Export လုပ်ကြမလား?
CCTV ကနေ ကင်းခြေများ တရုတ်လို ဝူကုန်း (蜈蚣)တွေ စီးပွားဖြစ်မွေးမြူတာကို ကြည့်လိုက်ရလို့ အခုလို အင်တာနက်ကနေ ပုံတွေရှာပြီး ဖော်ပြပေးလိုက်တာပါ။ ကွမ်တုံးပြည်နယ်က တရုတ်လူမျိုးတွေက ဘာအကောင်ကိုမဆို စားလို့ရတာ အကုန်စားပါတယ်။ ကင်းခြေများအကောင်တွေကို စီးပွားဖြစ်မွေးပြီး ဆေးဖော်စပ်တဲ့နေရာမှာသုံးတယ်။ အများအားဖြင့် အကင်လုပ်ပြီးစားကြပါတယ်။ မွေးမြူရေးလုပ်တဲ့နေရာက အကောင်တစ်ကောင်ရဲ့ဈေးနှုနန်းက တရုတ်ငွေ (1.4 ယွမ်) ဗမာငွေ ၂၀ဝ ကျပ်ခန့်ရှိပါတယ်။ အကင်နဲ့ ဟင်းလျှာဈေးနှုန်းတွေကိုတော့ မသိပါဘူး။ အကင်ဆိုင်တွေမှာတော့ အဲဒီအကောင်တွေရောင်းနေတာ မြင်မိပါတယ်။ တခြားပိုးကောင်တွေလဲ အကုန်ကင်တယ် .. အကုန်စားကြတယ်။ ကင်းခြေများအကောင်တွေကိုတော့ ကွမ်တုံးကနေမှ တရုတ်တစ်နိုင်ငံလုံးကို ဖြန့်ဖြူးနေပါတယ်။ ဗမာလူမျိုးများ ပြည်ပပို့ကုန်တင်သွင်းချင်သူများအတွက် ….
တရုတ်ပြည်မှာ ဆိုရိုးစကားတောင် ရှိသေးတယ် တရုတ်ပြည်မှာ ကွမ်းတုံးလူမျိုးတွေဘဲသာ ရှိလို့ကတော့ တိရိစာ္ဆန်ရုံတောင် ပိတ်ပစ်ရလိမ့်မယ်လို့ ပြောတာ ကြားဘူးပါတယ်။
Was this answer helpful?
LikeDislikeကင်းခြေများအရှင် (အကောင်သေး) ကို ဒီအတိုင်း ပါးစပ်ထဲထည့်ဝါးပြသေးတယ် …. ဘယ်လိုလူတွေမှန်းမသိဘူး ..
Was this answer helpful?
LikeDislikeဆူးကအတော်မျက်စိကြီးနားကြီးဘဲ
အန်ကယ်တောင်မကြားဖူးဘူး
ဒီအသက်ရောက်မှဒါမျိုးတွေမလုပ်တော့ပါဘူးမဝေရယ်
လုပ်ချင်းလုပ်ဆင်စွယ်တို့ကြံ့ဂျိုတို့ဆိုတော်သေးတယ်
Was this answer helpful?
LikeDislikeတော်ကြာကင်းခြေများ မျုးိတုံးတော့မယ်ဆိုပြီး တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ ထအော်နေအုံးမယ်။
Was this answer helpful?
LikeDislikeမဝေဆီပို့ပေးမယ်လေ……….
အဆင်ပြေသလိုသာကြည့်လုပ်လိုက်
Was this answer helpful?
LikeDislikeအသက်ရှိတဲ့အကောင်ပလောင်မှန်သမျှ အကုန်သာဖမ်းပြီးပို့လိုက် ….
Was this answer helpful?
LikeDislikeကျွန်တော့်ဆီမှာ အမွေးစုပ်ဖွားနဲ ့ ကြောင်ထီးကြီးတစ်ကောင်ရှိလေရဲ ့
Was this answer helpful?
LikeDislikeကင်းခြေများတွေက အားရှိတယ်ဆိုတော့ ကိုအောင်ပု သူ့ဘကြီးဆေးစာအတိုင်း ဆေးဖော်မလို့တဲ့။ ဘာအတွက်ကောင်းသလဲတော့ မသိပါဘူး။
Was this answer helpful?
LikeDislikeနိုင်ငံကြီးသား အလေ့အကျင့်မရသေးတဲ့ တရုတ်တွေ ကြီးပွားလာပြီဆိုတော့ .. သဘာဝပါတ်ဝန်းကျင်တို့.. တိရိဆန်နဲ့လူရဲ့ ဂေဟ စံနစ်တို့ သိပ်နားမလည်ပဲ.. ငွေရှိတိုင်း ..အကုန်ဝယ်စားပြစ်ကြမှာပါ..။
အနီးအနားက တိုင်းပြည် ဆင်းရဲနေပြီး ဩဇာခံဖြစ်နေလို့ကတော့ … အကုန်အစားခံပဲ..။
လူတွေပါအစားခံရဖို့ရှိတယ်…။
မသက်သာဘူးသာမှတ်ပေတော့လို့ … ဟိုလူကြီးစကားယူသုံးပြောလိုက်ပါမယ်..။
Was this answer helpful?
LikeDislikechinese တွေ အစားပက်စက်ပုံ ကတော့ http://www.youtube.com/watch?v=CKe7XSMk0Wg
Was this answer helpful?
LikeDislikeကင်းခြေများတို့.. ကင်းမြီးကောက် ကဲ့ သို့ အဆိပ်ပြင်းတဲ့ သတ္တဝါလေးတွေ အရက်နဲ့ စိမ်ပြီး ဒဏ်ရာတွေ ကို လိမ်းပေးရင် အကြောအချင် ပြေတယ်လို့ ကြားဘူး နားဝ ရှိပါတယ်။ သေသေချာချာ မြင်ချင်ရင် ကျိုက်ထီးရိုးတောင် အတက်အဆင်းကို သွားပြီး လေ့လာကြည့်ပါ.. ပုလင်းလေးထဲ အကုန်ရောက်နေတယ်။
Was this answer helpful?
LikeDislikeကင်းခြေများကိုအရက်ထဲစိမ်ပြီးသောက်ရင်အဆစ်အမြစ်ကိုက်တာသက်သာတယ်လို့ပြောတယ်…ရောင်းတဲ့ဆိုင်တွေလဲရှိတယ်…ကင်းမြီးကောက်ကြော်ဈေးကြီးလို့တစ်ခါမှဝယ်မစားဖူးဘူး
Was this answer helpful?
LikeDislikeကရင်လေးက ဈေးသက်သာရင် စားမယ်ပေါ့ ဟုတ်လား.. ဟီးဟီး.. စတာနော် အဘကင်..
Was this answer helpful?
LikeDislikeဈေးသက်သာရင်တော့စားဖူးတယ်ရှိအောင်စားကြည့်မယ်..ဒီမှာမြွေသွေးရောင်းတဲ့ဆိုင်တွေရှိတယ်..မြွေသွေးကိုမြွေသည်းခြေနဲ့ဘီယာရောပြီရောင်းတာ..မြွေကိုအရှင်လပ်လပ်ကြိုးနဲ့ချည်ပြီသွေးဖေါက်ထုတ်တာ..သောက်လိုက်ရင်ညီစုတ်စုတ်နဲ့မျက်လုံးအားကောင်းတယ်ဆိုလို့သောက်တာ…တကယ်လဲမျက်လုံးအားကောင်းတယ်….ခုအသက်အရွယ်ထိမျက်မှန်တတ်ဖို့မလိုသေးဘူး..
Was this answer helpful?
LikeDislikeအဘကင်ရေ.. အဲဒါ စားပြီး ဘာထူးမှာလဲ ဟင်..
Was this answer helpful?
LikeDislikeဆူးမမ ရဲ့မေးခွန်းကို ဖြေရန်ခက်ခဲတဲ့အတွက် ဆင်ဆာကြွေးလိုက်ပါတယ်။
ကျနော်ငယ်ငယ်က မဂ္ဂဇင်းထဲမှာ ဖတ်ဘူးတာက အဖွားကြီးနှစ်ယောက်ထဲရှိတဲ့အိမ်မှာ အဖွားကြီးနှစ်ယောက်အဆိပ်မိတယ်။
အဲတော့ ရဲ က အစွမ်းကုန်ကြီုးစားလို့ သံသယရှိသူမှန်သမျှမေးပါတယ်။ဖမ်းတယ် ။
ဒါပေမယ့် အဖြေမပေါ်ပါဘူး။
သူတို့အိမ်မှာက ခိုင်းတဲ့ ကောင်မလေးတစ်ယောက် ပန်းပင်စိုက်တဲ့ မာလီတစ်ယောက်
သူတို့ကိုစောင့်ရှောက်ဘို့ အတွက် သူတို့ရဲ့တူမတို့ လင်မယား တစ်စုံ
အိ်မ်ကကားမောင်းတဲ့ဒရိုင်ဘာနဲ့ ခိုင်းတဲ့ကောင်မလေးက လင်မယားပါဘဲ။
နောက်တစ်ရက် မှာ အိမ်မှာရေနွေးကျိုတဲ့ မြေခရားကြီး ကျကွဲသွားတဲ့အခါမှ အဖြေပေါ်ပါတယ်။
တရားခံကတော့ ဇနီးမောင်နှံ ဖြစ်ပုံရပါသတဲ့။
ဖြေလိုက်ပါ မှန်ရင် ဆုပေးမယ်နော် ဒန် ဒန် ဒန်
Was this answer helpful?
LikeDislikeလေးပေါက်ကလည်း ဆူးပြောတာ မြွေသွေး ရောင်းတဲ့ ဆိုင် အကြောင်းမေးတာပါ။ စားပြီး ဘာထူးလဲ သိချင်တာပါ။
တရားခံ မှန်ရင် ဆုပေးမယ် ဆိုတော့.. ဒန် ဒန် ဒန် ဆိုတော့.. ဒန်အိုး ဒန်ခွက် ဒန်ချိုင့် အဲဒီ က ဒန်တွေကို အစ စလုံးတွေနဲ့ ဖော်ထားတာ များလား ကွယ်..
Was this answer helpful?
LikeDislikeတခါက …
ပျော်ပွဲစားထွက်တဲ့ လူငယ်တွေ .. အကုန်မူးဝေအော့အန်လို့ ..ဆေးရုံရောက်လာတဲ့အကြောင်း ဖတ်ဖူးတယ်..။
အစာအဆိပ်ဖြစ်တယ်ဆိုတာထက်… အဆိပ်ကိုသင့်နေတာ ဆိုပါတယ်..။
အဲဒီနောက် … သူတို့ပျော်ပွဲစားထွက်တဲ့နေရာသွားစစ်ောတ့ .. သစ်ပင်အောက်မှာ .. အိုးကြီးတလုံးနဲ့.. ဟင်းအိုးတယ်ထားပါသတဲ့..
အဲဒီထဲ..မြွေတကောင် ဟင်းအိုးအပူရှိန်နဲ့ သစ်ပင်ပေါ်ကပြုတ်ကျသေနေတာလည်း တွေ့ပါသတဲ့..။
ဆိုတော့…။
အဆိပ်က… အိုးထဲကလာတာပေ့ါ..။ မြွေကို အရှင်လတ်လတ်ပြုတ်တော့ ..သူ့အဆိပ်တွေ ဟင်းအိုးထဲရောက်နေတာပေါ့..။
အဲဒီလိုပဲ… ရေနွေးကျိုတဲ့ မြေခရားမှာလည်း .. ကင်းခြေများတွေ..ကင်းမြီးကောက်တွေ… ဝင်သေတတ်ပါတယ်..။ အတင်းထည့်လိုက်လည်း …ဖြစ်တာပါပဲ…
ဒန်တန်တန်..
Was this answer helpful?
LikeDislikeစားရဲပါဘူး … ကြောက်စရာကြီးနော် …
Was this answer helpful?
LikeDislikeကိုပေါက်ရေ မြေခရားအိုးမှာ ခဲဆိပ် အတော် များများပါဝင် တတ်တယ်လို့ သုတေသီတွေတွေရှိချက်မှာ ဖတ်ဘူးတယ် အထူးသဖြင့် ကြွေထည် မြေထည်တွေလုပ်ရာမှာ သန့်စင်အောင်ဓါတ္ထုဓါတ်တွေကို ကုန်စင်အောင် မသန့်နှိုင်လို့ပါ အဲဒီလို အိုးမျိုးတွေနဲ့ သောက်တတ်တဲ့ အလေ့ရှိသူတွေဟာ ချက်ခြင်းတော့ မသေပါဘူးတဖြေးဖြေး ခဲဆိပ်သင့်ပြီးမှအားနည်းပြီးသေနှိုင်တယ်လို့လေ့လာဖူးပါတယ်…။ဒါဆိုရင်တရားခံက ခဲဆိပ်ပါ ခဲဆိပ်သင့်တာလို့ကျွန်တော် ယူဆပါတယ်…။
Was this answer helpful?
LikeDislikeခဲဆိပ်သင့်တဲ့ မြေခရားက စဉ့်သုတ်ထားမှပါ.. စဉ့်ကို စပ်တဲ့ အရည်မှာ ခဲဆိပ်တွေ ပါနေတတ်ပါတယ်။ အင်ဒုံ စဉ့် အရည် သုတ်ထားတဲ့ မြေခွက်ကြီးထဲ စိမ်ထားတဲ့ ချဉ်ဖတ်တွေလည်း ခဲဆိပ်တွေ ပါတတ်လို့.. လူတွေ ခဲဆိပ်သင့်တာတွေ ရှိဘူးတယ်။ အဲဒီ စဉ့် သုတ်ထားတဲ့ အိုးထဲမှာ သိပ်တဲ့ ချဉ်ဘတ်က ပိုစားကောင်းတယ် ဆိုလား.. မြေအစစ်က ဘာမှ ဥပါတ် မရှိပါဘူးလို့ ဆေးပညာ စာစောင် တခုမှာ ဖတ်ဖူးပါတယ်။
Was this answer helpful?
LikeDislikeကြောက်စရာ.ကင်းခြေများတွေ။မြင်တာနဲ ့လန် ့တယ်။အကိုက်ခံရရင်လည်း တော်တော်နာတယ်။
Was this answer helpful?
LikeDislikeစားဖို့နေနေသာသာကြည့်ယုံနဲ့တင်ကြောက်စရာကောင်းတယ်။
Was this answer helpful?
LikeDislikeဝင်ဖတ်ရတာ အများကြီး ဗဟုသုတ ရပါတယ်ဗျာ… ကိုယ်က မရေးတတ်တော့ သူများ ရေးထားတာတွေပဲ ဝင်ဖတ်သွားပါတယ်…
Was this answer helpful?
LikeDislikeလူတွေများကြောက်ဖို့ကောင်းလိုက်တာ … တို့ဆီမှာလည်း ကရင်တွေအစားအရမ်းကြမ်းတယ်လို့ကြားဖူးတယ် … တော်တော်စုံအောင်စားကြတယ်လို့ပြောတယ်။
Was this answer helpful?
LikeDislike