ဗီယက်နမ် Nguyen Trong Hoang (အနီ) နဲ့ အောင်ကျော်မိုး ဘောလုံးယှဉ်လုနေပုံ

ဒီဇင်ဘာ (၂) ရက်နေ့က  ဟနွိုင်းမြို့မှာ ကျင်းပတဲ့ AFF Suzuki Cup အဖွင့်ပွဲစဉ်မှာ ဗီယက်နမ် အသင်းက မြန်မာ အသင်းကို ၇-၁ ဂိုး ဖြင့် အနိုင်ရသွားကြောင်း ကမ္ဘာ့ မီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ အဆိုပါ ရလာဒ်ကို Asean Football Federation က ဒီနေ့ ပြန်လည် ပြင်ဆင် သတ်မှတ်လိုက်ပြီး မြန်မာက ဗီယက်နမ်ကို အနိုင်ရရှိသွားတယ်လို့ ကြေညာချက် အသစ် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
အဲဒီ ပြန်လည် ပြင်ဆင်တဲ့ သတင်းနဲ့ ပတ်သက်လို့ ပြည်သူတစ်ဦးက စီဘောက်တစ်ခုမှာ အခုလို အတည်ပြု ပြောကြားသွားတဲ့အတွက် BS News က ကူးယူဖော်ပြပေးလိုက်ပါတယ် ခင်ဗျား။

“မနေ့က ၇-၁ နဲ့ မြန်မာအသင်း ဗီယက်နမ်ကို ရှုံးသွားတယ်ဆိုတာ မဟုတ်ပါဘူးတဲ့..။ အခုမှ ကြိုတင်ဂိုးတွေ ရောက်လာတာဖြစ်တဲ့အတွက် နောက်ဆုံး အဖြေက မြန်မာက ကြိုတင်ဂိုးများနဲ့ ၁၀၀ ဂိုး ၇ ဂိုး ဖြင့် ဗီယက်နမ်ကိုနိုင်ပါတယ်တဲ့ခင်ဗျာ…….”

source; http://burmastrangenews.blogspot.com/

About white

A. W has written 41 post in this Website..

"A beauty of life not depend on how happy you are, but depend on how the others happy because of you."