ခရီးသည်တင် ယာဉ်လိုင်းများ ရောက်ရှိသည့် မှတ်တိုင်များကို ဖော်ပြပေးထားမည့် ဘတ်စ်ကားလမ်းညွန် Light Box များကို ရန်ကုန်မြို့ရှိ ကား မှတ်တိုင် ၉၀၀ ကျော်တွင် စိုက်ထူထားရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားလမ်းညွန် Light Box များကို Neo Alpha ကုမ္ပဏီနှင့် မ.ထ.သ တို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ်ကလေးဈေး၊ ပန်းဆိုးတန်း၊ လသာ၊ ၃၈ လမ်း မှတ်တိုင်များ အပါအ၀င် ကားမှတ် တိုင် ၁၁ ခုတွင် ယင်း Light Box များ စိုက်ထူထားကြောင်း သိရသည်။ “Light Box တွေကို ရန်ကုန်မှာရှိတဲ့ ကားမှတ်တိုင် တိုင်းမှာ တပ်ဆင် စိုက် ထူနိုင်အောင် ဆောင်ရွက်နေပါတယ်။ အရေအတွက်အားဖြင့်တော့ အခုရေ ၉၀၀ ကျော်လောက် တပ်ဆင်မှာပါ။ အဓိကကတော့ ခရီးသွား ပြည်သူ တွေ အဆင်ပြေစေဖို့ ရည်ရွယ်တာပါ။ Neo Alpha အနေနဲ့မှတ်တိုင်တွေမှာ ဘတ်စ်ကားလမ်းညွန် Light Box တွေကို စိုက်ထူတာ အပြင် ခရီးသွား ပြည်သူတွေ အဆင်ပြေစေတဲ့ တခြား အစီအစဉ်တွေကိုလည်း လုပ်ဆောင်ဖို့ ရှိပါတယ်” ဟု Neo Alpha မှ မန်နေဂျာ ကိုသန့်ဇင်ဦးက ပြောကြား သည်။ မှတ်တိုင်များတွင် စိုက်ထူထားသော ၄င်း Light Box များ၏ တစ်ဖက်တွင် ယာဉ်လိုင်းများ၏ ခရီးစဉ် တစ်လျှောက် ရပ်နားမည့် မှတ်တိုင် များကို ဖော်ပြထားပြီး ကျန်တစ်ဖက်တွင် ကုန်ပစ္စည်း ကြော်ငြာများ ထည့်သွင်း ဖော်ပြမည်ဟု သိရသည်။ ယာဉ်လိုင်းများ လမ်းကြောင်း ပြောင်းရွှေ့ ခြင်း၊ ယာဉ်လိုင်း အတိုးအလျှော့များ ဖြစ်ပေါ်လာ ခဲ့ပါကလည်း လမ်းညွှန် ဆိုင်းဘုတ်များကို ပြန်လည် တပ်ဆင် ပေးသွားမည်ဖြစ် ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

About Bayote

Bayote has written 395 post in this Website..