ရွေးကောက်ပွဲ သတင်းများ (၈. ၁၁. ၂၀၁၀)

Good IdeaNovember 8, 20101min1097

အမျိုးသား ဒီမိုကရေစီ အင်အားစု – NDF သည် ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ် အများစု အနိုင်ရနေသည်။ သင်္ဃန်းကျွန်းနှင့် မြောက်ဥက္ကလာပတို့တွင် မဲဆန္ဒနယ် အားလုံး အနိုင်ရခဲ့သည်။

တောင်ဥက္ကလာတွင် ကြိုတင်မဲ ၅၀၀ဝ ကျော်ကြောင့် မြို့တော်ဝန် အောင်သိန်းလင်း အနိုင်ရရှိခဲ့သည်။

မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက စစ်အစိုးရ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်ကို မဲ ၈ ထောင်ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။

– RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရခိုင်ပြည်နယ် ၆ မြို့နယ်တွင် စတင်အနိုင်ရခဲ့သည်။ ပေါက်တောနှင့် စစ်တွေ တို့တွင် မဲဆန္ဒနယ် အားလုုံး အနိုင်ရခဲ့သည်။

7 comments

  • april

    November 8, 2010 at 2:40 pm

    NDF ကိုတော့ နို်င်စေချင်တာပေါ့….ဒါပေမဲ့ ကြိုတင်မဲကြောင့် သူတို့ပဲနိုင်နို်င်သွားတယ်… 🙁

  • tunaung

    November 8, 2010 at 2:47 pm

    ဒီမူနဲ့ဒီလူတွေကို သကြားမင်းဆင်းပြီးပြိုင်ယင်တောင်နိုင်မယ်မထင်ပေါင်ဗျာ….

  • naywoonni

    November 8, 2010 at 3:37 pm

    (ဒီမူနဲ့ဒီလူတွေကို သကြားမင်းဆင်းပြီးပြိုင်ယင်တောင်နိုင်မယ်မထင်ပေါင်ဗျာ)
    မင်းခုမှသိသလား……ယူချင်ဦးဟမိန်းမ………အဲဟုတ်ပါဘူးမွှားကုန်ပြီ

  • ဆူး

    November 9, 2010 at 3:00 am

    မြို့မေတ္တာခံယူသူ တွေ.. နိုင်ကြတယ်ပေါ့.. တောင်ဥက္ကလာမှာ မဲမပေးခင် ၁ရက် ၂ရက် လို မြို့တော်ဝန်လာပြီး.. မင်းအိမ်မှာ ရေမရဘူးလား.. အေး.. အခုသွယ်ပေးမယ်.. ချက်ချင်းကို သွယ်ပေးတာလဲ့.. အလကားတဲ့ ပိုက်ဆံ မပေးရဘူးတဲ့.. အဲဒါကြောင့် နိုင်တယ် ဆိုလား.. ရပ်ကွက်က သတင်းကြားမိတယ်။

  • moethidasoe

    November 9, 2010 at 7:23 am

    ထွန်းအောင်နှင့် နေဝန်းနီရယ် .. ငေါ့တာတော့ ငေါ့တာပေါ့ .. ဒါမှမဟုတ် ကြံ့ဖွတ်အနွယ်လား ..
    ဘာပဲဖြစ်ဖြစ် နောက် ငါးနှစ်ကြာရင် မင်းတို့ အကြောင်းသိစေရမယ် မှတ်ထား ..
    ဘာ .. လာဖမ်းမယ် .. အဲဒါဆို ကြောက်ကြောက် .. ဘွာတေး ..
    အခုမှ မဘွာတေးနဲ့ .. ချလွတ် .. (ဘာသံမှန်းမသိ)

  • Sky Blue

    November 9, 2010 at 8:09 am

    အောင်သိန်းလင်းကို တောင်ဥက္ကလာမှာ ဘရ်သူ့ကမှ မဲမပေးဘူး အမြင်ကပ်လွန်းလို့… လမ်းတွေ ခင်းလည်း တိုးလို့တန်းလန်း…အဝီစိတွင်းတွေတူးလည်း တဝက်တပျက်နဲ့….. (တိုးလို့တန်းလန်း အောင်သိန်းလင်း…တဝက်တပျက် အောင်သိန်းလင်း…) လို့ခေါ်ကြတရ်…. အဝီစိတွင်းတွေကတော့ သူတို့သွားရင်မြန်မြန်ရောက်အောင်လို့ထင်တရ်……သူတို့သွားရမဲ့နေရာကိုကြိုသိနေလို့…. ကြိုကြိုတင်တင်တူးထားတာဖြစ်မရ်…..

  • R Ga

    November 9, 2010 at 1:17 pm

    ဘယ်သူနိုင်နိုင် ခွေးတိရိစ္ဆာန်များ နိုင်နိုင် ဘယ်သူရှုံး ရှုံး…………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………

    ရှုံး

Leave a Reply