ရောဘက်တို ဘက်ဂီယို

တချိန်က မြန်မာ့ဘောလုံး ပရိတ်သတ်များ အသဲစွဲ ကမ္ဘာကျော် အီတလီ ဘောလုံးသမား ရောဘတ်တို ဘက်ဂီယိုဟာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များက နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ အထူးဆု ကို ရရှိသွားပါတယ်။ ဖီဖာကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် ၁၉၉၃ခုနှစ် အကောင်းဆုံး ဘော်လုံးသမား ဆုရှင်၊ အသက်၄၃နှစ်ရှိပြီဖြစ်တဲ့ ဘက်ဂီယိုဟာ ကာလကြာရှည် ကြိုးပမ်းဆာင်ရွက်ခဲ့တဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း များအတွက် ငြိမ်းချမ်းရေးထိပ်သီးဆု ၂၀၁၀ခုနှစ်ကို အင်္ဂါနေ့မှာ ရွေးချယ်ခြင်းခံရပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုတွေထဲမှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အောင်ဆန်းဆုကြည် လွတ်မြောက်ရေးဖို့ တွန်းအားပေး နှိုးဆော်မှုလည်း ပါဝင်တယ်လို့ ကမ္ဘာ့ထိပ်သီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များရုံးက အင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။
ဘက်ဂီယိုကို သူ့ရဲ့ ဘောလုံးအောင်မြင်အရှိန်အဝါကြောင့် လူသိများထင်ရှားပါတယ်။ ဒါပေမဲ့ သူဟာ ဟေတီနိုင်ငံငလျင်ဘေးဒဏ်သင့်သူများနဲ့ ကြက်ငှက်တုပ်ကွေးရောဂါတိုက်ဖျက်ရေး တို့အပါဝင် ဆေးရုံများအတွက် ရံပုံငွေကူညီရှာဖွေပေးခြင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ငန်းများကို အားပေးထောက်ခံးပါတယ်။
ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များ အစည်းအဝေးကို ဒုတိယကမ္ဘာစစ် ပြီးဆုံးကာနီး ၁၉၄၅ ခုနှစ်တုန်းက အမေရိကန်တို့ရဲ့ အဏုမြူဗုံးဒဏ်ကြောင့် လူပေါင်း တသိန်းလေးသောင်း ဆေုံးခဲ့တဲ့ ဂျပန်နိုင်ငံအနောက်တာင်ဖက် ဟီရိုရှီးမားမြို့တွင် စနေနေ့မှာစတင်ဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးကိုတော့ ဥရောပမှာကျင်းပခဲ့ပါတယ်။
ယခုနှစ်မှာလည်း ငြိမ်းချမ်းရေးဆုရှင်များက မျက်မှောက်နဲ့ အနာဂတ်မျိုးဆက်များရဲ့ ခါးသီးလှတဲ့ ခံစားမှုဝေဒနာများကို သတိပေးရင်းနဲ့ ကိုယ်တွေ့မျက်မြင် ပြုလိုက်သူများနဲ့ ကြေကွဲဝမ်းနဲဖွယ် နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးများ ခံစားခဲ့ရသူများကိုယ်စား စစ်ပွဲနဲ့အဏုမြူဗုံး ဒဏ်သင့်သူများရဲ့ ကိုယ်စားလှယ်များကို ဂုဏ်ပြုဆုပေးအပ်မှာဖြစ်တယ်လို့ ဆုရှင်များရဲ့ ကြေငြာချက်မှာ ထုတ်ပြန်ထားပါတယ်။
အယင်က ဆုရရှိဖူးသူများထဲမှာ အင်္ဂလိပ်လူမျိုး ဂီတပညာရှင် ပီတာဂေဘရယ်၊ အမေရိကန် လူမျိုး သရုပ်ဆောင်များဖြစ်တဲ့ ဂျော့ကလိုနီနဲ့ ဒွန်ချီဒဲလ်၊ အီတာလီလျံလူမျိုး ဟာသပညာရှင်ဒါရိုက်တာ ရောဘက်တို ဘင်နစ်နီတို့ပါဝင်ကြတယ်။
ညူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ စစ်ဆန့်ကျင်တားဆီးရေး မျှော်လင့်ချက်များဟာ ဟီရိုရှီးမားမှာ အတော်မြင့်မားနေပါတယ်။ ဒီနှစ်ငြိမ်းချမ်းရေး အစည်းအဝေးမှာ ညူကလီးယားလက်နက် ဖျက်သိမ်းရေးကို အာရုံစိုက်ကြလိမ့်မယ်လို့ စည်းရုံးလှုံ့ဆော်သူများကပြောကြပါတယ်။
မနှစ်ကငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သမ္မတအိုဘားမားကို ဖိတ်ကြားခဲ့ပေမဲ့ သူမတက်ရောက် နိုင်ပါဘူး။ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား၊ ပိုလန်နိုင်ငံရဲ့ လက်ဝယ်ဆာ၊ တောင်အာဖရိက သမ္မတဟောင်း ဖက်ဒရစ် ဝီလျံဒီကလပ်နဲ့ အရှေ့တီမောသမ္မတ ဟိုဆေးရားမို့စ် ဟိုတရာတို့ကတော့ အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါတယ်။

Baggio wins special award from peace laureates
TOKYO – Italian soccer star Roberto Baggio is this year’s winner of a special award bestowed annually by world’s Nobel Peace Prize laureates.
Baggio, 43, the FIFA player of the year in 1993, was chosen Tuesday for the Peace Summit Award 2010 for his longtime efforts in charities, including pressing for the freedom of Aung San Suu Kyi, Myanmar’s detained pro-democracy leader and Peace laureate, the office of the World Summit of Nobel Peace Laureates said Tuesday.
Baggio is more known for his soccer glory. But he has also helped fund hospitals, including raising money to help the victims of the Haiti earthquake and fighting bird flu, as well as supporting the work of the United Nations.
This year’s meeting of laureates, set to start Friday, is in the southwestern Japanese city of Hiroshima, where the U.S. atomic bomb killed 140,000 people in 1945, ending World War II.
Previous such summits were held in Europe.
This year, the laureates will also be giving a special award to the representatives of the bomb victims, “to honor all those who have witnessed and endured the tragic consequences of nuclear bombardments and war, warning with their unbearable suffering present and future generations,” the group said in a statement.
Past winners of the Peace Summit Award include British musician Peter Gabriel, American actors George Clooney and Don Cheadle, and Italian comedian and director Roberto Benigni.
Hopes for nuclear nonproliferation and pacifism are strong in Hiroshima. And the peace meeting this year will focus on nuclear disarmament, organizers say.
President Barack Obama, last year’s Peace Prize winner, was invited but is not attending.
Tibetan religious leader the Dalai Lama, Lech Walesa of Poland, former South African President Frederik Willem de Klerk and East Timorese President Jose Ramos-Horta are scheduled to attend.

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး