အမေရိကန်၏ ဒစ္စကာဗာရီ လွန်းပျံယာဉ် ကမာ္ဘပတ် လမ်းထဲသို့ ရောက်ရှိ

BayoteApril 7, 20101min1043

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ တနင်္လာနေ့နံနက်စောစောတွင် ဒစ္စကာဗာရီအာကာသလွန်းပျံယာဉ်ကို လွှတ်တင်ခဲ့သည်။ လွန်းပျံယာဉ်နှင့်အတူ အာကာသယာဉ်မှူး ခုနစ်ဦး လိုက်ပါသွားခဲ့သည်။ လွှတ်တင်ပြီးနောက် ၈မိနစ်ခန့်အကြာတွင် အာကာသ ပတ်လမ်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အာကာသယာဉ်မှူးများသည် ISS တွင် ၁၃ ရက်ကြာနေထိုင်၍ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြမည်ဖြစ်သည်။ အာကာသယာဉ်ဖြင့် စားနပ်ရိက္ခာ ၈တန်အပြင် လိုအပ်သော စက်ကိရိယာပစ္စည်းများကိုလည်း သယ်ဆောင်သွားခဲ့ သည်။ နောက်နှစ်ရက်အကြာတွင် ISS နှင့် ချိတ်ဆက်မည်ဖြစ်သည်။ (ဆင်ဟွာ)

3 comments

  • nyi

    April 17, 2010 at 10:29 am

    ကျွန်တော်တို့ နိုင်ငံလည်းနောက်နှစ်လောက်ဆိုရင်
    လွန်းပျံယဉ်တစ်စင်းလောက် လွှတ်ဖြစ်မယ်ထင်တယ်
    နီးနီးနားနားတော့မဟုတ်ဘူး
    ဘယ်ကိုလွှတ်ရင်ကောင်းမလဲ

    • zuugyi

      June 18, 2010 at 4:45 am

      နောက်နှစ် သီတင်းကျွတ် ကျရင်တော့ ၃ ထပ်တိုက် ခေါင်မိုးထိအောက်တော့ ကျွန်တော်တို့လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်… 😛

  • khaung shan

    August 2, 2010 at 10:32 am

    ရောက်တော့ ရောက်မှာပါ..။
    ဘယ်ကိုလဲတော့မသိဘူး…။

Leave a Reply