မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး ……ဆိုတဲ့ သီတင်းလေးကို ပြန်ကူးပြီးတော့ တင်ပြပါရစေ………… ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံးတပြိုင်နက်သေဆုံးသွားကြပါတယ်။အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီးသေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှမထုတ်ပြန်ခဲ့ပါဘူး။ သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည်ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင်၎ ဦးလုံးကို စုပြုံထားပြီးသဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစု ၀င်များ မကြေမနပ်ဖြစ်ခဲ့ကြရပါသည် ။ ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေး ကိုလည်းပေးလျှော်ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါမကြေမနပ်ဖြစ်နေကြပါတယ်လို့သိရပါတယ်ခင်ဗျ။

ဒီသီတင်းကို (ရွှေမန္တလေး) မှကူးယူတင်ပြတာပါ

ကျွန်ုပ်ရဲ့အမြင်မှာတော့ စည်ပင်သာယာဆိုတာဟာ အမှိုက်ကြုံးတာ မဟုတ်ဘူးဗျ။ကိုယ်နေနေတဲ့ မြို့တော် နဲ့ တနိုင်ငံလုံးကို စည်ပင် သာယာစေဖို့ အတွက် နိုင်ငံအလှစဉ်ပေးတဲ့လူတွေပါဗျာ။

အခုတော့ဗျာ။ဘယ်လိုတွေများ လုပ်ထားကြပါလိမ့်….။ကျွန်တော်အချို့ အချို့သော ပြည်သူတွေကိုလည်း တခါ တခါ အရမ်းစိတ်ပျက်မိတယ်။စည်ပင်သာယာတွေကို အရမ်းကို နှိမ်ပြီးတော့

ခိုင်းတတ်ကြပါတယ်။သူတို့တွေဟာ မိမိတို့ရဲ့ကျေးဇူးရှင်တွေဆိုတာကို ပြည်သူတွေကို ကျွန်တော့ အနေနဲ့နားလည်စေချင်တယ်။တကယ်လို့များ နိုင်ငံတခုမှာ စည်ပင်သာယာမရှိဘူး

ဆိုကြပါတော့……..အဲ့နိုင်ငံက အမှိုက်တွေကိုနဲ့စားကျွင်း စားကျန်တွေအားလုံးကို တအိမ်ချင်းစီက လူတွေဟာ သတ်မှတ်ထားတဲ့ အမှိုက်ပုံးတွေဆီကိုသွားပြစ်ရပါလိမ့်မယ်။အဲ့လိုမဟုတ်ပဲ…..

သွားရမှာဝေးတာတွေကြောင့် လမ်းမပေါ်တွေမှာပဲပြစ်လာမယ်ဆိုရင်တော့ အစဉ်မပြေပါဘူး…။ဒါတွေမကပါသေးပါဘူး။ မိန်လာလှိုင်ခေါင်းပေါက်တွေကိုလည်း မိမိတို့နေတဲ့ အိမ်အတွက်

မိမိတို့ကိုယ်တိုင် ဆင်းပြီးတော့ ၀င်ရောက်ကာသန့်၇ှင်းရေးလုပ်ရပါလိမ့်မယ်။နိုင်ငံတော်ကနေ ပြုလုပ်ထားတဲ့ ပန်းဥယျာဉ်တွေ၊အများပိုင် ပန်းဥယျာဉ်တွေကိုလည်း ဘယ်သူတွေက

အလှစဉ်ပေးမှာလည်း။မြန်မာမှာဆိုရင် လမ်းဆုံတွေမှာ ရှိတတ်တဲ့ အ၀ိုင်းတွေကို ဘယ်သူတွေက အလှစဉ်မှာလည်း။ပြောပြရင်တော့ အများကြီးပါ…….။စည်ပင်သာယာဆိုတာဟာနိုင်ငံတနိုင်ငံ

နဲ့ ပြည်သူတဦးတယောက်အတွက် ဘယ်လောက်အရေးကြီးလည်းဆိုတာကို မြန်မာကပြည်သူတွေ ဘယ်လိုမှခံစားမိမှာမဟုတ်ပါဘူး။ပြင်ပရောက် မြန်မာတွေဆိုရင်တော့

အရမ်းကိုအလေးထားတတ်နေလောက်ပါပြီ။

မြန်မာမှာကတော့ စည်ပင်တွေကို မတူသလို မတန်သလို ပြောကြတယ် ဆက်ဆံကြတယ်။လူတွေကို ရိုင်းကောင်လို့သင်ပေးတာဟာ ဘယ်သူမှမဟုတ်ပါဘူး ” လူ ” တွေပါပဲ……….။

စည်ပင်မိသားစုများ နှင့်အတူအထပ်ဖော်ပြပါ သီတင်းလေးကို သိရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့ မကြာခင်မှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကို နည်းလမ်းမှန်မှန်နဲ့ရောက်ရှိတော့မှာပါ။

အဲ့လိုအချိန်တွေရောက်လာရင်တော့ လူတွေကြုံတွေ့နေရတဲ့ စားဝတ်နေရေးမပြေလည်တာတွေ၊ငွေကြေးကျတ်တည်းမှုကိစ္စရိပ်တွေ၊ပညာမတတ်တဲ့ ကိစ္စတွေ၊လူအချင်းချင်း

ညှင်းပန်းနှိပ်ဆက်မှုတွေ…..စသာတွေအားလုံး အိုကေလာမှာပါ။လူတွေဟာ အမြဲတမ်းကိုယ့်ဗိုက် အတွက်ကိုယ်ကြည့်ကြတယ်။ဒါပေမဲ့ ကိုယ့်ဗိုက်အတွက် ကြည့်ပြီးရင်တော့ ပတ်ဝန်းကျင်ကို

စိတ်ဝင်စားပါ ၊ တတ်နိုင်သလောက်လေးတော့ကူညီပါ ၊ အမှန်တရားကိုလက်ခံပါလို့တော့ ကျွန်တော်ပြောချင်တယ်ဗျာ…။ဒီသီတင်းလေကို ကြားရတော့ အချို့သောလူတွေက

ဘာပြောကြလည်းဆိုတော့ စိတ်မကောင်ပါဘူးတဲ့။ဒါနဲ့ ပြီးသွားတာပဲ။ကျွန်တော်တို့ နိုင်ငံမှာက အာဏာပိုင်က အစအောက်တန်းစားလူမျိုးတွေကို မျက်လုံးထဲမှာ မထားတဲ့ စိတ်ဓာတ်တွေဟာ

ပြည်သူတွေဆီကို မကူးဆက်စေချင်ပါဘူး….။ပြည်သူတွေဟာ အာဏာပိုင်လူတန်းစားတွေထပ်တော့ စဉ်းစားဥာဏ်ရှိတယ် ၊ သုံးသပ်နိုင်စွမ်းရှိတယ် ၊ ရွေးချယ်နိုင်စွမ်းရှိတယ် ၊

အမျှော်အမြင်ရှိတယ် ၊ စာတတ်တယ် ၊ ဘ၀မမေ့တတ်ဘူး  စတာတွေကတော့ အများကြီးကို တာပါတယ်။ပြည်သူတွေ အနေနဲ့ကလည်း စည်ပင်သာယာဆိုတဲ့လူတွေကို အာဏာပိုင်တွေ

(အာဏာရူးတွေ) မြင်သလိုမျိုး ၊  ဆက်ဆံသလိုမျိုး မဖြစ်စေချင်ဘူးဗျာ။ဥပမာဗျာ – တကယ်လို့သာ ခင်ဗျားသို့သာ ယခုလိုဖြစ်သွားတဲ့စည်ပင်သာယာ မိသားစုတွေရဲ့နေရာမှာ

ဆိုရင်ဘယ်လိုလုပ်မလည်း။ခင်ဗျာ သို့တွေကောဘယ်လိုခံစားရမလည်း…..စဉ်းစားပေးကြပါအုန်းဗျာ…….။

ကျွန်တော်ကပဲ နှိုးဆော်ကောင်းတာလား ၊ ကျွန်တော့ ပတ်ဝန်းကျင်က ပြည်သူတွေ အချို့ကပဲ နားလည်မှုရှိတာလားတော့ မသိဘူးဗျာ။ကျွန်တော်တို့လမ်းကိုဆိုရင် တာဝန်ကျ စည်ပင်လုပ်သား

တိုင်းဟာ အရမ်းကိုသဘောကျကြတယ်။လမ်းဟာ မကျယ်ပေမဲ့ အမြဲတမ်းရှုတ်နေတတ်ပါတယ်။ဒါပေမဲ့ စည်ပင်တွေက အရမ်းပျော်ကြတယ်။ဘာဖြစ်လို့လည်း……………

ကျွန်တော်တို့လမ်းက အချို့သော လူတွေက စည်ပင်အမှိုက်သိမ်းလှည်းလေးတွေ ရောက်လာရင် ပိုနေတဲ့ ဟင်းတွေ၊ထမင်းတွေကို အမှိုက်လာပြစ်ရင်းနဲ့ပေးတတ်ကြတယ်။အချို့

အချို့တွေများဆိုရင် မ၀တ်တော့တဲ့ အင်္ကျီလေးတွေကိုလည်း ပေးတတ်ကြတယ်။အချို့တွေကျတော့လည်း ငွေအနည်းငယ်ကို ပေးတတ်ကြတယ်ဗျ။ဒါကြောင့်လည်း အစိုးရရဲ့

အနှိမ်ခံဖြစ်နေတဲ့ စည်ပင်သာယာလေးတွေဟာ ကျွန်တော်တို့ လမ်းအတွက်ဆိုရင် ဘာမဆိုလုပ်ပေးတတ်ကြတယ် ၊ လက်တို လက်တောင်း ၀ိုင်းကူပေးကြတယ်။လမ်းကိုလည်း

စောင့်ရှောက်ပေးကြတယ်လေ……..။ဒါမှတာ မြို့တော်စည်ပင်သာယာ လို့ခေါ်ရမှာပေါ့ဗျာ……..။ဒါတွေအားလုံးကလည်း လူတွေအပေါ်မှာ မူတည်ပါတယ်။တဦးတယောက်တည်းသော

လူကတာ လုပ်နေလို့မဖြစ်ပါဘူး။လူတိုင်းပါဝင်မှ ၊ လူတိုင်းပြုပြင်မှရမှာပါ။Canada ကအဒေါ်ရောက်လာတော့ ပြောပြတယ်ဗျ။နင်တို့နိုင်ငံက တိုးတက်သေးမှာမဟုတ်ဘူးတဲ့

စည်ပင်သာယာတွေဟာလူတွေပြစ်ချထားသမျှအမှိုက်တွေကို လိုက်ကောက်နေရလို့တဲ့။Canada မှာဆိုရင်တဲ့ လူတွေဟာ ကိုစားထားတဲ့မုန့်အခွန်တွေ ၊ အမှိုက်အချို့တွေကို အမှိုက်ပုံးထဲကို

ပြစ်ကျတယ်တဲ့ ၊ အမှိုက်ပုံးမ၇ှိဘူးဆိုရင် ကိုယ်အိပ်ထဲကိုပြန်ထည့်ပြီးတော့ သိမ်းထားတတ်ကြတယ်တဲ့ဗျ။တကယ်လို့များ လမ်းဘေးမှာ စတွေးထွေးတာသို့ ၊ အမှိုက်ပြစ်တာတို့ ၊ ရှူ ရှူး

ပေါက်တာတို့ ၊ ကွမ်းစတွေးထွေးတာသို့ ဘာသို့လုပ်လို့ရှိလျှင် တာဝန်ရှိ စည်ပင်လူများ ၊ လုံခြုံရေးရဲများ  မှမတွေ့ရှိပါကလည်း ပြည်သူအချင်းချင်း

ဖမ်းဆီးပေးတယ်လို့သိရတယ်ဗျ………………………….။

ဒါကတော့ သူများနိုင်ငံပါ ၊ ဒီမိုကရေစိမို့လို့ပါ ၊ သူများတွေလိုအတုမခိုးဘူး လို့တော့မပြောစေချင်ဘူးဗျာ။ဘယ်လိုပဲဖြစ်နေပါစေ လူသားတိုင်းဟာ တယောက်ချင်းစီးမှာ

စည်းကမ်းရှိမယ်ဆိုရင်တော့ စည်ပင်သာယာတွေဟာ အခြားသော နိုင်ငံအလှစဉ်မှုကိစ္စရပ်တွေကို လုပ်ဆောင်ပေးလို့ရပါတယ်။သန့်ရှင်းရေးစနစ်တွေမှာလည်း ပြည်သူတွေဟာစည်းကမ်းရှိစွာ နဲ့

အမှိုက်တွေ စွန့်ပြစ်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် နဲ့ လွယ်လွယ်ကူကူ မြို့တော်ကို သာယာလှပအောင် ပြုလုပ်ပေးနိုင်ပါတယ်။

အနုပညာရှင် မှ လောကကို အလှစဉ်နိုင်တာ မဟုတ်ပါဘူး။စည်ပင်သာယာတွေဟာလည်း လောကကို အလှစဉ်တဲ့လူတွေပါပဲ……………..။

လူသားချင်းနားလည်မှုပေးကြပါ………………။

About mG

M & has written 28 post in this Website..

I am very interesting this website program.