက်သေးဘူးထင်လို့ ဖုန်းအရင်ဆက်ကြည့်ပါဦးပြောမိလိုက်တယ် ( သိတော်မူတဲ့အတိုင်းလေ ဒီမှာက အလုပ်လုပ်ရင် ကတိမတည်တာများတယ် ။ ဟိုနေ့ပြီးမယ်ဒီနေ့ပြီးမယ်တဲ့ ကတိတွေတသီကြီးပေးပြီး မတည်တာတွေက များလို့ အီးတုုံး တို့ နောကြေပြီးသားဆိုလို့  ) ဖုန်းဆက်တော့ ထင်တဲ့အတိုင်းပဲ ရိုက်လို့တော့ပြီးပါပြီ ဖြတ်မပေးပါဘူးတဲ့ … နည်းနည်းတောင် ကြောင်သွားတယ် ။ သူ့သဘောက A4 စာရွက်အတိုင်းပဲ ထုတ်ပေးမှာပါတဲ့ … ။ A4 တစ်ရွက်ကို ပန်းဖလပ် လေးခု ထုတ်လို့ရပါတယ် ။ သူယူထားတဲ့ပိုက်ဆံက ပန်းဖလပ် ၄၀ဝစာပါ A4 အရွက်၁၀ဝစာမဟုတ်ပါဘူး ။ သူက ဖြတ်မပေးရင် ကိုယ်က ဘယ်နားသွားထပ်ဖြတ်ရပါ့မလဲနော် ။ တစ်ကယ်တောင် စိတ်ညစ်သွားတယ် ။ အလုပ်အပ်တုုံးက စကားကိုချည်ပြီး တုပ်ပြီးမပြောမိတာ ကိုယ်တွေအမှားဖြစ်သွားတယ် ။ ဖုန်းနဲ့ပြောတာတောင် ဟိုဘက်က ကောင်က ယောကျာင်္းကြီးတန်မဲ့ ကတ်ကတ်လန်အောင် ရန်တွေ့နေလိုက်တာ ပေးထားတဲ့စပေါ်ငွေတောင် အဆုံးခံပြီးသွားမရွေးဘဲထားမလားလို့တောင် စိတ်ကူးမိပါရဲ့   ။ ဒါနဲ့ဖြတ်ခပေးမယ်လို့ ပြောလိုက်တော့ လူလာခဲ့ပြီးမှဖြတ်ပေးမယ်တဲ့ ပိုက်ဆံလည်း ကျသလောက်ပေးတဲ့ ။ ရှည်ရှည်ဝေးဝေးတွေ တိုင်မပတ်ချင်တော့တာနဲ့ ပေးမယ် အာရုံနောက်သက်သာလည်း အေးရောဆိုပြီး သူငယ်ချင်းနှစ်ယောက် ညနေလာရွေးမယ်ပြောလိုက်တယ်။ ညနေသွားရွေးတော့မှ အချိုးက တစ်မျိုးဖြစ်ပါရော ။ လုပ်မပေးတော့ပါဘူးတဲ့ ဖုန်းပြောတာ သူမဟုတ်ပါဘူး သူ့သားပါ ဘာညာနဲ့ ။ အီးတုံးတို့ကို အရူးလုပ်ပါရောပဲ ။ customer is right ဆိုတာမျိုးလည်း နားလည်ဟန်မတူပါဘူး ။ ဘုးိဘွားမိဘလက်ရင်းလုပ်ငန်းကို လုပ်ကိုင်တာကြာတော့ နာမည်ရလာလို့ အောက်ခြေလွတ်သွားတဲ့ ဆက်ဆံရေးကြဲပြီးလက်တလုံးကြားစကားပြောတတ်တဲ့ လုပ်ငန်းလုပ်သူ ဖြစ်မယ်ထင်ပါတယ် ။ ဇာတ်လမ်းက မပြီးသေးပါဘူး ။ အီးတုံးတို့သူငယ်ချင်းနှစ်ယောက်ကို ဆိုင်အဝင်မှာတင် သူက အော်ထုတ်တော့တာပါပဲ ယောကျာင်္းကြီးတန်မဲ့ ရန်တွေ့လိုက်တာများကတ်ကတ်လန်နေတာပါပဲ ။ ဆိုင်ထဲက မထွက်မချင်းကို ပြောနေတော့တာပါပဲ ။ သူကပဲ အလုပ်အပ်သူကို ဘာဖြစ်လဲ ဘာလုပ်ချင်လဲတွေထလုပ်တော့တာပဲ ။ ရုပ်ရှင်တွေထဲက အခြောက်လုပ်တဲ့ လူကြမ်းမျက်နှာလိုချည်းပါပဲ ။ အီးတုံးတောင်ပြောစရာစကားမရှိအောင်ပဲ ဆွံ့အသွားပါတယ် ။ ပါးရိုက်ချင်လိုက်တာများ လက်ကိုယားနေတာပါပဲ လုပ်မိခဲ့ရင်တော့ဇာတ်လမ်းကရှုပ်ဦးမှာပါ ။ ပုံနှိပ်စရာ ကိစ္စနဲ့ကြုံလို့ ၃၂လမ်းထဲသွားမယ်ဆိုရင် အဲ့ဒီဆိုင်ကိုတော့ရှောင်ကြပါ ။ အလယ်လမ်းမှာရှိတာပါ ။ ဈေးစကားစပြောကတည်းကကို တင်စီးပြီး ၊ ကတိလည်းမတည်၊ အလုပ်အပ်သူကိုလည်း မလေးစားပဲ xxxxပါးစပ်လို ပြောချင်တာပြောနေတဲ့ မောက်မာတဲ့ဆိုင်ကို အီးတုံးတစ်သက်ဘယ်တော့မှ ထပ်သွားတော့မှာမဟုတ်ပါဘူး ။