အဏုမြူဗုံးကို အမေရိကန်တွေက ၁၉၄၅ သြဂုတ်လ ၆ရက်နေ့မှာ ဟီရိုရှီးမားမြို့ကို ၄င်း…

၉ ရက်နေ့မှာ နာဂါဆာကီမြို့ကို ၄င်း ကြဲပြီး စသုံးခဲ့ပါတယ်…

တီအင်တီယမ်း တန်ချိန် နှစ်သောင်းကျော် အင်အားရှိတဲ့ အဏုမြူဗုံးတလုံးစီ ကြဲလိုက်တာနဲ့

မြို့ကြီး၂မြို့လုံး တခဏချင်း မီးဟုန်းဟုန်းထပြီး ပြာအတိကျခဲ့ပါတယ်…

လူပေါင်းခြောက်သိန်းကျော်သေကြေပျက်စီးကြရပါတယ်… မသေသူများမှာ ယနေ့တိုင်

လူစဉ်မမှီကြတော့ပါဘူး…

ဖန်တီးသူကတော့ အားလုံးသိပြီးသား အိုင်းစတိုင်းပါပဲ… သူကလည်း ၁၉၃၃ ခုနှစ် ဂျာမနီမှာ

နာဇီတွေရဲ့ စစ်ဝါဒကို ရွံ့မုန်းပြီး အမေရိကန်ကို မပြန်သော ပြောင်းခြင်းနဲ့

ပြောင်းလာခဲ့ပါတယ်… ကမ်ဘာမှာ ယုတ်ကြမ်းသော စစ်ဝါဒီများကို ဟန့်တားရန် ရည်ရွယ်ပြီး

အဏုမြူဗုံးကို  လုပ်ရင် ဖြစ်နိုင်ကြောင်း ရုစဘဲလ်ကို အစီရင်ခံရာက စတာပါ..

ဂျပန်ပြည်မှာ အဏုမြူမီးလောင်တိုက်သွင်းပြီး နောင်သော် အိုင်းစတိုင်းကို

ဂုဏ်ပြုဖို့လာသူတိုင်းကို ရင်ထဲမှာ အဏုမြူဗုံး ပေါက်ကွဲသကဲ့သို့ ခံစားရကြောင်းပြောပါတယ်…

နောက်ပိုင်းမှာဆို ကမ်ဘာ့ငြိမ်းချမ်းရေးကို ဇောက်ချလုပ်ပြီး သူ့အမှားကို ဘွာခတ်ပြီး

အာပတ်ဖြေရှာကြောင်းပါ…

သူပြောခဲ့တဲ့ စကားတခွန်းလဲ ရှိပါတယ်… တတိယ ကမ်ဘာစစ်က ဘယ်တော့ဖြစ်မလဲ

မသိပါဘူးတဲ့…

အကယ်လို့သာ စတုတ်ထ ကမ်ဘာစစ်သာ ဖြစ်ခဲ့ရင်တော့ လူတွေက တဦးနဲ့ တဦး

ကျောက်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြပါလိမ့်မယ်ဆိုပဲ…

About lu ta lone

lu ta lone has written 261 post in this Website..